Home COMPUTER HARDWARE Laptop battery ကျန်းမာရေး ကိုစစ်ကြည့်မယ်

Laptop battery ကျန်းမာရေး ကိုစစ်ကြည့်မယ်

12

ကိုယ့် laptop battery ကျန်းမာရေး ကိုစစ်ကြည့်မယ်

Laptop Battery မှမဟုတ်ပါဖူး ဘယ် Battery မဆို အသစ်နဲ့ယှဉ်ရင် ကြာလေ စွမ်းဆောင်ရည်လျှော့လေပါ။

Battery ကိုအဓိက သက်တမ်းတိုစေတဲ့အချက်ကတော့ ဘယ်နှကြိမ် အားသွင်းလိုက် အားပြန်ကုန်လိုက် ဖြစ်သလဲဆိုတဲ့ စက်ဝန်း (Charge Cycle) ပေါ်မှာမူတည်ပြီးတော့ Battery သက်တမ်းက တိုတိုသွားတာပါ။ အသစ်တုန်းကနဲ့ယှဉ်ရင်ဘယ်လောက်ကောင်းသေးလဲဆိုတာကို ကြည့်နည်းလေးတစ်ခု့ step by step တင်ပေးလိုက်ပါတယ်။ အောက်ကတစ်ပုံခြင်းစီကြည့်ပြီးလိုက်လုပ်နိုင်ပါတယ်။
….
65% အောက်ကို ကျနေရင်တော့ Battery အသစ်လဲသင့်နေပါပြီ Laptop ကိုပါထိခိုက်နိုင်ပါတယ်။
90-70 % ကြားရှိတဲ့လူတွေကတော့ သက်တမ်းလျှော့တာကိုလျှော့ချနိုင်ဖို့ Laptop ကိုဂရု့စိုက်ပေးပါဗျ။

ဘာတွေသတိထားရမလဲဆိုရင်

1. Laptop ကို အရမ်းမပူပါစေနဲ့ (နိုင်ငံကပူတဲ့နိုင်ငံဆိုတော့ Cooling Fan သုံးပါ)

2. အားအပြည့်ဖြစ်နေရင် ဆက်ပြီး ကြိုးတပ်ထားတာမျိုးကိုရှောင်ပါ။
(ကြိုးတပ်သုံးချင်ရင် Battery ဖြုတ်ထားလို့ရပါတယ်)

3. 50% အထိ Plug မတပ်ပဲအသုံးပြု့ပြီး အားအပြည့် ပြန်သွင်းခြင်းကို တစ်ပတ် တစ်ခါလုပ်ပါ။

4. တစ်လပြည့်ရင် Laptop က 10 mins left လို့ပြတဲ့အထိ On-battery အသုံးပြု့ပြီး အပြည့်ပြန်သွင်းပါ။
ဒါကို Full Discharge လို့ခေါ်ပါတယ်။ Battery ထုတ်တဲ့ Manufacturer တွေကတောင် အဲ့လိုလုပ်ဖို့ အကြံပေးထားတဲ့အတွက် ရဲရဲသာလုပ်ပါဗျ။
Laptop Battery ကိုဂရု့စိုက်ရင် အခြား Component တွေရဲ့ Perfomance ကိုလဲ သိသိသာသာ efficient ဖြစ်စေပါတယ်။

#credit to original uploader