အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် တတိယ မြန်မာနိုင်ငံတော်ကြီး (ကုန်းဘောင်ခေတ်)ကို ထူထောင်ခဲ့သူ၊ အမျိုးသား စည်းလုံးညီညွှတ်ရေးကို ဆောင်ရွက်၍ ကဗျာစာပေများကို ချီးမြှောက်ခဲ့သည်။ မြန်မာ့စစ်အင်အားနှင့် တန်ခိုးသြဇာ ပြန်လည်ကြီးမားလာစေရန် ဆောင်ရွက်ခဲ့သည်။
အလောင်းမင်းတရား(ခေါ်)အလောင်းဘုရား(၁၇၁၄ – ၁၃ ဧပြီ ၁၇၆၀) ၏ အမည်ရင်းမှာ ဦးအောင်ဇေယျဖြစ်သည်။ ထီးနန်းမစိုးစံခင် အချိန်က မုဆိုးဖိုရွာ၏ ရွာသူကြီးဖြစ်ပြီး ကုန်းဘောင်မင်းဆက်ကိုထူထောင်သူ ပထမဆုံးမင်းဖြစ်သည်။ အင်း၀ကို ဗဟိုပြုကာ ထီးနန်းစိုးစံနေကြသည် ညောင်ရမ်းမင်းဆက်သည် နောက်ဆုံးတွင် အောက်အရပ်မှ ဗညားဒလ ဦးဆောင်သည့် မွန်တို့ ဟံသာ၀တီမှ ပုန်ကန်မှုကို မဟန့်တားနိုင်တော့ပဲ ပြိုလဲခဲ့ပြီး အင်း၀မှာလည်း မွန်စစ်သူကြီး ဒလပန်း ကသိမ်းပိုက်ကာ အနီးအပါးမှ မြန်မာတို့ကို အုပ်ချုပ်နေခဲ့သည်။ ထို့ပြင် မန္တလေးအနီးတဝုိက်တွင် လည်း ကွေ့ရှမ်း ဂုဏ္ဏအိမ် ဦးဆောင်သည့် အုပ်စုတစ်ခုကလည်း တစ်ထီးတစ်နန်းထူထောင်ရန် ကြိုးပမ်းလျက်ရှိသည်။ ထိုအချိန်တွင် မုဆိုးဖိုရွာမှ ရွာသူကြီး ဦးအောင်ဇေယျသည် အနီးအပါးမှ ကျေးရွာများကို စုစည်းကာ မွန်၊ကွေ့ရှမ်းတို့ နှင့်သာမက ပြိုင်ဖက်သူ ဦးချစ်ညို နှင့်ပါအပြိုင် စစ်ပြုတော့သည်။ နှိမ်နှင်းရန် လာသည့် မွန်စစ်သူကြီး ဒလပန်း၏ တပ်များမှာ မုဆိုးဖိုရွာကို ၀န်းရံလုပ်ကြံသော်လည်း အရှေ့ဖက်နယ်စပ်ကို ယိုးဒယားတို့ လာရောက်ကျူးကျော်သည်ကို တိုက်ခိုက်ရန် ဟံသာ၀တီသို့တပ်ခေါက်ပြန်သဖြင့် ဦးအောင်ဇေယျအတွက် ကြီးမားသည့် အခွင့်အလမ်းဖြစ်စေခဲ့ပြီး တိုက်ပွဲများကို ဆက်တိုက်ဆင်နွဲကာ နောက်ဆုံး ဟံသာ၀တီကိုပါ လက်ရယူနိုင်ခဲ့သည်။
ထိုသို့ဖြင့် အလောင်းမင်းတရားသည် ရွှေ့ဘိုမြို့မှအစပြုပြီး မြန်မာတစ်နိုင်ငံလုံး သိမ်းပိုက်မင်းပြုခဲ့သည်။ ထိုင်းနိုင်ငံ အယုဒ္ဓယကို ချီတက်သိမ်းယူသော်လည်း မအောင်မြင်ဘဲ အပြန်ခရီးတွင် နက်ရွာစံကွယ်လွန်ခဲ့သည်။ အလောင်းမင်းတရားကွယ်လွန်ချိန်တွင် သားတော်ကြီး