Home HERO OF MYANMAR စောလူးမင်း

စောလူးမင်း

4

စောလူးမင်း(ကောဇာ ၃၉၇-၄၀၄)၊ မင်းလုလင် ဟူ၍လည်း သမိုင်းတွင် ထင်ရှားသည်။ ငယ်ရွယ်သောမင်း ဟုအဓိပ္ပါယ်ရှိသည်။ ဖခင်ဖြစ်သူ အနော်ရထာ တည်ထောင်ခဲ့သည့် တိုင်းပြည်ကို အရည်အချင်းရှိရှိဖြင့် ဆက်ခံနိုင်သူ မဟုတ်ဟု သမိုင်းကပြဆိုသည်။

ဖခင် အနော်ရထာမင်း တည်လက်စ ရွှေစည်းခုံစေတီကိုလည်း ပြီးအောင်မတည်ခဲ့ပေ။ ငယ်ရွယ်သူ ဖြစ်သည့်အလျှောက် တိုင်းပြည်အုပ်ချုပ်ရေး တွင်အားနည်းပြီး၊ အပျော်အပါးတွင် ဝါသနာကြီးသူအဖြစ် ဖော်ပြလေ့ရှိကြသည်။

တိုင်းပြည်အခြေအနေ ယိုယွင်းလာမည်ကို ကြိုတင်မြင်ကြသည့် ရှင်အရဟံနှင့် မှူးးမတ်များ၏ အကြံပြုချက်ကြောင့် အနော်ရထာလက်ထက်က နန်းတော်မှစကာ ထွက်ပြေးနေသည့် ကျန်စစ်သား အားပြန်လည်ခေါ်ယူခဲ့သည်။

သို့သော် မခံချင်စိတ်ဖြင့် ပုန်ကန်သူ ပဲခူးစား ငရမန်ကန်းနှင့် စစ်ပြုရာ ၄င်း၏ ပရိယာရ်တွင် ကျဆုံးရပြီး၊ ပြည်တော်သာကျွန်းတိုက်ပွဲတွင် ရန်သူလက်သို့ပါရသည်။

ကျန်စစ်သားက ရန်သူတပ်တွင်း စွန့်စားဝင်ရောက်ကာ အချုပ်မှ ကယ်ရန် ကြိုးပမ်းသော်လည်း ယုံကြည်ခြင်း မရှိ၍ အော်ဟစ်ရုန်းကန်သောကြောင့် ရန်သူလက်တွင်း၌သာ အဖမ်းခံဘဝနှင့် အသတ်ခံရပြီး ကွယ်လွန်ခဲ့သည်။ ၄င်းကွယ်လွန်သော် ကျန်စစ်သားက ပုဂံထီးနန်းကို ဆက်ခံပြီး တိုင်းပြည်အခြေအနေကို ထိန်းသိမ်းခဲ့သည်။