(Aircon) သည် အခန်းတွင်းအပူချိန်ကို စုပ်ယူလျှော့ချပေးသည့် တီထွင်ဆန်းသစ်မှု ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၅၀ ကျော်ပေါ်ခါစက နေအိမ်တိုက်ခန်းများအတွက်သာ အသုံးပြုခဲ့ပြီး နောက်ပိုင်း ၁၉၈၀ ပြည့်နှစ်ဝန်းကျင်မှစကာ ကားများတွင်ပါ အဲကွန်းတပ်ဆင် အသုံးပြုလာနိုင်ခဲ့သည်။ ဇိမ်ခံဆလွန်းကားများ၊ ဈေးကြီးပေးဝယ်ရသော ကားအကောင်းစားများတွင်သာ တပ်ဆင်ပေးနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ကားအကြီး၊ အသေးအမျိုးမျိုးတွင် အဲကွန်းမပါသောကားဟူ၍ မရှိတော့ပေ။
#ကားအဲကွန်း၏ ကောင်းကျိုးမှာ ပူအိုက်ခြင်း၊ လေလုံ၍အသက်ရှူကျပ်ခြင်းမှ ကာကွယ်နိုင်သည့်အပြင် မိုးတွင်းအခါ မိုးရွာ၍ ကားမှန် အလုံပိတ်မောင်းသောအခါ အတွင်းမှ အပူငွေ့ပြန်ပြီး မှန်များမှုန်ဝါး ကာ ပြင်ပသို့ ကောင်းစွာမမြင်ရခြင်းကိုပါ အကာအကွယ်ပေးသည်။ မိုးရွာသောအခါ ပြင်ပအအေးဓာတ် ကြောင့် လူ၏ကိုယ်မှ အငွေ့များထွက်လာကာ အတွင်းမှန်များမှုန်ဝါးသွားလျှင် Aircon မှ စုပ်ယူပေး သည့်အပြင် အအေးဓာတ်ကို ထုတ်လွှတ်ပေးသဖြင့် ကားစီးသူများမှာအေးပြီး သက်သောင့်သက်သာ စီးနိုင်သည်။
သို့သော် အပူပိုင်းဒေသများတွင် အလွန်နေပူပြင်းသောအချိန် ကား Aircon ဖွင့်စီးသူများမှာ အေးနေရာမှ ရုတ်တရက် တံခါးဖွင့်ပြီး အဆင်းတွင် ပြင်ပအပူရှိန်ကြောင့် ရုတ်တရက် မူးလာကာ လဲကျသူ၊ သတိလစ်သူ၊ သက်ကြီးရွယ်အိုများတွင် အပူ၊ အအေး တုံ့ပြန်မှုကြောင့် ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးရသူများရှိလာသည်အထိ အန္တရာယ်ကြီး လာသည်ကို တွေ့ရှိလာရပါသည်။ ညပိုင်း Aircon Bus ကြီးများဖြင့် ခရီးသွားသူများတွင်လည်း ပါးတစ်ခြမ်းရွဲ့ခြင်း၊ မျက်နှာနှင့် ကိုယ်တစ်ခြမ်းလေဖြတ်ခြင်းများပါ တွေ့ကြုံလာရခြင်းကို မကြာခဏ ဆေးရုံ၊ ဆေးခန်းများတွင် တွေ့လာရပါသည်။
အခြားဆန့်ကျင်ဘက် အဖြစ်အပျက်မှာ နေပူထဲမှလာပြီး အဲကွန်းဘတ်စ်ကားစီးသူ သက်ကြီး ရွယ်အို တစ်ဦးမှာ ကားထဲတွင်ပင် သတိလစ်ပြီး စကားမေးမရသဖြင့် ကားမောင်းသူနှင့် တာဝန်ရှိသူများမှ ဆေးရုံကြီးသို့ပို့ပေးရာ အပူအအေး ဆန့်ကျင်ဘက်ကြောင့် Heat Stroke ရပြီး ဦးနှောက်သွေးကြောပေါက် ကာ အသက်ဆုံးရှုံးရကြောင်း ၂၀၁၉ ခုနှစ် ဧပြီလထုတ် သတင်းစာများတွင် ဖတ်ရှုရသည်။
#အဲကွန်းကားစီးမည့် သက်ကြီးရွယ်အိုများ #ကျန်းမာရေးမကောင်းသူများနှင့် အထူးသဖြင့် သွေးတိုးရောဂါအခံရှိသူ များ သတိထားသင့်သည့် အချက်ဖြစ်သည်။ ရုတ်တရက် အပူအအေး အပြောင်းအလဲသည် ဦးနှောက်သွေး ကြောပေါက်ပြီး သတိလစ် လေဖြတ်နိုင်သည်ကို သတိထားကြပါ။
