အသားငါးများဝယ်ယူခြင်း
ကြက်သား၊ ဘဲသား၊ဆိတ်သားတို့ ဝယ်ရာတွင် အရေပြားများ၊ ရင်သားများ ဖောင်းနေလျှင် ရေထိုးထားသော အသားများ ဖြစ်ပေသည်။
ဆိတ်သား၊ အမဲသားမျာ မလတ်ဆတ်ပါက ညို၍သော်လည်းကောင်း၊ ဖြူဖပ် ဖြူရောဖြစ်၍သော်လည်းကောင်း အနံ့များ ညှီ၍သော်လည်းကောင်း ဖြစ်တတ်သည်။ လတ်ဆတ်သော အသားများသည် ပန်းရောင်ရှိ၍ အညှီနံ့များ ကင်းလျက်ရှိပေသည်။
မလတ်ဆတ်သော ပုစွန်များမှာ အနီရောင်ဖြစ်ခြင်း၊ အနံ့ထွက်ခြင်း၊ အခွံများတို့ ဖြစ်ပေသည်။
လတ်ဆတ်သော ပုစွန်မှာ အခွံကြည်၍ အစိမ်းရောင် သန်းနေတတ်ပါသည်။
ငါးများ မလတ်ပါက ပါးဟက်မျာ ညိုနေခြင်း၊ အသားများ ပျော့နေခြင်း၊ အနံ့များ ထွက်နေခြင်းတို့ ဖြစ်တတ်သည်။
လတ်ဆတ်သော ငါးများမှာ ပါးဟက်နီခြင်း၊ အကြေးခွံများခြင်း၊ အရောင်တောက်၍ အသားမာနေခြင်းတို့ ဖြစ်သည်။
ဟင်းသီးဟင်းရွက်များ ဝယ်ယူခြင်း
မလတ်ဆတ်သော ဟင်းသီးဟင်းရွက်များမှာ အရိုးတံများ နွမ်းနေခြင်း၊ အရွက်များ ပိုးပေါက်နေခြင်၊ ခြောက်သွေ့နေခြင်းတို့ ဖြစ်တတ်လေသည်။
ဘူးသီးများသည် အူချောင်၍ အခွံမာနေပါက မကောင်းပေ။ ခရမ်းသီးများသည် အခွံမာတင်း၍ သော်လည်းကောင်း၊ အခွံရှုံ့၍သော်လည်းကောင်း၊ အညှာများ ခြောက်၍သော်လည်းကောင်း မလတ်ဆတ်ပေ။