ပါဝင် ပစ္စည်းများ
**************
၁။ ကြက်သွန်ဖြူ ဥတစ်လုံး ( အခွံနွှာထားပါ )
၂။ ငရုတ်တောင့်ရှည် ( ခပ်ထူထူ လှီးထားပါ )
၃။ ရှာလကာရည်
၄။ ငံပြာရည်
၅။ ဟင်းခပ်မှုန့် ( မထည့်လဲရ )
ပထမဆုံး
ရှာလကာရည်, ငံပြာရည်, ဟင်းခပ်မှုန့်တို့ကို ပန်းကန်လုံး တစ်လုံးထဲ ထည့်ပြီး မိမိ စိတ်ကြိုက် အရသာ အချို အငံ စပ်လိုက်ပါ။ ဟင်းခပ်မှုန့်ကတော့ မိမိ အကြိုက် အနည်း အများ ထည့်ပါ။ ( မကြိုက်သူများ မထည့်ရင်လဲ ရပါတယ်။ ) ဟင်းခပ်မှုန့် ပါရင် အရသာ ပိုကောင်းရုံမျှမက အချဉ်ဓါတ် ထိန်းပြီးသားဖြစ်လို့ပါ။ ပီးတော့မှ ငရုတ်, ကြက်သွန် ထည့်ထားတဲ့ ပုလင်းထဲ ကန်တော့လေးနဲ့ လောင်းထည့်လိုက်ရုံပါပဲ။ ဖန်ပုလင်းကို လေလုံအောင် ပိတ်ထားပါ။ ၃ ရက်ဆိုရင် စ စားလို့ရပါပြီ။ ချဉ်ချဉ်လေး စားချင်ရင်တော့ တစ်ပတ်ထိ ထားပါ။
မိမိ စိတ်ကြိုက် အချဉ်အရသာ ရပြီ ဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ။ ငရုတ်ချဉ်, ကြက်သွန်ချဉ် က ကြာလေ အချဉ်စူးလေ ဖြစ်တာမို့ ဆယ်ရက်စာလောက်ပဲ လုပ်စားတာက ပို ကောင်းပါတယ်။ လုပ်ရတာလည်း လွယ်ကူ လှတာမို့ ကုန်ခါနီးမှ အချဉ် အသစ်တည်တာ ပို အဆင်ပြေပါတယ်။
ဖန်ပုလင်းနဲ့ စိမ်တာက ပိုကောင်းပါတယ်။
#ပဲခူးဒေါ်ထွေးရီ