Home COOKING ကင်ချီ ဟင်းရည်

ကင်ချီ ဟင်းရည်

2

လိုအပ်သောပစ္စည်း
°°°°°°°°°°°°°°°°
ငါးနီခြောက်
ကြက်သွန်နီ ကြက်သွန်မြိတ်
ကင်ချီ
ကိုရီးယားငရုတ်အနှစ်
ခရုဆီ ပဲငံပြာရည်အကြည် ဆား သကြား ငရုတ်သီးအစိမ်းမှုန့်တစ်ဇွန်း ငရုတ်ကောင်းမှုန့်
ငရုတ်သီး ပဲပြား

ချက်နည်း
°°°°°°°°°
ငါးနီတူခြောက်ကိုမိနစ် ၃၀ခန့်ပြုတ်ထားပေးပါ။
ငါးနီတူခြောက်ကိုဆယ်ပြီး အရည်ဘဲယူသုံးရမယ်နော်။

ကိုရီးယားငရုတ်အနှစ်ထဲသို့ ခရုဆီ ပဲငံပြာရည်အကြည် ဆား သကြား ငရုတ်သီးအစိမ်းမှုန့်တစ်ဇွန်း ငရုတ်ကောင်းမှုန့် ထည့်ပြီးမွှေထား အနှစ်စပ်ထားပေးရမယ်။

ငါးနီတူခြောက်ပြုတ်ရေထဲကိုကင်ဂျီ ကြက်သွန်နီ စပ်ထားသောအနှစ် ကြက်သွန်နီ ထည့်ပြီးပွက်ပွက်ဆူလာတဲ့အထိတည်ထားပေးပါ။ ဆူလာပြီဆို ကြက်သွန်မြိတ် လှီးထားသောငရုတ်သီးနဲ့ပဲပြားကိုထည့်ပြီး အရသာရှိသောကင်ချီဟင်းရည်ရပါပြီ။

#credit