ကြက်သောက်စမ်း
ပါဝင်ပစ္စည်းများ –
– ဗမာကြက်၄၀သား
– ကြက်သွန်ဖြူ၄ဥ
– ဂျင်းလက်တဆစ်
– စပါးလင်တပင်
– ငြုပ်သီးရှည်ခြောက်၆တောင့်
– စူကာညွန့် ဖယုံညွန့် မုန်ညှင်းစိမ်း
– မှို ၁၀ သား
– ပင်စိမ်းတစည်း ရှမ်းနံနံ
– သံပုရာသီးတလုံး
– ငြုပ်သီးစိမ်းလက်တဆုတ်
– ကြက်သွန်နီ၂လုံး
ချက်ပြုတ်နည်း –
ကြက်သားကို အတုံးလေးတွေတုံး ရေဆေးပါ
ဂျင်း ကြက်သွန်ဖြူ ငြုပ်ခြောက်ရှည်တောင့်ကိုမညက်တညက်ထောင်းပါ
ပြီးရင် ကြက်သားကို ဆား ဆနွင်းနဲနဲ အရသာမှုန့် ငံပြာရည် ထည့်ပီး ထောင်းထားတာနဲ့ရောသမနယ်ပြီးနှပ်ထားပါ စပါးလင်အရင်းပိုင်းကိုတစောင်းလှီးထားပါ
ဒယ်အိုးတလုံးတွင် ရေတလီတာထည့်ပီးတည်ထားပါ
ရေဆူရင် ကြက်သားလုံးထားတာနဲ့စပါးလင်ကိုထည့်ပီးအဖုံးအုပ်ထားပါ
ဆယ်မိနစ်ကြာလို့ ကြက်သားနူးလောက်ပီဆို
မှို ကြက်သွန်နီလေးစိပ်ခွဲ ငြုပ်သီးစိမ်းထည့်ပီး ထပ်တည်ထားပါ အရသာပေါ့ငန်မြည်းပါ
ပီးရင် အညွန့်အရွက်စုံ ရှမ်းနံနံ ပင်စိမ်းတို့ကိုထည့်ပီးအဖုံးအုပ်ပီးမီးပိတ်လိုက်ပါ ပြီးမှသံပုရာရည်ညှစ်ပီးအသင့်စားလို့ရပါပီး
#သောက်ဆမ်းဟင်းဖြစ်တဲ့အတွက် ဟင်းရည်အကျဲအပြစ်ကို လိုသလောက်ရေနွေးထည့်ပီး စားသုံးနိုင်ပါတယ်
#credit