Home မုန့်လုပ်နည်း အညာစတိုင်မုန့်လက်ဆောင်လုပ်နည်း

အညာစတိုင်မုန့်လက်ဆောင်လုပ်နည်း

1

နွေအခါ ရွှေရင်အေးစေမဲ့ အညာစတိုင်မုန့်လက်ဆောင်လုပ်နည်း

မုန့်လက်ဆောင်းကို ထန်းလျက်ရည်နဲ့ လုပ်သလို အုန်းနို့ရည်နဲ့လည်း တွဲစားကြပါတယ်။

၂မျိုးလုံးကြိုက်တာမို့ လုပ်နည်း၂ခုလုံး မျှဝေပေးထားပါတယ်…

မုန့်လက်ဆောင်း ပါ၀င်သောပစ္စည်းများ-

၁။ မုန့်လက်ဆောင်းဖတ် – ၁ပြည်
——

ထန်းလျက် မုန့်လက်ဆောင်း ပါ၀င်သောပစ္စည်းများ

၂။ ထန်းလျက် – ၄၀၀ ဂရမ်

၃။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်
——-

အုန်းနို့ မုန့်လက်ဆောင်း ပါ၀င်ပစ္စည်းများ

၄။ အုန်းသီး – ၁လုံး (အရည်ညှစ်ထားပြီးသား)

၅။ သကြား – ၂၀ကျပ်သား

၇။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်
——-

ပြုလုပ်နည်း

၁။ လုပ်ပြီးသား မုန့်လက်ဆောင်းဖတ်များကို ဒယ်အိုးအကြီးတစ်ခုထဲထည့်ပြီး ရေစိမ်ထားပေးပါ။

၂။ အရင်ဆုံး အုန်းနို့ မုန့်လက်ဆောင်းအတွက် ဒယ်ထဲသို့ အုန်းနို့ရည်များထည့်ကာ သကြား(၂၀ကျပ်သား)ထည့်ပြီး၊ သကြားများ အရည်ပျော်အောင် အပူအနည်းငယ်ပေးလိုက်ပါ။

၃။ ပြီးလျှင် ဆားအနည်းငယ်ထည့်ပြီး အုန်းနို့ရည်များကို ပြန်အအေးခံထားပေးပါ။

၄။ အအေးခံပြီးမှ ခွက်တစ်ခုထဲ မုန့်လက်ဆောင်းတ၀က်ခန့်ထည့်ကာ အုန်းနို့ရည်ထည့်ပေးပါ။

၅။ ပြီးမှ မုန့်လက်ဆောင်း ပိုဆိမ့်သွားအောင် နို့စိမ်း စားပွဲတင်ဇွန်းခန့် ထည့်လိုက်သေးတယ်။

၆။ ရေခဲတုံးအနည်းငယ်ထည့်ပြီး အုန်းနို့ မုန့်လက်ဆောင်းလေးကို သုံးဆောင်နိုင်ပါပြီ။

ရ။ ထန်းလျက်ရည်နဲ့ မုန့်လက်ဆောင်းမှ ကြိုက်သူများအတွက်တော့ ထန်းလျက်များကို ဒယ်ထဲ ရေအနည်းငယ်ထည့်ပြီး မီးပြင်းပြင်းဖြင့် ကျိုထားပေးပြီး မပျစ်မကျဲအနေထားရောက်လျှင် ဆားအနည်းငယ်ထည့်ပြီး ထန်းညက်ရည်ကို ခွက်တစ်ခုထဲပြန်ထည့်၍ အအေးခံထားပေးပါ။

၈။ ပြီးမှ ခွက်ထဲ မုန့်လက်ဆောင်ဖက် တ၀က်ထည့်ပြီး ထန်းလျက်ရည်များကိုထည့်ကာ ရေခဲတုံးလေးများထည့်ပေးပြီး အရသာရှိရှိ သောက်သုံးနိုင်ပါပြီ…
#crd to original uploader