Home GENERAL ဂြိုလ်သက်ရောက်တွက်နည်း

ဂြိုလ်သက်ရောက်တွက်နည်း

59

လက်ရှိရောက်နေသာ အသက် တည်ကိန်းပြုပြီး ဂြိုလ် ၈ လုံး နှင့်စား (၈ နှင့်စား) ပါ။ အကြွင်းရလျှင် ရသော အကြွင်းအတိုင်း မွေးနံကနေစပြီး အကြွင်းအရေအတွက်အတိုင်း ရေတွက်၍ ကျသော ဂြိုလ်သည် သက်ရောက်ဂြိုလ်ပင်ဖြစ်သည်။ ဥပမာ ဇာတာရှင်သည် ၁၃၅၁ခု တနင်္ဂနွေသား။

၁။ ရောက်ဆဲသက္ကရာဇ် ၁၃၇၆ (၂၀၁၄)
မွေးဖွားသက္ကရာဇ် ၁၃၅၁ (၁၉၉၀)
_______________________________
အသက် ၂၅ နှစ် (မိမိအသက်အမှန်သိလျှင် ထိုကဲ့သို့ချတွက်စရာမလိုပါ)
(မြန်မာသက္ကရာဇ်ကိုမသုံးဘဲ ခရစ်နှစ်အတိုင်း နှုတ်သော် ၂၄ ရသည် မိမိမွေးနေ့မွေးလကျော်ပါက ၁ခုတိုးရန်လိုအပ်သည် ထို့ကြောင့် မေ ၁၃မှာမွေးသူဖြစ်ပါက ယခု နိုဝင်ဘာ ၁၀ ဆိုလျှင် ၁ခုတိုး ၂၅ နှစ်ဖြစ်သည်။ )
၂။ ၂၅ ကို ၈ နဲ့စား သော် ၁ ကြွင်း၏ တနင်္ဂနွေသားဖြစ်သောကြောင့် တနင်္ဂနွေဂြိုလ်ခွင်မှ စ၍ ရေတွက်သော် ၁ ခုမြောက်မှာ တနင်္ဂနွေဂြိုလ်ခွင်ပင်ဖြစ်သဖြင့် တနင်္ဂနွေဂြိုလ်သက်ရောက်ဖြစ်၏။ ထို့ကြောင့် ယခုကာလအား တနင်္ဂနွေဂြိုလ်သက်ရောက်နေသော ကာလဟု မှတ်ယူရမည်ဖြစ်သည်။ (ပုံတွင်ကြည့်ပါ)
(အကယ်၍ သုညကြွင်းခဲ့သော် အသက်သုန်းသည်ဟုခေါ်ဆိုပြီး တစ်ခွင်ဆုတ်ပြီး ရေတွက်ပါ ဥပမာ တနင်္ဂနွေ ၀ ကြွင်းသော် တစ်ခွင်ဆုတ် သော် သောကြာဂြိုလ်ခွင်သက်ရောက်ဖြစ်၏) (ပုံတွင်ကြည့်ပါ)

ထို့အတူ တနင်္လာသားဖြစ်သော် တနင်္လာဂြိုလ်ခွင်မှစ၍ အကြွင်းအတိုင်းရေတွက်ပါ။ အကြွင်းကျသောဂြိုလ်သည် သက်ရောက်ဂြိုလ်ပင်ဖြစ်သည်။ မှတ်ချက်။ ။ ပုံမှာပါသည့် ၁ ၂ ၃ ၄ ၀ ၅ ၈ ၆ ဆိုတာ နေ့နံဂဏန်းတွေသာဖြစ်ပါတယ် အကြွင်းရေရမယ့် ဂဏန်းတွေမဟုတ်ပါ ။ အကြွင်းရလျှင် ထိုအကြွင်းအရေအတွက်အတိုင်း မျှားအနီးလေးပြရာ အကွက်အစဉ်အတိုင်း ရေတွက်ရန်သာဖြစ်ပါတယ်။ ပုံပါ ဂဏန်းများနှင့်သက်ဆိုင်ခြင်းမရှိပါ။ မိမိ၏သက်ရောက်ဂြိုလ်ကိုတွက်ကြည့်ပြီး သိရှိပါက သက်ရောက်ဂြိုလ်ခွင်တစ်ခုချင်းစီ၏ အဟောများကို အောက်မှာဆက်လက်ဖတ်ရှုနိုင်ပါသည်။