နောင်တော်ကြီးမင်းက ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့သည်။ (( မြန်မာ့သမိုင်းတွင် အလောင်းဘုရားသည် မြန်မာနိုင်ငံကို တတိယအကြိမ် စုစည်းတည်ထောင်သူအဖြစ် ထင်ရှားသည်။ ထို့ပြင် ကုန်းဘောင်မင်းဆက်ကို ထူထောင်သူအဖြစ်လည်း ထင်ရှားသည်။ အလောင်းဘုရားသည် မုဆိုးဘိုရွာကို အခြေပြု၍ တစ်ရွာပြီးတစ်ရွာ တစ်မြို့ပြီး တစ်မြို့ တိုက်ခိုက်စုစည်း သိမ်းသွင်းခဲ့သည်။ ဤသို့မြို့ရွာများကို တိုက်ခိုက်စုစည်းရာ၌ ရဲဘော် ခြောက်ကျိပ်ရှစ်ယောက်ကို အမာခံထား၍ တစ်ဦးပြီးတစ်ဦး တစ်စုပြီးတစ်စု စည်းရုံးသိမ်းသွင်းခဲ့သည်။ အလောင်းဘုရားသည် သိမ်းသွင်းခဲ့သော မြို့ရွာအချို့ကို အမည်သစ်များ မှည့်ခေါ်စေခဲ့သည်။ လွန်ဆေးမြို့ကို မြန်အောင်မြို့၊ ဒဂုန်မြို့ကို ရန်ကုန်မြို့ စသည်ဖြင့် အမည်တွင်ခဲ့စေသူမှာ အလောင်းဘုရားပင် ဖြစ်သည်။ အလောင်းဘုရား၏ အမည်ရင်းမှာ ဦးအောင်ဇေယျ ဖြစ်သည်။ အလောင်းဘုရားကို အလောင်းမင်းတရားဟူ၍လည်း ခေါ်ကြသည်။ အလောင်းဘုရားသည် တည်ကြည်ရဲရင့်၍ အထူးအမြော်အမြင် ရှိသည်။ လုပ်ရည်ကြံရည်လည်း ရှိသည်။ စစ်ရေး စစ်မှုတို့၌ စည်းကမ်း ကြပ်မတ်စွာ ထားရှိပြီး ရန်သူတို့ကို ပြင်းထန်စွာ နှိမ်နင်းသုတ်သင်တတ်သည်။
နိုင်ငံကို အုပ်ချုပ်ရာ၌ အကျင့်စာရိတ္တိကို ပျက်ပြားစေသည့် သေရည်သေရက်မှ စ၍ မူးယစ်စေသော အသောက်အစား အရှူတို့ကို ပြင်းထန်စွာ တားမြစ်ပိတ်ပင်သည်။ ခိုးဝှက် လုယက်ခြင်း စသည်တို့ကိုလည်း အထူးတားမြစ်သည်။ တရားခံများကို နှိပ်ကွပ်ခြင်း ပြုသည်သာမက သက်ဆိုင်ရာ တာ၀န်ရှိ ပုဂ္ဂိုလ်များကိုလည်း အရေးယူသည်။ မြို့ရွာတွင် သူခိုးသူဝှက်ကြောင့် ပစ္စည်းပျောက်ခဲ့သော် ထိုမြို့ရွာကို အုပ်ချုပ်သော အကြီးအကဲတို့က ဥစ္စာပျောက်သူကို လျော်ရသည်။ ရွာနှစ်ရွာ စပ်ကြားတွင် ဒမြတိုက်ပါမူ နီးသောရွာမှ ရွာသူကြီးက လျော်ရသည်။ ဤသို့ပြုလုပ်ပေးခြင်းအားဖြင့် သက်ဆိုင်ရာ မင်းမှုထမ်းတို့သည် မိမိတို့ တာ၀န်ကို ပိုမိုဂရုစိုက် ဆောင်ရွက်လာကြစေသည်။ အလောင်းဘုရားသည် စိုက်ပျိုးရေးကို အထူးအားပေးသည်။ မိုးရှားပါးသော