ပါ၀င်သောပစ္စည်းများ
၁။ ကြက်ဥ – ၃ လုံး
၂။ နွားနို့- ၁ ခွက် = ၂၄၀ ml = ထမင်းစားဇွန်း ၁၆ ဇွန်း
၃။ သကြား – ထမင်းစားဇွန်း ၂ ဇွန်း
၄။ နို့မှုန့် – ထမင်းစားဇွန်း ၂ ဇွန်း
၅။ ထောပတ် – အနည်းငယ်
အချိုရည်အတွက်
၆။ သကြား – ထမင်းစားဇွန်း ၂ ဇွန်း
၇။ ရေ – ထမင်းစားဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
၁။ ကြက်ဥ ၃ လုံးကို ခလောက်ထားပါ။ ပြုလုပ်မည့် ခွက်ကို ထောပတ်သုပ်ထားပါ။
၂။ အိုးတခုထဲတွင် နွားနို့ကို အပူပေးပါ။ နွားနို့ပူလာလျှင် သကြားထမင်းစားဇွန်း ၂ ဇွန်း နှင့် နို့မှုန့် ထမင်းစားဇွန်း ၂ ဇွန်းတို့ကို ထည့်ရ်ျ ပျော်အောင်ဖျော်ထားပါ။ ပြီးလျှင် အအေးခံထားပါ။
၃။ သကြားရည်ပြုလုပ်ရန်အတွက် အိုးအသေးတခုထဲတွင် သကြားထမင်းစားဇွန်း ၂ ဇွန်းနှင့် ရေ ထမင်းစားဇွန်း ၁ ဇွန်းကို ထည့်ပြီး မီးအေးအေးဖြင့် ညိုလာသည်အထိတည်ပါ။ ညိုလာလျှင် မီးဖိုပေါ်မှချပြီး ထောပတ်သုပ်ထားသော ခွက် ၂ ခုထဲကို အညီအမျှထည့်ပါ။ (သကြားရည်လုပ်လျှင် သတိထားပါ။ သကြားရည်အပူလောင်လျှင် အ၇မ်းဆိုးပါတယ်။ သကြားရည်ကလက်မှကပ်နေပြီးတော်တော်နဲ့ ခွာလို့မရလို့ပါ။)
၄။ အအေးခံထားသော သကြား၊ နို့မှုန့်ပါသော နွားနို့နှင့် ခလောက်ထားသော ကြက်ဥတို့ကိုေ၇ာရ်ျ သမအောင်လုပ်ပါ။ ပြီးလျှင် အခြား ပန်းကန်အကြီးထဲသို့ပူတင်းအ၇ည်များကို ဇကာအကျဲခံရ်ျ လောင်းချပါ။
၅။ ထို့နောက် ပန်းကန်အကြီးထဲမှ ပူတင်းအရည်များကို ဇကာအစိပ်ခံပြီး ပြုလုပ်မည့် ခွက် ၂ ခွက်ထဲသို့အညီအမျှလောင်းထည့်ပါ။ ပြီးလျှင် ခွက်အပေါ်ကို ငွေစက္ကူဖြင့် လုံအောင် အုပ်ပါ။
၆။ ဘန်းတခုထဲကို ဘန်းထဲသို့ပူတင်းဖုတ်မည့်ခွက်များထည့်ပါ။
၇။ ပြီးလျှင် ၃၅၀’F (175’C) မှာ ၁၀ မိနစ်ခန့်အပူပေးထားသော oven ထဲတွင် မိနစ် ၅၀ ခန့်ထည့်ဖုတ်ပါ။ (ပေါင်းမည်ဆိုလျှင် ပေါင်းအိုးထဲတွင် ၁၂ မိနစ် (သို့) ၁၅ မိနစ်ခန့်ထည့်ပေါင်းပါ။)
၈။ ပြီးလျှင် အအေးခံပြီး အေးသွားလျှင် ပန်းကန်ပြားတခုကို ခံပြီး ပူတင်းပန်းကန်ကို မှောက်ချပြီး သုံးဆောင်နိုင်ပါပြီ။
စနိုးပူတင်း
-ပထမဆုံး ဘာနွားနို့ဖြစ်ဖြစ်နွားနို့ ၅၀၀ml ရှိရင်တစ်ယောက်စာရပါပီ (၅၀၀+၅၀၀ သုံးပါတယ်) . သိုမဟုတ် 250ml စီကို ခွက်နှစ်ခွက်ထဲခွဲထည့်ပါ ..