=============================
#ဂြိုလ်သက်ရောက်ဟောကိန်းများ
တနင်္ဂနွေသက်ရောက်
*********************–
(စာမျက်နှာတွင် တင်ထားသော သက်ရောက်အဟောတွက်နည်းကို သိပြီး မိမိ ဘယ်ဂြိုလ်သက်ရောက် သည်ကို သိရှိပြီးလျှင် တနင်္လာဂြိုလ်သက်ရောက် ယေဘူယျ အဟောကို ဖော်ပြပါမည်)

တနင်္ဂနွေသက်ရောက်လျှင် လူလိမ်လူခိုးခံရတတ်သည်။ အိုးအိမ်မတည်ဖြစ်တတ်သည်။ သားမယားအတွက် စိတ်များရတတ်သည်။ ကျွုဲ နွားခြေလေးချောင်းစသောသတ္တဝါထွက်တတ်သည်။ ရုံးပြင်ကနားရောက်တတ်သည်။ တစ်နှစ်အတွင်းအခြေမတည်နေရတတ်သည်။အနာအဆာလည်းရတတ်သည်။ရန်လည်းရှိသည်။ တောင်အရပ်က နဖူးမောက် နယောင်ကောက်သောသူဝင်လျှင် လက်မခံနှင့်။မိန်းမလည်းနှောက်ယှက်တတ်သည်။ ခိုးကိန်း မီးကိန်းမြင်သည်။ ဝမ်းရောဂါ လေရောဂါ စွဲကပ်တတ်သည်။ ယခုနှစ် အရှေ့မြောက်အရပ်ကို ရှောင်ပါ။ တနင်္ဂနွေသားသမီးကိုလည်းရှောင်ပါ။

မှတ်ချက် – ယခုနှစ်တွင် တနင်္ဂနွေဂြိုလ်သက်ရောက်သူသည် နောင်နှစ်တွင် တခြားဂြိုလ်သက်ရောက်ဖြစ်သဖြင့် တစ်နှစ်နှင့်တစ်နှစ်သက်ရောက်ဂြိုလ်ချင်းမတူညီပေ။
(တစ်ဦးချင်း၏ မွေး -ခုနှစ်၊ရက်၊လ၊အချိန်တို့အပေါ်မူတည်၍ ဟောကိန်းတစ်ခုနှင့်တစ်ခု အသေးစိတ် အကျယ် ထပ်မံကွဲပြားပြန်ပေသည်)
=============================
တနင်္လာဂြိုလ်သက်ရောက်ဟောကိန်း
(စာမျက်နှာတွင် တင်ထားသော သက်ရောက်အဟောတွက်နည်းကို သိပြီး မိမိ ဘယ်ဂြိုလ်သက်ရောက် သည်ကို သိရှိပြီးလျှင် တနင်္လာဂြိုလ်သက်ရောက် ယေဘူယျ အဟောကို ဖော်ပြပါမည်)

