Memory (RAM) မှာပါတဲ့ Bus Speed ဆိုတာကတော့ RAM ရဲ့ (data transfer rate) ကိုဆိုလိုပါတယ်။ Ram တစ်ချောင်းရဲ့ Bus Speed က system performance အတွက် အရေးကြီးတယ်။
Bus Speed ဆိုတာဘာလဲ?
Bus Speed (အခြားနာမည် – Memory Clock Speed) ဆိုတာက
RAM နဲ့ CPU တို့ကြားမှာ data ပေးပို့တဲ့အမြန်နှုန်း ကိုဆိုလိုပါတယ်။
Clock Speed မြင့်လာတာနဲ့အမျှ RAM က data ပိုမြန်မြန် read/write လုပ်နိုင်တယ်။
RAM Bus Speed မြင့်လာရင် ဘာတွေကောင်းလာလဲ?
Program Load မြန်တယ်
Game, app တွေကို loading လုပ်တဲ့အခါ ပိုမြန်တယ်
Multitasking ပိုလုပ်ငန်းတွေအတွက် ပိုကောင်းတယ်
Application တော်တော်များများ run ထားတဲ့အခါ Bus Speed မြင့်တဲ့ RAM မှာ lag မဖြစ်နိုင်အောင်ကူညီပေးပါတယ်။
Gaming Performance တိုးတယ်
အသုံးပြုတဲ့ RAM Type & Speed ဥပမာ
DDR3 1333MHz ~ 1866MHz
DDR4 2133MHz ~ 3200MHz+
DDR5 4800MHz ~ 8000MHz+
CPU & Motherboard အမျိုးအစားအပေါ်မူတည်ပြီး RAM Speed support လုပ်နိုင်တဲ့အကန့်အသတ်ရှိတတ်တယ်။
RAM speed မြင့်ပေမဲ့ CPU အနေနဲ့ support မလုပ်နိုင်ရင် အဲ့ Ram ကိုသုံးမရပါဘူး။ အဲ့ဒါကြောင့် motherboard ဝယ်တဲ့အခါမှာ Ram Speed ဘယ်လောက်အထိ တပ်လို့ရမလဲဆိုတာကို ကြည့်သင့်ပါတယ်။
#credit to original uploader