-တစ်ခွက်ကို 250ml ရှိတဲ့နွားနို့ ပထမခွက်ကို သကြား 50ml ထည့်ပါ(အချိုကြိုက်ရင် ၇၅လောက်ထည့်လို့ရပါတယ်) ပီးရင်သမအောင်မွှေပေးပါ.. (အချိုးစပ်ပုံက ဥပမာ ၅၀၀ဆို ၅၀၀ရဲ့အရှေ့ဂဏန်း၂လုံးကိုယူ ၅၀.. ၅၀ကို ၂နဲ့မြှောက်ပီးထည့်ပေးရတာပါ.. 700ဆို 70×2=140 )
-နောက် တစ်ခွက်250mlမှာ ပြောင်းဖူးကော်မှုန့် 50ml ထည့်(သကြားနဲ့အချိုးတူ ပြစ်ပြစ်လေးလိုချင်ရင် 75mlလောက်ထည့်) ပီးသမအောင်မွှေပေးပါအောက်မှာအနည်ထိုင်တတ်လို့သေသေချာချာမွှေဖို့လိုပါတယ်..အဓိကလျှို့ဝှက်ချက်က ပြောင်းဖူးကော်မှုန့်ကလွဲပီးဘာကော်မှုန့်မှထည့်လုပ်လို့မရပါဘူး..city martမှာ တစ်ထုပ်ကို 800ပဲပေးရပါတယ်(တခြားကော်မှုန့်နဲ့စမ်းပီးပါပီစားမကောင်းပါဘူး)ရအောင်ဝယ်လုပ်ပါ။ ကျွန်တော်/မ တို့က အုန့်နို့လေးထည့်စားချင်တယ်ရလားဆိုရပါတယ် ဒီခွက်ထဲမယ် အပေါ်မှာပြောထားတဲ့အချိုးတိုင်းတွက်အုန်းနို့ဘူးလေးကိုဖောက် 75mlထည့်ယုံပါပဲ။
-အာ့တွေရပီဆို နွားနို့ကျိုမယ့်မကပ်တဲ့အိုးတစ်ခုကိုအပူပေးပီး သကြားထည့်ထားတဲ့နွားနို့ကို ဆူပွက်လာအောင်ကျိုပေးပါ။ ရပီဆို ဆားအနည်းငယ်ထည့်ပါ။
-သကြားထည့်ထားတဲ့နွားနို့ပွက်လာပီဆို ပြောင်းကော်မှုန့်ထည့်ထားတဲ့နွားနို့ထည့်ပီး နာရီလက်တံသွားတဲ့အတိုင်းအဆက်မပြတ်မွှေပေးပါ။ ရပ်ပီးတည်ထားလို့မရပါဘူး အိုးကပ်ပီးမီးတူးရင်လွှင့်ပစ်ရပါမယ်။ အမြဲတမ်းနာရီလက်တံအတိုင်းမွှေပေးနေလို့ နွားနို့တွေပြစ်ပီးစီးစီးလေးဖြစ်လာပီဆိုရင် ပုံသွင်းမယ့်ဘူးသို့မဟုတ်ခွက်ထဲထည်ီ့းအအေးခံပါ ၁၅မိနစ်လောက်နေရင် ရေခဲသေတ္တာထဲထည့်ပါ
-snow ပူတင်း တုံတုံအိအိလေးရလာပီဆို ရေခဲသေတ္တာထဲကထုတ် အတုံးလေးလှီးပီး အုန်းသီးကိုအမှုန်လေးတွေဖြစ်အောင်ကြိတ်ထားတာလေးတွေကပ်ပီးသုံးဆောင်နိုင်ပါပီ။ ရေခဲသေတ္တာထဲထည့် မနက်မှအတုံးလေးတွေလှီးပီးအုန်းသီးခြစ်ထားတဲ့အမွှာလေးတွေကပ်လိုက်ရင် မတရားစားကောင်းပီးသူ့အရသာလေးက နို့ကျောက်ကျောလေးလို နို့မလိုင်လေးလို အိစိအိစိလေးနဲ့ လူကြီးတွေအတွက်လဲသင့်တော်ပါတယ် ..
Credit