တနင်္လာဂြိုလ်သက်ရောက်လျှင် ခြေနှစ်ချောင်းဝင်တတ်သည်။ရုတ်တရက် ငွေကြေးမြောက်များစွာ ဝင်တတ်သည် သို့မဟုတ် မိမွေဖမွေရတတ်သည်။ အလှူဒါနများ ပြုရတတ်သည်။ အမှုအခင်း ကိစ္စများ ပြဿနာများအား အောင်မြင်စွာ ဖြေရှင်းနိုင်တတ်သည်။ အပျို လူပျိုဖြစ်လျှင် ချစ်ခင်သူနှင့်တွေ့ရတတ်သည်။ သွားလေရာ မျက်နှာပွင့်လန်းမည်။ တနင်္လာသားသမီး ကြာသပတေးသားသမီးများနှင့် မိတ်ဖက်ပြုစီးပွားရှာပါက အောင်မြင်ဖြစ်ထွန်းပါလိမ့်မည်။

မှတ်ချက် – ယခုနှစ်တွင် တနင်္လာဂြိုလ်သက်ရောက်သူသည် နောင်နှစ်တွင် တခြားဂြိုလ်သက်ရောက်ဖြစ်သဖြင့် တစ်နှစ်နှင့်တစ်နှစ်သက်ရောက်ဂြိုလ်ချင်းမတူညီပေ။
(တစ်ဦးချင်း၏ မွေး -ခုနှစ်၊ရက်၊လ၊အချိန်တို့အပေါ်မူတည်၍ ဟောကိန်းတစ်ခုနှင့်တစ်ခု အသေးစိတ် အကျယ် ထပ်မံကွဲပြားပြန်ပေသည်)
=============================
အင်္ဂါဂြိုလ်သက်ရောက်ဟောကိန်း
(စာမျက်နှာတွင် တင်ထားသော သက်ရောက်အဟောတွက်နည်းကို သိပြီး မိမိ ဘယ်ဂြိုလ်သက်ရောက် သည်ကို သိရှိပြီးလျှင် အင်္ဂါဂြိုလ် သက်ရောက် ယေဘူယျ အဟောကို ဖော်ပြပါမည်)

အင်္ဂါဂြိုလ်သက်ရောက်သောနှစ်တွင် အိမ် ပတ်ဝန်းကျင် အပေါင်းအသင်း အလုပ် ပြဿနာများဖြစ်ပွားတတ်သည်။ဒေါသဖြစ်လောက်စရာ ကိစ္စများမကြာခဏကြုံ့ရတတ်သည်။ သည်းခံမှတော်ကာကျမည်။ ခိုက်ရန်များခြင်းများဖြစ်တတ်သည်။ အခြားမိသားစု များနှင့် စကားများရတတ်သည်။ ရန်သူအနှောက်အယှက်များကြုံတွေ့တတ်သည်။ အပျိုအရွယ် လူပျိုအရွယ်များ ချစ်သူရည်းစား အပြိုင်အဆိုင်များ ပေါ်ပေါက်တတ်သည်။ ပစ္စည်းပျောက်ရှတတ် သူခိုးအခိုးခံရတတ်သည်။ သွေးထွက်သံယိုဖြစ်ခြင်းများလည်းဖြစ်တတ်သည် အလုပ်အကိုင်မဖြောင့်ညံ့တတ်သည်။ ဆုံးရှုံးတတ်သည်။ အထူးဖြင့် ချစ်သောသူများနှင့်ကွေးကွင်း၇တတ်သည် အင်္ဂါဂြိုလ်သက်ရောက်သော် အကောင်းလည်းရှိသော်ငြား အညံ့ကများ၏။ အဓိကအားဖြင့် စကားအပြောအဆို ဆင်ခြင်ဖို့လိုအပ်ပါသည်။