ရွှေဘိုနယ်တဝိုက်တွင် ပြည်သူပြည်သားတို့ စိုက်ပျိုးလုပ်ကိုင်နိုင်ရန် မူးမြစ်ကို ဆည်ခဲ့သည်။ ရွှေဘိုမြို့ကို ရေပေးနိုင်ရန်လည်း မဟာနန္ဒာကန်တော်ကြီးကို တူးဖော်စေသည်။ တရားဌာန အုပ်ချုပ်မှုအတွက် ပါဠိဘာသာဖြင့် ရေးထားသော ဓမ္မသတ်ကျမ်းများကို လည်းကောင်း ယခင်က မြန်မာပြန်ဆိုထားသော်လည်း ပါဠိစကားလုံး များစွာညှပ်၍ ရေးထားသဖြင့် ဖတ်ရှုရန် မလွယ်ကူသော ဓမ္မသတ်ကျမ်းများကို လည်းကောင်း အလွယ်တကူ ဖတ်ရှုနားလည်နိုင်စေရန် ပညာရှင်များအား မြန်မာဘာသာသက်သက်ဖြင့် ရေးသားပြန်ဆိုစေသည်။
အလောင်းဘုရားသည် ဘုရားတရားကို အလွန်ကြည်ညိုသည်။ စေတီပုထိုးများတည်ခဲ့သည်။ ပျက်စီးသော စေတီပုထိုးများ ကျောင်းကန်ဇရပ်များကို အမြဲမပြတ် ပြင်ဆင်စေသည်။ မဟာဒါန်၀န်ခန့်၍ ဝိနည်း ကျမ်းဂန်နှင့်အညီ မကျင့်သော ရဟန်းတို့ကို မပြတ်သုတ်သင်ရှင်းလင်း စစ်ကြောစေသည်။ အမဲသတ်ခြင်း ယဇ်နတ်ပူဇော်ခြင်းတို့ကို တားမြစ်ခဲ့သည်။ အလောင်းဘုရားသည် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို တိုက်ခိုက်စုစည်းနိုင်ခဲ့သည် သာမက ယခင်က မြန်မာနိုင်ငံကို မကြာခဏ လာရောက်ထိပါးတတ်သည့် မဏိပူရ ကသည်းပြည်ကိုလည်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်။ ထို့နောက် ယိုးဒယားများက ထား၀ယ် ကျေးစွန် ရွာလွတ်များကို ထိပါးသဖြင့် ယိုးဒယားသို့ ချီတက်တိုက်ခိုက်ခဲ့သည်။ အယုဒ္ဓယ မြို့တော်ကို ၀န်းရံလုပ်ကြံစဉ် အလောင်းဘုရားသည် မကျန်းမာသဖြင့် ပြန်လာရာ လမ်းခရီး မုတ္တမကင်းရွာ၌ ကွယ်လွန်သည်။ အလောင်းဘုရားသည် မြန်မာသက္ကရာဇ် ၁၀၇၆ ခုတွင် ဖွားသည်။ ၁၁၁၅ ခုနှစ်တွင် ဘုရင်ဖြစ်သည်။ ၁၁၂၁ ခုနှစ် (ခရစ်နှစ် ၁၇၅၉) သက်တော် ၄၅ နှစ်တွင် လွန်ခဲ့သည်။ အလောင်းဘုရား၏ သချိင်္ုင်းပြသာဒ်ကို ယခုတိုင် ရွှေဘိုမြို့၌ တွေ့မြင်နိုင်သည်။ အလောင်းဘုရားအား မြင်တွေ့ခဲ့ဖူးသော ဗြိတိသျှလူမျိုး ကပ္ပတိန်ဘေကာက သူ၏ မှတ်တမ်းတွင် အလောင်းဘုရားသည် အရပ် ငါးပေ ဆယ့်တစ်လက်မခန့်ရှိ၍ ကျန်းမာသော ရုပ်လက္ခဏာရှိကြောင်း သန်မာ၍ တင့်တယ်ညီညွတ်သော