သုံးတဲ့ပုစွန်ခြောက်နဲ့ငန်ပြာရည်ကောင်းရင်
ချိုပြီးအလွန်စားကောင်းပါတယ်
ပုစွန်ခြောက်ကိုတော့အကောင်ကြီးအချိုခြောက်တွေကို
ကြိတ်သုံးပါတယ်
မစပ်စေပဲအရောင်သာထည့်ချင်တာမို့
ငရုတ်သီးအပုတောင့်ကိုအကြမ်းဖတ်ကြိတ်သုံးပါတယ်
ငန်ပြာရည်ကတော့ထိုင်းကလာတဲ့ကင်းမွန်ငန်ပြာရည်ပါ
ကြော်နည်း
ကြက်သွန်နီ ကြက်သွန်ဖြူ တို့ကိုပါးပါးလှီးပြီး
ပဲဆီနဲ့ကြော်ပါတယ်
ကြက်သွန်တွေနွမ်းရင်
ငရုတ်သီးခွဲခြမ်းအနည်းငယ်ထည့်ကြော်ပါတယ်
ငါးမိနစ်လောက်ကြော်လို့ငရုတ်သီးအစိမ်းနံ့ပျောက်ရင်
ပုစွန်ခြောက်မှုန့် တွေထည့်ကြော်ပါ
မီးမများပါစေနဲ့
မီးနည်းနည်းနဲ့မွလာတဲ့အထိကြော်ပါ
ငန်ပြာရည်ထည့်ကြော်ပါ
အစိုဓာတ်ပျောက်ပြီး
ပုစွန်ခြောက်တွေလုံးထွေးကာ
ဆီတွေပြန်ထွက်လာရင်ရပါပြီ
ဆီများများနဲ့ကြော်မှစားကောင်းပါတယ်
နောက်ဆုံးမှဆီတွေပြန်စစ်ထုတ်ပါ
Crd