၁။တကယ်ကိုဆေးစွမ်းထက်တဲ့ဟင်းရည်မလို့
ဆေးတော်ကြီးဟင်းရည်လို့ခေါ်ပါတယ်၊
ပါဝင်တဲ့ဆေးအမယ်တွေက လယ်ကန်စွန်းရိုးနီနဲ့
ကင်ပွန်းချဉ်ရွက်ပဲဖြစ်ပါတယ်။
သူတို့ကို သမားတော်ကြီးနှစ်ဦးလို့ဆိုသင့်ပါတယ်။
ကျွန်တော့်ဆရာတွေကတော့”ဝိဇ္ဇာညီနောင်”လို့
တင်စားခဲ့ကြပါတယ်။
ကန်စွန်းရိုးနီကသွေးအပြစ်ပြုတာတွေရှင်းလင်း
ကုသပေးပြီး ကင်ပွန်းချဉ်ကတော့သွေးတွင်းပိတ်
ဆို့တာကိုရှင်းပေးပြီးဝမ်းကိုအကျိုးပြုတယ်လို့
အဓိကအကြောင်းရင်းကိုအတိုချုပ်ရှင်းပြဖူးပါ
တယ်။
ဆရာတွေပြောခဲ့သလိုတင်စားပြီးပြောပါ့မယ်။
ဒီဆေးဝိဇ္ဇာညီနောင်ဟင်းရည်ကိုစားကောင်းသ
လိုချဉ်ရည်ဟင်းချက်ပြီးထမင်းမစားမီဆယ့်ငါး
မိနစ်ခန့်ကြိုတင်ပြီးဟင်းရည်တစ်ပန်းကန်ကြို
သောက်ထားရင်ဝမ်းထဲမှာပြည့်တင်းနေတဲ့လေ
တွေ ပြိုကဲပြီးအစာစားခြင်းစိတ်ကိုဖြစ်ပေါ်စေပါ
တယ်၊ထမင်းစားနေစဉ်နဲ့စားအပြီးမှာသောက်ရင်
လည်းသွေးပြစ်သွေးတိုးခြင်းနဲ့ဆီးချိုသွေးချို
တက်ခြင်းကင်းဝေးကာ စိတ်ကြည်လန်းဆန်းစေ
ပါတယ်။
မှတ်ချက်။  သွေးပြစ်သွေးတိုး၊ဆီချိုသွေးချို
တက်ခြင်း၏အဓိကအကြောင်းရင်းတစ်ခုမှာ
အစာမကြေခြင်းဝမ်းချုပ်စမြင်းခံခြင်းများ
ကြောင့်ဖြစ်လေ့ရှိပါသည်။
ဝမ်းချုပ်စမြင်းခံခြင်းကိုဖြစ်စေသည့်အစာစား
နေစဉ်နှင့်စားပြီးပြီးခြင်းရိုးရိုးရေအေး၊ရေခဲရည်
စသည်တို့ကိုလုံးဝမသောက်ပဲရှောင်ကြဉ်ကြပါရန် အကြံပြုပါ၏။အစားစားနေစဉ်ရေနွေးသင့်ရုံနှင့်ဟင်းရည်တဝသောက်၍ရပါသည်၊အစာစားပြီး
ပါကအစာကြေစေရန်အညာထန်းလျက်အညို
တစ်ခဲနှစ်ခဲကိုရေနွေးဖြင့်သောက်သုံးပေးကြပါ၊
ရေအေးကိုမူထမင်းစားပြီးတစ်နာရီကျော်မှသာ
နည်းနည်းခြင်းသာသောက်ပါရန်။
၂။ဤသို့ဆင်ခြင်ညဏ်ရှေ့သွားစားသောက်နေ
ထိုင်ပြီးဝိဇ္ဇာညီနောင်ဟင်းရည်ကိုမှီဝဲသောက်သုံး
သွားပါကသွေးပြစ်၊သွေးတိုး၊ဆီးချိုသွေးချိုဝေဒ
နာများနှင့်အဆစ်အမြစ်ကိုက်ခဲဝေဒနာများအတွက်
ဆေးတိုးကာကျန်းမာလာနိုင်မည်ဖြစ်၍လယ်ကန်
စွန်းရိုးနီကင်ပွန်းချဉ်ဆေးတော်ကြီးဟင်းရည်ခေါ်
ဝိဇ္ဇာညီနောင်ဟင်းရည်ကိုသောက်သုံးသင့်ကြောင်းပါဗျာ။
#crd
                