လုံးရပ်သဏ္ဍာန်ရှိကြောင်း အသားညို၍ မျက်နှာသွယ်ပြီးလျှင် ကျောက်ပေါက်မာ သဲ့သဲ့ရှိကြောင်း မျက်နှာတည်ကြည် မာတင်းကြောင်း ရာဇဣနြေ္ဒနှင့် ပြည့်စုံကြောင်း ဖော်ပြထားပါသည်။)) ပွဲဦးတိုက်ပွဲ အလောင်းမင်းတရားသည် တပ်အား၊စစ်တပ်အင်အား အားပြည့်စုံချိန်ရောက်သောအခါ မိမိ၏ အသင်းအပင်းများကို ခေါ်ယူပြီး နိုင်ငံတော်ထူထောင်ရန် တိုင်ပင်တော်မူသည်။
ထိုအချိန်တွင် မွန်တပ်များ မုဆိုးဘို ကို ၀န်းရံလာသည်။ ထိုအခါ အလောင်းမင်းတရားမှ ဆွေတော်မျိုးတော် နှင့် အသင်းအပင်းများကို ခေါ်ယူ ပြီး ခုခံ ရန်တိုင်ပင်လေသည်။ အလောင်းမင်းတရား၏ လက်ရုံးတော် တစ်ဦးဖြစ်သော သီရီရွှေတောင်က “ယခုမုဆိုးဘိုမြို့ကို သူတို့ ၀န်းရံလာသည် မှာ ရှမ်း၊မြန်မာ လူအရောရော ဖြစ်သည်။ ရှမ်းနှင့်မြန်မာတို့မှာ မွန်တို့ဘက်မှ ကြိုးကြိုးပမ်းပမ်း အမူထမ်းကြမည် မဟုတ်။ မွန်တို့လည်း စစ်တိုက်ရဖန်များပြီး အင်အား ကုန်ခန်းနေကြလေပြီ။ ကျွန်တော်တို့မှာ အရှင့်အရေး ကိုယ့်အရေး ဖြစ် အရေးတော်ပုံအောင်မြင်သည် အထိကြီုးပမ်းတိုက်သွားကြမည့် သူများဖြစ်ကြပါသည်။” ဟုလျှောက်တင်လေသည်။ မျှးမတ် အပေါင်းတို့လည်း မိမိ ထင်မြင်ရာကို လျှောက်တင်ကြပြီး နောက်ဆုံးတွင် အလောင်းမင်းတရားမှ ” မွန်တို့ဗိုလ်ခြေအင်အား များသော်လည်း စွန့်စားလုပ်ကြံရည် ငါတို့ကို မတန်ရာ။တစ်ချင်တစ်ရွေးမျှ စိန်စစ်ကျောက်ကို မြေလုံးတောင် ရှိလင့်ကစား ကြေမွပျက်စီး အောင် မစွမ်းရာသကဲ့သို့ ငါတို့တပ်ကို သင်းတို့ဖျက်နိုင်မည်လော၊ ငါတို့တွင် မျိုးရိက္ခာ အပြည့်အစုံရှိသည်။ သင်းတို့ စစ်ညောင်းပြီး ရိက္ခာလည်း ပြတ်စေဦး၊ ရေမိုးလည်း ငတ်စေဦး၊ စစ်တို့၏ သဘောသည် ပွဲဦးအစ ပွဲလမ်းမရလျှင် အားပျော့သည်။ သို့ဖြစ်ပြီးလျှင် ကြံကြံခံလေ၊ သင်းတို့ စစ်နွမ်းသည့်ကာလ ငါကိုယ်တိုင်ထွက်ပြီး တစ်ဟုန်တည်း တိုက်တော်မူမည်” ဟုမိန့်တော်မူလေ၏။ အလောင်းမင်းတရား ၏တိုက်မိန့်ကိုရပြီးသော် ဗိုလ်မျှုးတို့လည်း မိမိတို့တပ်ကို ပြင်ဆင်လေ၏။ နောက်လိုက် တပ်သားတို့သည် အမြောက်၊စိန်ပြောင်း၊ တို့ကို