Home GENERAL ကလေးတွေက မိဘကို ဘာလို့မလေးစားတာလဲ?

ကလေးတွေက မိဘကို ဘာလို့မလေးစားတာလဲ?

13

ကလေးတွေက မိဘကို ဘာလို့မလေးစားတာလဲ?

ဒီအချက်ကို ကျွန်တော်တို့အားလုံး
သေချာစဉ်းစားကြည့်ဖို့ လိုပါတယ်။
ကလေးတွေဆိုတာ ဖယောင်းလိုပါပဲ။
သူတို့မျက်စိရှေ့မှာ မြင်ရတဲ့ ပုံစံ၊ ကြားရတဲ့
စကားလုံးတိုင်းက သူတို့ရဲ့စိတ်ထဲမှာ
အလိုအလျောက် ပုံသွင်းခံရတယ်။

အိမ်ထောင်တစ်ခုမှာ မိဘနှစ်ပါးက
တစ်ယောက်ကိုတစ်ယောက် မလေးစားဘူး၊
ဂုဏ်မတင်ဘူးဆိုရင် ကလေးက
အဲဒီအပြုအမူကို “ ဒါက ပုံမှန်ပဲ” လို့
ထင်သွားတတ်ပါတယ်။
ဥပမာ၊ ဖေဖေက မေမေ့ကို အရေးမလုပ်ဘဲ
ကိုယ်လုပ်ချင်တာပဲ လုပ်နေတာမျိုး၊
ဒါမှမဟုတ် မေမေက ဖေဖေ့ကို
လူရှေ့သူရှေ့မှာ စိတ်ထင်တိုင်း
လျှောက်ပြောနေတာမျိုးဆိုရင်၊
ကလေးက သူတို့ရဲ့မိဘတစ်ယောက်ကို
ဘယ်လိုဆက်ဆံရမယ်ဆိုတာကို
ဒီအပြုအမူတွေကနေပဲ သင်ယူသွားတာပါ။

ဒီလိုမျိုး မလေးစားတဲ့အပြုအမူတွေကို
ကလေးက နေ့စဉ်မြင်နေရတော့
သူတို့ရဲ့စိတ်ထဲမှာ “ ဟယ်၊
ဒီလိုလုပ်လို့ရတာပဲ” ဆိုတဲ့ အသိက ဝင်သွားတယ်။
အဲ့ဒီအခါမှာ မိဘကို မလေးစားဖို့၊
တို့ရဲ့လိုအပ်ချက်တွေကိုသာ
ဦးစားပေးဖို့က သူတို့အတွက်
သာမန်ကိစ္စတစ်ခု ဖြစ်လာပါတော့တယ်။

တကယ်တော့ ကလေးတွေက မိဘကို
လေးစားလာစေဖို့အတွက်
ဘယ်အရာကမှ အရေးမကြီးပါဘူး။
မိဘနှစ်ပါးက တစ်ယောက်ကိုတစ်ယောက်
လေးစားမှုရှိကြောင်း ကလေးကို
လက်တွေ့ပြသပေးဖို့က အဓိကအကျဆုံးပါပဲ။
အဲဒီလို လေးစားမှုရှိတဲ့ အိမ်ထောင်ကို
ကလေးက တွေ့မြင်နေရရင်၊
သူတို့ကိုယ်တိုင်လည်း
လေးစားမှုရှိတဲ့သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

#credit to original uploader