အလှသစ်ပင်၊ပန်းပင်၊သီးပင်စားပင်များတွင်တစ်ခါတစ်ရံတွေ့ရသော Mealybug ခေါ် ပိုးစေးနှဲသည် အပင်စိုက် သူများအတွက်အရမ်းဒုက္ခတွေ့ရသောဖျက်ပိုးတစ်မျိုးဖြစ်သည်။ထိုပိုးကျရောက်လျှင်သီးနှံပင်တွင် အသီးမအောင် အသီးမတင်ဖြစ်ခြင်း၊ ပန်းပင်ဖြစ်လျှင် အပွင့်မတင်စေဘဲအပင်အားချိနဲ့လာပာ ပုတ်ရိသေဆုံးတာ မျိုးဖြစ်ရပါ တယ်။
သစ်ခွပန်းပင်၊နှင်းဆီ၊စံပယ်၊ဇွန်၊မြတ်လေး၊ succulent ပင်များတွင်လည်း အရွက်အောက်ခြေ အပင်စည်ထိပ် တို့ တွင် အမြဲတွေ့ရလေ့ရှိပါသည်။ သင်္ဘောပင်၊ မာလကာပင်၊ သံပုရာ၊ သရက်ပင်၊ ပဲတောင့်ရှည်၊ ပဲပုစွန်စသော သီးနှံပင်များတွင် အမြဲလိုလိုတွေ့ရပါသည်။ အာ့ပိုးဖြူဖြူလေးတွေမြင်ရင် ကြည့်ကောင်း ကောင်းနဲ့ ထိုင်ပြီးအလှကြည့်မနေကြပါနဲ့။ အမြန်ဖယ်ရှား ရှင်းလင်းပါ။ အဲဒီပိုးအမြစ်အုံကိုတွယ်ပြီဆိုရင် အပင်အားယုတ်ချိနဲ့ လာပါလိမ့်မယ်။ ပင်စည်အရွက်တွေကို တွယ်ပြီဆို ဝါပြီး ကြွေကျ အပင်ပါသေနိုင်ပါတယ်။ အဲဒီပိုးလေးတွေလာပြီဆို ပုရွက်ဆိတ်တွေပါ တစ်ပါတည်းလိုက်ပါလာပါလိမ့်မယ် *****
ဆေးနည်း
(1) အရက်ပျံ တစ်ဖုံးစာ + ပန်းကန်ဆေးဆပ်ပြာဆီ တစ်ဖုံး + စားသုံသည့်ဆီတစ်ဖုံး + ရေတစ်လီတရောစပ်ပြီး တစ်ပင်လုံးအနှံ့ဖြန်းပေးပါ။
(2) Dettol ဆေးရည်လက်ဖက်စားဇွန်း တစ်ဇွန်း + ပန်းကန်ဆေးဆပ်ပြာရည် တစ်ဇွန်း + ရေတစ်လီတာ ရောစပ်ပြီး ဖြန်းပေးပါ။
(3) ဗီနီကာတစ်ဖုံး + ဂျင်းထောင်းအရည်ညှစ် တစ်ဖုံးစာ+ရေတစ်လီတာရောစပ်ပြီးဖြန်းပေးပါ။
(4) အင်ဖာနိုဆေး လက်ဖက်စားဇွန်း လေးပုံတစ်ပုံ + ရေတစ်လီတာရောစပ် ပြီးဖြန်းပေးပါ (ဆေးရည်မဖြန်းမှီ အပင်ကို ရေဖြင့် အရင်ဖြန်း ပေးပြီးမှဆေးရည်ရောစပ်ထားတာကိုဖြန်းပေးရပါမည်။ )
ဆေးရည်ဖြန်းပြီးနောက်ရက်တွင် ဆပ်ပြာရည်တစ်ဖုံး + ရေတစ်လီတာရောစပ်ပြီး ထပ်မံဖြန်းပေးရပါမည်။
အထက်ပါနည်းများထဲမှ မိမိတို့ထံမှာလွယ်လင့်တကူရှိသော ပစ္စည်းများဖြင့်လုပ်ဆောင်ရန် လွယ်သောနည်းကို ရွေးချယ်ကာ ပိုးစေးနှဲရန်မှကာကွယ်နိုင်ကြပါစေ။
#Crd To Original Uploader