လှည်းပေါ်တင်လျက် အသင့်အနေထားရှိပြီးသော် နှစ်ဦးနှစ်ဖက် ပြင်းထန်စွာတိုက်ကြလေ၏။ ရန်သူဘက်ကလည်း စိန်ပြောင်းအမြှောက်များဖြင့် အဆက်မပြတ်ပစ်ခတ် ရာ လောကတစ်ခုလုံး အမြှောက်သံများဖြင့်ဆူညံ့နေလေ၏။ လေးငါးရက်ဆက်ပြီး ရန်သူမွန်များက မုဆိုးဘိုရွှာထဲသို့ ၀င်ရန် မရသောကြောင့် အမာခံ တပ်သား ၁၅၀၀ ဖြင့် ခံတပ်မြို့ ဖျက်ရန်ကြိုးစားသော်လည်း မုဆိုးဘိုတပ်သား တို့က အပြင်းခုခံသောကြောင့် မ၀င်နိုင်ပဲ ရှိနေကြသည်။ ညသန်းခေါင်ယံ ၀င်ရန်ကြိုးစားသော်လည်း နိုးကြားတက်ကြွသော မုဆိုးဘိုသား တို့ကို မကျော်နိုင်ပဲရှိနေရာ ရန်သူတပ်သားများစွာ ကျရှံးလေ၏။ ထိုအခါရန်သူ တို့မှာ ခံတပ်မြို့သို့ မကပ်တော့ပဲ အဝေးမှ တပ်စွဲကာနေလေသည်။
ထိုအခါအလောင်းမင်းတရားက မြို့ပြင်ထွက်တိုက်ရန် တိုင်ပင်ကာ တပ်၄၅တပ်ဖွဲ့စည်း ပြီး အသင့်ရှိနေလေ၏။ ၄၅ တပ်ဟု ဆိုသော်လည်း တပ်အင်အား မှာ ရန်သူနှင့်အလွန်ကာခြားလှပေသည်။ ၁၁၁၄ ခုနှစ် ကဆုန်လပြည့်ကျော် ၈ ရက် သောကြာနေ့ မွန်းတည့် ချိန်တွင် အလောင်းမင်းတရားကြီး ကိုယ်တော်တိုင် အောင်တံခွန် လွှင့်လျက် သားတော်နှစ်ပါး၊ မြင်းတပ် ဆင်တပ် များခြံရံလျက် ရွှေထီးမိုးကာ ထွက်တော်မူသည်။ ထိုစဉ် အလောင်းမင်းတရား ကိုယ်တော်တိုင် လည်းလက်သုံးတော်ဓားကို ဆွဲထုတ်လျက် တစ်ပြိင်နက်တိုက်ရန် အမိန့်ပေးတော်မူလေ၏။ ဤသို့ မိမိဘက် အပြင်းအထန် တိုက်လေသော် ရန်သူတပ်များ ပျက်လေသည်။ နောက်ဆုံးတိုက်ပွဲ အလောင်းမင်းတရား သည် မွန်တို့၏ ဟံသာ၀တီနေပြည်တော်ကို သိမ်းပိုက်ပြီးနောက် ရတနာသိင်္ခသို့ ပြန်လည် ချီတက်လာသည်။ အကြောင်းမှာ မဏိပူရ ကသည်းများ အန္တရာယ်ပြုသည်ကို နှိမ်နှင်းရန်ဖြစ်သည်။ ပဲခူးမြို့ကို တိုက်ခတ်စဉ် မွန်စစ်သူကြီး တလပန်းသည် လွတ်မြောက် ထွက်ပြေးကာ သံလျင်မြို့တွင် အခိုင်အမာ ခုခံနေသည်။ မြန်မာတို့က သံလျင်ကို တိုက်ခိုက်သိမ်းပိုက်ပြန်သော် တလပန်းသည် ပြင်သစ်သင်္ဘောဖြင့် အိန္ဒိယပြည် ရှိ ပြင်သစ် စခန်းသို့ ထွက်ခွာခဲ့သည်။ သို့သော် မုန်တိုင်းကြောင့် ထိုသင်္ဘောသည် တနင်္သာရီ ကမ်းရိုးတန်းရှိ မြိတ်မြို့ တွင် ဆိုက်ကပ် ခိုလူံနေခဲ့သည်။ ထိုအချိန်တွင် တနင်္သာရီသည် ယိုးဒယား တို့ သိမ်းပိုက်ထားရာ မြန်မာတို့မှ တလပန်းအား သူပုန်အဖြစ် ဖမ်းဆီးပေးရန် အကြောင်း ကြား ထားသည်။သို့သော် ယိုးဒယားဘုရင်ခံက ပင်လယ်၌ဒုက္ခ ရောက် ခိုလူံ၀င်လာသော လူသာရှိသည် တလပန်းဆိုသူ မရှိဟု ပြန်လည် အကြောင်းကြားခဲ့သည်။ ထိုပြန်ကြားချက် ကို အလောင်းမင်းတရားလုံး၀ နှစ်မြို့ခြင်းမရှိ။ သို့သော် အခွင့်မသာ သဖြင့် ယိုးဒယားတို့၏ ရိုင်းပြမူကို သည်းခံ နေလေသည်။ အလောင်းမင်းတရာသည် သက္ကရာဇ် ၁၁၁၃ တွင် ရန်ကုန်မြို့ သို့ပြန်လည်ရောက် ရှိရာ ရွှေတိဂုံဘုရားပွဲတော်ကို စည်းကားစွာကျင်းပလေသည်။ ထိုနောက် သားတော် မောင်ရွ(နောင်တွင် မြေဒူးမင်း) နှင့် မင်းခေါင်နော်ရထာ( ဦးတွန်) အား လူ ၈၀၀၀ တပ်ဖွဲ့ကာ ထား၀ယ်မြို့ကို သိမ်း ပိုက်ရန်စေလွှတ် လိုက်သည်။
ထား၀ယ်နယ်တစ်လျှောက်တွင် ရှိသော ကုန်သည်တို့သည် မြိတ်မြို့သို့ထွက် ပြေးကြသည်။ သားတော်မောင်ရွကလည်း ခမည်းတော်အား မြိတ်မြို့ရှိ ရန်သူအင်အား မှာ မများလှကြောင်း လျှောက်ထားရာ မင်းကြီးမှ တနင်္သာရီ နှင့် မြိတ်မြို့ တို့ကို သိမ်းပိုက်ရန် အမိန့်ပေးလိုက်သည်။ ယိုးဒယားတို့ စစ်တိုက်ရည် ညံ့ကြောင်း မြန်မာတို့သိသော အခါ ယိုးဒယား ပြည်တွင်း နယ်စပ်အထိ လိုက်တိုက်ရာ နယ်စပ်မြို့ များကိုပင် မြန်မာတို့သိမ်းပိုက်လိုက်မိသည်။ ယိုးဒယား ဘက်မှလည်း စစ်တပ်များစေလွှတ်ရာ သို့သော် မြန်မာ တပ်များကို မတိုက်ခိုက်နိုင်ပဲ ဆုတ်သွားရသည်။ ထိုအချိန် အလောင်းမင်းတရားကိုယ်တော်တိုင်လည်း မြိတ်သို့ ရောက်လာရာ ယိုးဒယားတို့ မြို့တော် အထိ သိမ်းပိုက်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် တနင်္သာရီ တွင် တပ်မတော်ကို ပြန်လည် ဖွဲ့စည်းကာ ဆင်ကွန်းစစ်ကြောင်းမှ ရှေ့ဆောင် ချီတက်တော်မူသည်။ မင်းခေါင်နော်ရထာ ၏ တပ်များသည် ရပ်ဗူရီမြို့သို့ ဦးစွာရောက်သည် နှင့် တိုက်ပွဲဖြစ်ပွားသည်။ ယိုးဒယား ဘက်မှလည်း ရဲရင့်စွာ တိုက်ခိုက်သော်လည်း မြန်မာတို့ကို မနိုင်ပဲရှိနေသည်။ ထို့ကြောင့် အယုဒ္ဓယ မြို့တော် အထိ တပ်များကိုဆုတ်ခွာသွားရသည်။ အယုဒ္ဓယ မြို့တော်သည် မြစ်ဆုံတွင်တည် ရှိသဖြင့် မြစ်များက မြို့တော်ကို ကျုံးသဖွယ် ၀န်းရံနေသည်။မြန်မာတို့က ထိုမြစ်များကို ကူးပြီးခံတပ်များကို တိုက်ခိုက်ရသည်။မင်းတရားကြီးက တာတိုက်လင် ကွင်းပြင်ကြီးကို သိမ်းပိုက်လိုက်သည်။ ထိုအချိန်တွင် ယိုးဒယားမြို့အတွင်းရှိ တရုတ်များက တပ် ၂၂၀၀ ဖွဲ့ကာ မြန်မာတို့ကို ထွက်တိုက်လေသည်။ မြန်မာတို့က ပြန်တိုက်လေသော် တရုတ်တပ်များမှာ မခံနိုင်ပဲ တပ်ပျက်ရလေသည်။
မြန်မာတို့သည် ယိုးဒယား တို့ကို ၀န်းရံ နေစဉ် နေ့ရောညပါ အမြောက်ဖြင့် မြို့တော်တွင်း သို့ ပစ်သွင်းလေသည်။ ထိုအချိန်တွင် မြန်မာတို့မှာ ရုတ်တရုတ်တပ်များကို ပြန်စုကာ ဆုက်ခွာလေသည်။ အမှန်မှာ အလောင်းမင်းတရားးကြီးနေမကောင်းသောကြောင့်တပ်ဆုတ်ခြင်းဖြစ်သည်။ ဤသည်ကို ယိုးဒယား တို့က မြန်မာတို့ကြောက်၍ ပြေးပြီဟုဆိုကာ နောက်မှ လိုက်တိုက်သော် မင်းခေါင်နော်ရထာက ပြန်လည် တိုက်ထုတ်သဖြင့် ယိုးဒယားတို့ တပ်ပျက်ပြန်သည်။ ထိုစဉ် အလောင်းမင်းတရား မှာ မုတ္တမ အနီးရှိ ကင်းရွာအရောက်တွင် နတ်ရွာလားတော်မူသည်။ သို့သော်မှူးးမတ်တို့က မင်းကြီးနတ်ရွာလားသည်ကို မကြေညာပဲ နေပြည်တော်သို့ လူယုံကို စေလွှတ်လျက် အိမ်ရှေ့မင်းသား သားတော်ကြီးအား နန်းတော်ကို ထိန်းသိမ်းထားစေလျက် ရန်ကုန်ရောက်မှ နတ်ရွာလား ကြောင်း ကြေညာသည်။ နောင်တော်ကြီးလည်း ၁၁၂၂ ခုနှစ် နယုန်လပြည့်ကျော် ၉ ရက်နေ့တွင် နန်းတက်တော် မူလေသည်။ အလောင်းမင်းတရား နတ်ရွာလား ပြီး ဟု ယိုးဒယား တို့ကို နောက်ကြောင်းမှ နေပြီး ဖြည်းဖြည်း တိုက်နေသော မင်းခေါင်နော်ရထာကြားသော်သည် မြန်မာပြည်၀င်သည်နှင့် နေပြည်တော်သို့ မ၀င်ပဲ အင်း၀ သို့ချီတက် ကာ သိမ်းပိုက် လျက်နေလေသည်။ ထိုအခါ နောင်တော်ကြီးသည် မိမိ နန်းတက်သည် နှင့် နိုင်ငံတစ်၀န်းတွင် ပုန်ကန်မူများလည်း များလာသည်။ သို့သော် နောင်တော်ကြီးသည် ပုန်ကုန်သူများကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ သည်။
#credit