Home COOKING ပုစွန်ခရမ်းသီးချဉ်စပ်ဆီပြန်ချက်

ပုစွန်ခရမ်းသီးချဉ်စပ်ဆီပြန်ချက်

3

လိုအပ်တာတွေက
=========
ခရမ်းဖြူသီး
ပုစွန်
ခရမ်းချဉ်သီး
မကျီးရည်
နံနံပင် ရှမ်းနံနံ
ကြက်သွန်ဖြူ နီ
ငရုတ်သီး‌ခြောက် တို့ဖြစ်ပါတယ်

ခရမ်းသီးကိုလှီးပြီးဆားရေစိမ်ထားပါ ပုစွန်ကို‌ကျောလယ်ကခွဲ အခွံခွာ။ ချီးထုတ် အရသာနယ်ထားပါ။ ငရုတ်သီး‌ခြောက်အနေတော် ကြက်သွန်ဖြူနီ ငပိအနေတော်လေးထည့်ပါ။ ညက်နေအောင်ထောင်းပါ။ ဆီအနေတော်သတ်ပါ။ ဆနွင်းထည့် ထောင်းထားတဲ့ ငရုတ်သီးထောင်းထည့်မွှေ ခဏနေရင်ပုစွန်ထည့်ပြီး ပုစွန်အရောင်ပြောင်းရင် ခရမ်းသီးထည့် အသာယာသမအောင်မွှေ ဆီနဲနဲပြန်ရင် ရေသင့်ရုံထည့်မီးခပ်ပြင်းပြင်းလေးနဲ့ချက် ပွက်ပွက်ဆူရင် ခရမ်းချဉ်သီးနဲနဲ တစ်လုံးကိုနှစ်ခြမ်း
လောက်ပဲခြမ်းထည့် မကျီးရည်အနဲငယ်ထည့် ဆားဟင်းခပ်မူန့်လိုရင်ဖြည့် ခရမ်းသီးနူးရင် နံနံပင်အုပ် ရပါပြီရှင်။
Credit