#ကားအဲကွန်းဖွင့်စီးသူများ၏ အနေအထားကို လေ့လာကြည့်သောအခါ-
- #နေပူထဲမှကားထဲဝင်ပြီးနောက်အဲကွန်းဖွင့်စီးသူ၊
- #ကားထဲမဝင်မီကပင်အဲကွန်းကြိုတင်ဖွင့်ထားသောကားအတွင်းသို့နေပူထဲမှလာပြီးဝင်ထိုင်လိုက်သူ။
- #နေအိမ်မှကားအဲကွန်း ဖွင့်စီးလာပြီး နေပူပြင်းသော တစ်နေရာအရောက်တွင် ကားထဲမှ အပြင် ထွက်လိုက်သူ
စသည်ဖြင့် အခြေအနေမတူ ကွဲပြားမှုသုံးမျိုး ကိုတွေ့ရှိရပါသည်။
ထိုသူများတွင် အသက်ငယ် သေးသူများမှာ ဘာမှမဖြစ်သော်လည်း အသက် ၄၀ ကျော်၊ ၅၀ နှစ်အတွင်း သက်လတ်ပိုင်းများတွင် ခေါင်း မူးခြင်း၊ ခေါင်းကိုက်ခြင်း ဝေဒနာခံစားရကြောင်း တွေ့ ရပါသည်။ အသက် ၆၀ ကျော် ၇၀ ခန့် လူကြီးများမှာ ခေါင်းမူးရုံမက ရုတ်တရက် လဲကျခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်းများပါ ဖြစ်နိုင်ပါသည်။ အပူ၊ အအေး ဝိရောဓိကြောင့် ကားအဲကွန်း ဖွင့်စီးသူများလိုက်နာစေလိုသည့် အချက်သုံးချက်ကို တင် ပြလိုပါသည်။
- ကားအဲကွန်းမဖွင့်မီ စက်နှိုးပြီး ကားမှန်တံခါးများအားလုံး ချထားပါ။ ပြင်ပလေဝင်ပြီး နောက်မှ ကားအဲကွန်းကို အနိမ့်ဆုံးမှ စ၍ ဖွင့်ပါ။ ထို့နောက်မှ မှန်များပြန်တင်ပြီးစီးလျှင် အပူ၊ အအေး ရုတ်တရက် အပြောင်းအလဲ မဖြစ်စေနိုင်ပါ။
- နေပူချိန်အဲကွန်းသုံးသော ကားဖြင့် အပြင်သွားလျှင် ရေသန့်ဗူး ယူဆောင်သွားပါ။ နေပူပြင်းသည့်နေရာတွင် ကားရပ်ပြီး အပြင်းသို့မဆင်းမီ ရေကိုအတော်အသင့် သောက်ပြီးမှ ဆင်းလျှင် ရုတ်တရက် ဦးနှောက်သို့ သွေးဆောင့်တက်ခြင်းမှ ကာကွယ်နိုင်ပါသည်။
- #အဲကွန်းကြိုတင်ဖွင့်ထားသည့် ဘတ်စ်ကားကြီးများပေါ်သို့ နေပူထဲမှဝင်လျှင် တက်စီးလျှင် မတက်မီက ကြိုတင်ပြီး ရေအေးသောက်ထားပါ။ အချို့လူကြီးများသည် ကားပေါ်တွင် ဆီးသွားချင်မည်စိုးသဖြင့် ရေမသောက်ဘဲ ခရီးသွားလေ့ရှိသည်မှာ အမှားဖြစ်ပါသည်။ ထို့အတူပင် ညအိပ်ချိန်တွင် အဲကွန်း ဖွင့်အိပ်သူများမှာလည်း အိပ်ရာမဝင်မီ ရေအေးတစ်ခွက် သောက်ပြီးမှ အိပ်လျှင် ကိုယ်တွင်း(အစာအိမ်)မှ အပူနှင့် ပြင်ပအဲကွန်းမှ အအေးဓာတ်တို့ ဝိရောဓိဖြစ်ခြင်းမှ ကာကွယ်ရာရောက်မည် ဖြစ်သည်။
အထက်ဖော်ပြခဲ့သော အချက်သုံးချက်ကို သတိပြုလိုက်နာခြင်းဖြင့် အဲကွန်းကားစီးသူများ အပြင် #အဲကွန်းအခန်းဖြင့်အိပ်စက်သူများပါ အပူ၊ အအေးဝိရောဓိလွန်ကဲမှုကြောင့် #လေဖြတ်ခြင်း၊ #ဦးနှောက်သွေးကြောပြတ်ခြင်းဘေးမှ ကင်းဝေးစေနိုင်ကြောင်း သတိပေးတင်ပြအပ်ပါသည်။
မူရင်းရေးသားသူအား လေးစားလျက်