မှတ်ချက် – ယခုနှစ်တွင် အင်္ဂါဂြိုလ်သက်ရောက်သူသည် နောင်နှစ်တွင် တခြားဂြိုလ်သက်ရောက်ဖြစ်သဖြင့် တစ်နှစ်နှင့်တစ်နှစ်သက်ရောက်ဂြိုလ်ချင်းမတူညီပေ။
(တစ်ဦးချင်း၏ မွေး -ခုနှစ်၊ရက်၊လ၊အချိန်တို့အပေါ်မူတည်၍ ဟောကိန်းတစ်ခုနှင့်တစ်ခု အသေးစိတ် အကျယ် ထပ်မံကွဲပြားပြန်ပေသည်)
=============================
ဗုဒ္ဓဟူးဂြိုလ်သက်ရောက်ဟောကိန်း
(စာမျက်နှာတွင် တင်ထားသော သက်ရောက်အဟောတွက်နည်းကို သိပြီး မိမိ ဘယ်ဂြိုလ်သက်ရောက် သည်ကို သိရှိပြီးလျှင် ဗုဒ္ဓဟူးဂြိုလ်သက်ရောက် ယေဘူယျ အဟောကို ဖော်ပြပါမည်)

ဗုဒ္ဓဟူးဂြိုလ်သို့သက်ရောက်လျှင် ငွေကြေးရရှိခြင်းများ လဘ်လာဘရုတ်တရက်ဝင်ခြင်းများဖြစ်တတ်သည်။ ဗုဒ္ဓဟူးနံများဝင်တတ်သည်။ ဥပမာ ရွှေဝင်ခြင်း လူ (သိသူ/မသိသူ) ဝင်ခြင်းများဖြစ်တတ်သည်။ စီးပွားဥစ္စာလဘ်လာဘများ တိုးတက်တတ်သည်။ စုတ်လဘ် ခြေနှစ်ချောင်းဝင်တတ်သည်။ ချစ်သူခင်သူနှင့်တွေ့ရတတ်သည်။ ဗုဒ္ဓဟူးသက်ရောက်ကာလတွင် ကျမ်းမာရေးအညံ့ရှိတတ်သည် ရဲယို ၊ ဖရုံ ၊ ဝက်သား ရှောင်ပါ။ အထူးသဖြင့် လူဝင်လူထွက်များလာလျှင် သတိပြုပါ လိမ်လည်သူများ ခိုးယူသူများနှင့် ကြုံတွေ့ရတတ်ပေသည်။

မှတ်ချက် – ယခုနှစ်တွင် ဗုဒ္ဓဟူးဂြိုလ်သက်ရောက်သူသည် နောင်နှစ်တွင် တခြားဂြိုလ်သက်ရောက်ဖြစ်သဖြင့် တစ်နှစ်နှင့်တစ်နှစ်သက်ရောက်ဂြိုလ်ချင်းမတူညီပေ။
(တစ်ဦးချင်း၏ မွေး -ခုနှစ်၊ရက်၊လ၊အချိန်တို့အပေါ်မူတည်၍ ဟောကိန်းတစ်ခုနှင့်တစ်ခု အသေးစိတ် အကျယ် ထပ်မံကွဲပြားပြန်ပေသည်)
=============================
ကြာသပတေး သက်ရောက်အဟော
(စာမျက်နှာတွင် တင်ထားသော သက်ရောက်အဟောတွက်နည်းကို သိပြီး မိမိ ဘယ်ဂြိုလ်သက်ရောက် သည်ကို သိရှိပြီးလျှင် ကြာသပတေးဂြိုလ်သက်ရောက် ယေဘူယျ အဟောကို ဖော်ပြပါမည်)

ကြာသပတေးဂြိုလ်သက်ရောက်လျှင် ခရီးဝေး သွားရေး ကြုံရတတ်သည်။ လူပျိုအပျိုဖြစ်လျှင် မတော်တဆ အိမ်ထောင်ကျတတ်သည်။ စီးပွားလဘ်လာဘများ ရရှိတတ်သည်။ မြေ နဲ့ပတ်သက်သော ကိစ္စများပေါ်ပေါက်တတ်သည်။ ကောင်းသောကိစ္စများတွင် မိန်းမ တစ်ဦးဦး၏ အဖျက်ကြုံရတတ်သည်။ အမွေအနှစ်များ သို့မဟုတ် ငွေကြေးများ ရုတ်တရက်ရရှိတတ်သည်။ ချစ်သူခင်သူလည်းပေါများတတ်ပေသည်။
မှတ်ချက် – ယခုနှစ်တွင်ကြာသပတေးဂြိုလ်သက်ရောက်သူသည် နောင်နှစ်တွင် တခြားဂြိုလ်သက်ရောက်ဖြစ်သဖြင့် တစ်နှစ်နှင့်တစ်နှစ်သက်ရောက်ဂြိုလ်ချင်းမတူညီပေ။

