ထမင်းကြော်ကို ဆိုင်မှာကြော်တဲ့ပုံစံမျိုး အနံ့မွှေးမွှေးလေးနဲ့ ဆိုင်အရသာမျိုးထွက်ချင်ရင် ဒါလေးတွေသိထားဖို့လိုတယ်နော်…..

၁။ ထမင်းကြော်မယ်ဆိုရင် ဆန်ကရှမ်းဆန်လေးဆိုပိုကောင်းပါတယ် ရှမ်းဆန်က စီးစီးတောင့်တောင့်လေးဖြစ်စေရန် ထမင်းကို ချက်လျှင် မပျော့စေရန် အထူးသတိထားရမယ်။ ခုကျက် ခုကြော် မလုပ်ရဘူး။ ထမင်းကိုဖြန့်ပြီးကြိုတင် အအေးခံထားရပါမယ်။

၂။ အသားကိုအစိမ်းကြော်တာပိုမွှေးပြီးအရသာပိုရှိပါတယ်။ ပြုတ်ပီးအသားနဲ့ကြော်တာက အရသာနဲ့အနံ့မှာကြပိုပြီး ပြည့်စုံမူမရှိပါဘူး။ ပြီးရင်အသားတွေကို အထူကြီးမလှီးပဲ.ပါးပါးလေး တွေပဲလှီးပါ။ ထမင်းကြော်ကို ဝက်သားနဲ့ ကြော်လျှင်ဝက်ဆီလေးအနံ့လေးပါအောင်ကြော်ရပါ့မယ် ဝက်အူချောင်းအနံ့လေးရယ်ပါမှ ပိုမွှေးတာပါ။

၃။ အသီးအရွက်တွေ ကိုတတ်နိုင်သမျှ အတုံးအသေးလေးတွေပဲလှီးပါ။ ရေးဆေးပြီးရေကိုသေချာစစ်ထားပါ။ ရေမစစ်ပဲထည့်ကြော်မိလျှင် ထမင်းကြော်က ပြဲသွားပြီးအိုးအောက်ခြေမှထမင်းတွေနဲ့ကပ်ကုန်လို့ကြော်ရတာခက်တတ်ပါတယ်။

၄။ ထမင်းကြော်ထဲထည့်ရမဲ့အရသာအတွက်ပါဝင် ပစ္စည်းတွေကို တတ်နိုင်သမျှ တံဆိပ်ကောင်းကိုသာရွေးချယ်သုံးစွဲ စေချင်ပါတယ်။ ဗမာငံပြာရည်တို့ ဗမာကြာညိူ့တို့ ဗမာပဲငံပြာရည်တို့ကို ဒီလိုတရုတ်စတိုင်ကြော်လျှင် ထည့်သုံးလို့မရပါဘူး ဒါလည်းအရေးကြီးပါတယ်။

၅။ ထမင်းကြော်လျှင်ဆီကိုလက်မလွန်မိအောင်ဂရုစိုက်ထည့်ရပါမည်။ ဆီများပြီးအိရွှဲနေရင်လည်းအရသာပျက်ပါတယ်။ တတ်နိုင်သမျှ ကြော်မဲ့အိုးကိုချောင်ချောင်လေးထားပြီးကြော်တာပိုကောင်းပါ။ တစ်ပွဲစာနှစ်ပွဲစာပေါ့ ထမင်းတွေအိုးလိုက်ကြီး မှောက်လျှန်နေအောင်ကြော်ရင် အရသာ သိပ်မဝင်သလို ကြော်ရလည်းခက်တယ်။ တစ်ပွဲစာနှစ်ပွဲစာပဲကြော် ရင်အရသာလည်းထိထိမိမိနဲ့ပိုမွှေးအောင်အားရပါးရ လှိမ့်ကြော်လို့လည်းကောင်းပါတယ်။ နောက်ပီးကြော်မဲ့ အိုးဟာ ဆီဝနေပီးမကပ်တဲ့အိုးဆိုပိုကောင်းပါတယ်။

ကြော်နည်းလေးကတော့-

ရှမ်းဆန်ဖြင့်ချက်ထားသောထမင်းကိုတစ်ပွဲစာလောက်မှန်းပြီး ကြိုတင်အအေးခံထား ဝက်သားကို အသားတွေကို ပါးပါးလှီးပြီးပါ။ ငရုတ်ကောင်းမုန့်၊ အသားမုန့်၊ ကြာညို့ အနည်းငယ်ဖြင့် အရသာသွင်းထား ဝက်အဆီကို သုံးလေးဖတ်လောက်ပါးပါးလှီးထားပါ (ဆီထုတ်ရန်အတွက်)ဝက်အူချောင်းကို လက်ညိုးလောက်အရွယ်ကို ပါးပါးလှီးထားပါ။ ကြက်ဥတစ်လုံးကို ဆားအရသာမူန်ထည့်ပြီး ခလောက်ထားပါ။ ပဲသီးနှင့် ဥနီကို အတုံးလေးတွေတုံးပြီး သေချာရေဆေးပြီးစစ်ထား ကြက်သွန်နီ ကိုလေးစိတ်စိတ်ထား ကြော်မယ်ဆိုရင် အိုးပူမှဆီထည့်ပါ ဆီပူရင် ဝက်ဆီကိုအရင်ထည့်ကြော်မွှေးပြီဆို ဝက်ဆီဖတ်ကိုဆယ်ထား ထိုဆီပူနဲ့ပဲ့ ခလောက်ထားတဲ့ ကြက်ဥကိုအရင်ကြော် ဆယ်ထားအအေးခံကပ်ကြေးဖြင့် အနေတော်ညှပ်ထား ပြီးရင်ဝက်သားကိုထည့်ကြော် အသားတွေတင်းပြီးရလျှင် ဝက်အူချောင်းထည့်ကြော်ကြက်သွန်နီ ထည့်ဆီသတ် အသီးရွက်တွေထည့် နည်းနည်းလေးအိသွားရင် ထမင်းထည့်ကြော် အရသာအတွက် အသားမူန့် သကြား၊ ကြာညိူ့ ၊ ခရုဆီထည့်မွေပေး ငရုတ်ကောင်းမူန့်ထည့် မီးပြင်းပြင်းနဲ့ အားရပါးရ လှိမ့်ပြီးကြော်ပေးရင် အနံ့အရသာနဲ့ပြည့်စုံတဲ့.ထမင်းကြော် လေးရပါပြီ။

#credit