အရေးကြီးသည့်ကိစ္စ – ရှင်းရှင်းလင်းလင်းပြောပါ။
အရေးမကြီးသည့်ကိစ္စ – ဟာသနှော၍ ပြောပါ။
မပိုင်နိုင်သောကိစ္စ – ဆင်ဆင်ခြင်ခြင် ပြောပါ။
ပိုင်နိုင်သောကိစ္စ – အကိုးအကားနှင့် ပြောပါ။
ပျော်ရွှင်ဖွယ်ကိစ္စ – အချိန်နှင့် အခါကို ကြည့်ပြောပါ။
မပျော်ရွှင်ဖွယ်ကိစ္စ – လူနှင့် နေရာကို ကြည့်ပြောပါ။
သူတစ်ပါးကိစ္စ – သတိထားပြီးပြောပါ။
ကိုယ့်ကိစ္စ – သူများပြောတာနားထောင်ပါ။
မဖြစ်ပျက်သေးသည့်ကိစ္စ – လက်လွတ်စပယ်မပြောသင့်။
မလုပ်နိုင်သေးသည့်ကိစ္စ – ကတိလွယ်လွယ်မပေးသင့်။
အကျိုးယုတ်မည့်ကိစ္စ – လုံးဝမပြောသင့်။
မသိနိုင်သည့်ကိစ္စ – လစ်လျူရှုပါ။
မဖြစ်နိုင်သည့်ကိစ္စ – လစ်လျူရှုပါ။
မကူနိုင်သည့်ကိစ္စ – လမ်းပြပါ။
မတတ်နိုင်သည့်ကိစ္စ – အရှုံးပေးပါ။
သူတစ်ပါးစကားမှားသော် – ဖော့ပေးပါ။
မိမိစကားမှားသော် – ထောက်ခိုင်းပါ။
သူတစ်ပါးစကားလမ်းလွဲသော် – ပြန်တည့်ပေးပါ။
မိမိစကားလမ်းလွဲသော် – တောင်းပန်ပါ။(crd:)
မပြောမှီစဉ်းစား…..စဉ်းစားပီးမှပြော……
ပြောပီးစကား………ပြန်စဉ်းစား……….
အမှားတကာ..အမှားထဲ…စကားမှာခြင်းက…..
ချစ်ခင်မှု…အရာရာပျက်ပြားစေပါတယ်………
ကိုယ်စကားမှန်သိတိုင်…..တပါးသူနားမခံသာ…
စိတ်ထိအောင်မပြောရ….ကိုယ့်စကားကြောင့်….
တပါးသူအကျိုးရှိစေက….မဖြစ်မနေပြောပါ…….
အမှန်စကားခါးသည်….သို့သော်…ချိုသာသော….
မုသားသုံးပြောဆိုပါက…..တရားပါသည်။
မသိသောစကား..နှုတ်ဆိတ်နေခြင်းက……
မင်္ဂလာ တရားနှင့်ညီပါသည်……..
ငါသာသိ…ငါသာတတ်..ဟူ၍…မပြောပါနှင့်…
စကားကိုမျှပါ…စကားကိုလု မပြောပါနှင့်…….
သူစကားဆုံးပီးမှ..ကိုယ်စကားစပြောပါ………
စကားသည်အမှားပါတတ်၍….ထိမ်းပြောခြင်း…..
ဖြင့်…လိုသလောက်သာပြောပါ……
သူတပါးသည်….ကိုယ့်စကားနားမဝင်ပုံထောက်….
လျှင်အပြောရပ်၍..လမ်းကြောင်းလွှဲကာ..နှုတ်ဆက်ပါ..
စကားကြောင့်ပြုံး….စကားကြောင့်မုန်း။
တတ်သောကြောင့်..ချိုသာငြင်သာစွာပြောတတ်ပါစေ…
#Credit