(တစ်ဦးချင်း၏ မွေး -ခုနှစ်၊ရက်၊လ၊အချိန်တို့အပေါ်မူတည်၍ ဟောကိန်းတစ်ခုနှင့်တစ်ခု အသေးစိတ် အကျယ် ထပ်မံကွဲပြားပြန်ပေသည်)
=============================
သောကြာဂြိုလ်သက်ရောက်ဟောကိန်း
(စာမျက်နှာတွင် တင်ထားသော သက်ရောက်အဟောတွက်နည်းကို သိပြီး မိမိ ဘယ်ဂြိုလ်သက်ရောက် သည်ကို သိရှိပြီးလျှင် သောကြာဂြိုလ်သက်ရောက် ယေဘူယျ အဟောကို ဖော်ပြပါမည်)

သောကြာခွင်သက်ရောက်လျှင် ခရီးအသွားအလာများတတ်သည်။ စီးပွားချမ်းသာ တိုးတက်မည်။ အိမ်ခြံမြေ ရွှေ ငွေ ပစ္စည်း။ လူပျိုအပျို ဇနီးကောင်း ခင်ပွန်းကောင်းရရှိတတ်သည်။ အလုပ်အကိုင် ရာထူးအဆင့်အတန်း လခကြေးငွေ တိုးတက်မည်။ ဆင်းရဲနွမ်းပါးသူသည်လည်း စီးပွားဥစ္စာတိုးတက်တတ်သည်။ အိုးအိမ်အသစ်ရတတ်သည်။ ရဟန်းဖြစ်လျှင် ကျောင်းသစ်ရတတ်သည်။ ဘုန်းတန်ခိုးကြီးမားတတ်သည်။ ကြည်ညိုလေးစား မည့်သူပေါများတတ်ပေသည်။

မှတ်ချက် – ယခုနှစ်တွင် သောကြာဂြိုလ်သက်ရောက်သူသည် နောင်နှစ်တွင် တခြားဂြိုလ်သက်ရောက်ဖြစ်သဖြင့် တစ်နှစ်နှင့်တစ်နှစ်သက်ရောက်ဂြိုလ်ချင်းမတူညီပေ။
(တစ်ဦးချင်း၏ မွေး -ခုနှစ်၊ရက်၊လ၊အချိန်တို့အပေါ်မူတည်၍ ဟောကိန်းတစ်ခုနှင့်တစ်ခု အသေးစိတ် အကျယ် ထပ်မံကွဲပြားပြန်ပေသည်)
============================
စနေဂြိုလ်သက်ရောက်ဟောကိန်း
(စာမျက်နှာတွင် တင်ထားသော သက်ရောက်အဟောတွက်နည်းကို သိပြီး မိမိ ဘယ်ဂြိုလ်သက်ရောက် သည်ကို သိရှိပြီးလျှင် စနေဂြိုလ်သက်ရောက် ယေဘူယျ အဟောကို ဖော်ပြပါမည်)

