SSD ထဲမှာ အရေးကြီးတဲ့ Data တွေအပြင် Operating System ကိုပါထည့် RUN ထားရတယ်ဆိုပါတော့။ တစ်ခု့ခု့ဖြစ်သွားခဲ့ရင် Data တွေပါပျောက်သွားနိုင်ပါတယ်။ ကိုယ့် SSD ရဲ့ကျန်းမာရေးအခြေအနေကိုသိမှသာ အချိန်မှီ ပြင်ထားဆင်ထားနိုင်မှာပါ။ ဒါကြောင့် ၁၀မိနစ်လောက်အချိန်ပေးပြီး SSD ကိုစစ်ပေးတာက ကိုယ့် Data အတွက် ကြိုတင်ကာကွယ်မှု့ယူထားတာနဲ့တူတူပါပဲ။
…..
ဆိုတော့ ဘာ Software နဲ့စစ်မလဲ ??
–
CrystalDiskInfo ဆိုတဲ့ tool နဲ့စစ်လို့ရပါတယ်။ Free tool ဖြစ်တဲ့အပြင်ကို အရေးကြီးတဲ့ အချက်အလက်လေးတွေကိုပြပေးနိုင်တဲ့အတွက် တော်တော်အသုံးဝင်ပါတယ်။ Google မှာ သူ့နာမည်ကိုပဲရိုက်ရှာပြီး Download လွယ်လွယ်ကူကူသွားဆွဲလို့ရပါတယ်။ CrystalDiskInfo ဆိုတဲ့နာမည်နဲ့ကောင်ကိုပဲဆွဲလိုက်ရင်ရပါပြီ။ Software install ပြီးဖွင့်လိုက်တာနဲ့ သူကပြပေးပါလိမ့်မယ်။
.
Software ကိုဖွင့်ပြီးရင် ကိုယ်ကြည့်ရမှာက ညာဖက်အပေါ်ထောင့်နားက box လေးတွေပါ။ သူတို့ကနည်းနည်းအရေးကြီးပါတယ်။ Total Host Reads/Write တို့ Power on count/hours တို့ပါ။
ကိုယ်ဝယ်ထားတဲ့ SSD ဘယ်လောက်အတိုင်းအတာအထိ read/write ပြီးပြီလဲဆိုတာ total host read/write မှာကြည့်လို့ရပါတယ်။ power on Count/Hours မှာကျတော့ Computer အဖွင့်အပိတ်လုပ်တဲ့အရေအတွက်နဲ့ hours က computer ဖွင့်ထားတဲ့ နာရီအရေအတွက်ပါ။
ဒါလေးတွေက SSD ပြန်ဝယ်ခါနီးစစ်လို့ရသလို read/write ကဘယ်လောက်လုပ်ထားလဲ ဆိုတာကိုပါသိရပါလိမ့်မယ်။
#credit to original uploader
