ဝက်သားကို မွမွလေးဖွ ပြီး ပြန်ကြော်ထားတာလေးပါ..
မနက်ခင်းစာထမင်းကြော်နဲ့လိုက်ဖက်သလိုအရည်သောက်ဟင်းတွေနဲ့လည်းအတွဲမိပါတယ်….. ဝက်မစားသူများကြ က်သားကိုအစားထိုးကြော်လို့ရပါတယ်။
ပါဝင်ပစ္စည်းများ
1.ဝက်သား………………… ၅၀ ကျပ်သား
2.ဆား………………………လက်ဖက်စားဇွန်းတဇွန်း
3.ကြ က်သားမှုန့်………….ထမင်းစားဇွန်း ၂ဇွန်း
4.ကြ က်သွန်နီကြော်………လက်တဆုပ်
5.ဆီ………………….. ၁၀သါး
6.ငရုတ်သီး ခွဲ ခြမ်း ……………ထမင်းစား၂ဇွန်း
ပြုလုပ်ပုံ
ဝက်သားများကို အနေတော်ပိုင်းပြီး ေရနဲ့ အတူဆား၊ ကြ က်သားမှုန့်ထည့်ပြီးပြုတ် ပါ။ ရေခမ်းပြုတ်ပေးပါ။
အသားများနူးလာလျှင် ဆုံထဲထည့်ပြီးေထာင်းပါ။
အသားစများကို ပါးပါးလေး မွယူပါ။
ဆီကို ကြော်မည့်အိုးထဲထည့်ပါ။
မွထားသော အသားမျှင်များကို ထည့်ကြော်ပါ။တအားအများကြီးမထည့်ရပါ။
အဆက်မပြတ်မွှေကြော်ပါ။.
အရောင်ရဲလာပြီးကြွပ်လာသောဝက်သားမျှင် ကြော်ကို ဆယ်တင်ထားပါ။နဲနဲ ခြင်းကြော်လိုက် ဆယ်တင်လိုက်လုပ်ပါ။
ကြော် ပြီးသောအခါ ဆီများကို ဖယ်ထုပ်ပါ။ထမင်းစား ၂ဇွန်းစာဆီ ထည့်ပါ။ ငရုတ်သီးခွဲ ခြမ်းကိုထည့်ကြော်ပါ။ မီးအေးအောင်လျော့ချပါ။
ဆယ်ထားသောဝက်သားမွကို ပြန်ထည့်ပါ။ နှ့ံအောင်မွှေပါ။ ကြ က်သွန်နီကြော်ကိုထည့်မွှေပါ။အရသာမြည်းကြည့်ပါ။ အရသာလိုလျှင်ဆားနှင့် ကြ က်သားမှုန့်အနည်းငယ်ထည့်ပါ။
ရှူးရှဲ နဲ့မွှေးကြိုင်သော ဝက်သားမွ ကြော်လေး ရပါပြီး။
#credit