စနေဂြိုလ်သက်ရောက်လျှင် ပြဿနာများခြင်း အမှုအခင်းပေါ်ခြင်း သွေးထွက်သံယိုဖြစ်ခြင်းများဖြစ်ပေါ်တတ်သည်။ မြေ ရွှေ အိမ်ယာ ရောင်းဝယ်ခြင်းပြုလျှင် အရှုံးပေါ်တတ်သည်။ တစ်ရပ်တစ်ကျေး ခရီးဝေး သွားလျှင် ဘေးဥပါဒ်ပေါ်ခြင်း စိတ်ချမ်းသာစရာ ကင်းခြင်းများဖြစ်တတ်သည်။ ငွေကုန်ကြေးကျများတတ် ဥစ္စာပျောက် သူခိုးအခိုးခံရတတ်သည်။ မိန်းမတစ်ဦးဦးကြောင့် စိတ်သောကရောက်တတ် အမှုအခင်းဖြစ်တတ်သည်။ စနေဂြိုလ်သက်ရောက်လျှင် မဟာဇနက သင်္ဘောပျက်ကိန်းသဖွယ်ဖြင့်သဖြင့် သီလလုံအောင်စောင့်ပါ ကုသိုလ်အမှု အစဉ်ပြုပါလေ။

မှတ်ချက် – ယခုနှစ်တွင် စနေဂြိုလ်သက်ရောက်သူသည် နောင်နှစ်တွင် တခြားဂြိုလ်သက်ရောက်ဖြစ်သဖြင့် တစ်နှစ်နှင့်တစ်နှစ်သက်ရောက်ဂြိုလ်ချင်းမတူညီပေ။
(တစ်ဦးချင်း၏ မွေး -ခုနှစ်၊ရက်၊လ၊အချိန်တို့အပေါ်မူတည်၍ ဟောကိန်းတစ်ခုနှင့်တစ်ခု အသေးစိတ် အကျယ် ထပ်မံကွဲပြားပြန်ပေသည်)
======================
ရာဟုဂြိုလ်သက်ရောက်ဟောကိန်း
(စာမျက်နှာတွင် တင်ထားသော သက်ရောက်အဟောတွက်နည်းကို သိပြီး မိမိ ဘယ်ဂြိုလ်သက်ရောက် သည်ကို သိရှိပြီးလျှင် ရာဟုဂြိုလ်သက်ရောက် ယေဘူယျ အဟောကို ဖော်ပြပါမည်)
ရာဟုဂြိုလ်

ရာဟုဂြိုလ်ခွင်သက်ရောက်လျှင် ပူပင်သောက များရတတ်သည်။ လူကြီးမိဘ ဆရာသများနှင့် မသင့်မတင့်ဖြစ်နေတတ်သည်။ လင်မယား စကားများတတ်သည်။ မတော်တဆ ကွဲကွာရတတ်သည်။ တစ်ရပ်တစ်မြေ နေရာထိုင်ခင်း ပြောင်းရွှေ့ရတတ်သည်။ ပစ္စည်းဥစ္စာများ ပျောက်ပြက်တတ် ဆုံးရှုံးတတ်သည်။ လူလိမ် လူကောက် သူခိုး အနှောက်အယှက်ပြုတတ်သည်။ ကိုယ့်ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းထဲမှ မကောင်းပြော မကောင်းကြံတတ်သည်။ အစွပ်အစွဲခံရ အနာရောဂါများခံစားရတတ်သည်။ အနောက်အရပ်ကို သတိထားရှောင်ကြဉ်ပါ မသွားပါနှင့်
မှတ်ချက် – ယခုနှစ်တွင် ရာဟုဂြိုလ်သက်ရောက်သူသည် နောင်နှစ်တွင် တခြားဂြိုလ်သက်ရောက်ဖြစ်သဖြင့် တစ်နှစ်နှင့်တစ်နှစ်သက်ရောက်ဂြိုလ်ချင်းမတူညီပေ။

(တစ်ဦးချင်း၏ မွေး -ခုနှစ်၊ရက်၊လ၊အချိန်တို့အပေါ်မူတည်၍ ဟောကိန်းတစ်ခုနှင့်တစ်ခု အသေးစိတ် အကျယ် ထပ်မံကွဲပြားပြန်ပေသည်)
သက်ရောက် ဂြိုလ်ရှစ်ခွင် ယေဘူယျ အဟောပြီး၏
crd-ဆရာဝေဒ