ကျောက်ကပ်ပျက်စီးခြင်းတွေအတွက်
ကျောက်ကပ်ဆဲလ်အသစ်တွေ
တည်ဆောက် ပြုပြင်ပေးသည့်
ကျောက်ကပ်အားဖြည့်အစားအစာဖြစ်သော
#ပဲကတ္တီပါ ပဲအကြောင်း ဗဟုသုတများ
***************************************
မိတ်ဆွေတော်တော်များများ
ကျောက်ကပ်ဝေဒနာနှင့်ပတ်သက်ပြီး
ဆောင်ရန် ရှောင်ရန် သတိပြုရန်များ
စားသုံးသင့်သော အစားအစာများနှင့်
မှတ်သားလိုက်နာဖွယ်ရာများကို
ရေးသားပေးရန်တောင်းဆိုကြတဲ့အတွက်
ကျောက်ကပ်အားနည်းခြင်း
ကျောက်ကပ်လုပ်ဆောင်ချက်ကျခြင်း
ကျေက်ကပ်ဆေးနေရခြင်း
ကျောက်ကပ်ပျက်စီးခြင်းတွေအတွက်
ကျောက်ကပ်ဆေးတွေမသောက်ရအောင်
ကျောက်ကပ်မဆေးကြောရအောင်
ပဲကတ္တီပါမှကူညီဖြေရှင်းပေးနေပုံများကို
ပြောပြဆွေးနွေးလိုပါတယ်ခင်ဗျာ
ကျောက်ကပ်သည်လူ့ခန္ဓာကိုယ်အတွက်
အလွန်အရေးကြီးသော
အစိတ်အပိုင်းတစ်ခုဖြစ်ကာ
သွေးထဲကအဆိပ်တွေကိုဖယ်ထုတ်ပေးပြီး
ဆီးလမ်းကြောင့်ကနေစွန့်ပစ်တဲ့အလုပ်ကို
အမြဲလုပ်ပေးလေ့ရှိပါတယ်
အကယ်၍အဆိပ်တွေများလာရင်တော့
ကျောက်ကပ်မှာခံနိုင်ရည်စွမ်းမရှိတော့ဘဲ
တစ တစ စတင်ပျက်စီးလာပြီး
နောက်ဆုံးမှာ ကျောက်ကပ်၏
လုပ်ဆောင်ချက်တွေ ရပ်ဆိုင်းလာကာ
ကျောက်ကပ်ပျက်စီးသွားတာကို
လေ့လာတွေ့ရှိရပါတယ်ခင်ဗျာ
ကျောက်ကပ်ပျက်စီးတဲ့အကြောင်းရင်းကို
လေ့လာကြည့်မယ်ဆိုင်ရင်ဖြင့်
ယနေ့ခေတ် ကမ္ဘာကြီးမှာ
ကျွန်တော်တို့စားသောက်နေရတဲ့
အစားအသောက်တွေထဲမှာ
ဓါတုဆိုးဆေးတွေပါဝင်နေခြင်း
စိုက်ပျိုးရေးတွက်အသုံးပြုနေကြသော
ပိုးသတ်ဆေးများနှင့်
အသီးအရွက်အားဆေးများကို
လိုတာထက်ပိုအသုံးပြုခြင်းတို့သည်
ကျောက်ကပ်ကိုထိခိုက်စေသော
အဆိပ်အတောက်တွေ
အများကြီးဖြစ်ပေါ်ပါဝင်နေတဲ့အတွက်
လူကြီး လူငယ် လူရွယ်မရွေး
ကျောက်ကပ်ထိခိုက်နေကြရတဲ့အတွက်
ကျောက်ကပ်လုံးဝခံနိုင်ရည်ရှိအောင်
ကျောက်ကပ်ဆဲလ်အသစ်တွေ
တည်ဆောက်ပြီး
ပြုပြင်တဲ့နည်းလမ်းသစ်တစ်ခုကို
ဖြန့်ဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ
ကျောက်ကပ် ပျက်စီးခြင်းမျိုးအထိ
မဖြစ်ရလေအောင် ဘာလုပ်ရမလဲဆိုရင်
ဥပမာ လေမုန်တိုင်းဒဏ်ကိုခံနိုင်အောင်
ခိုင်ခံ့တဲ့တိုက်အိမ်ကောင်းကောင်းတစ်ခု
ဆောက်ထားဖို့လိုအပ်သလို
အဆိပ်တွေရဲ့ဒဏ်ကိုခံနိုင်အောင်လည်း
မိမိရဲ့ကျောက်ကပ်ကို
တည်ဆောက်ထားဖို့လိုပါတယ်
ကျောက်ကပ်ဆိုတာ
အသွေးအသားတစ်ခုဖြစ်ပြီး
Cellတွေစုပေါင်းပြီး
တည်ဆောက်ထားတာဖြစ်တဲ့အတွက်
အဲဒီCellတွေရရှိတဲ့
Sourceက ဘာလဲဆိုရင်
အသွေးအသားတွေအားလုံးရဲ့
sourceကအာဟာရကလာတယ်
ဒါကြောင့်ကျောက်ကပ်cellတွေကို
တည်ဆောက်ပေးမယ့်
အာဟာရဓါတ် လိုအပ်ပါတယ်
ကျောက်ကပ်အတွက်
အဓိကအားဖြည့်ပေမဲ့အစားအစာကတော့
ပဲကတ္တီပါ(kidney bean)ပဲဘဲဖြစ်ပြီး
ပဲကတ္တီပါကိုသေချာလေ့လာကြည့့်ပါက
ကျောက်ကပ်နဲ့တစ်ပုံစံထည်းဖြစ်ပါတယ်
ပဲကတ္တီပါမှာပါတဲ့အခါးဓာတ်လေးက
အလွန်အဖိုးတန်တဲ့အင်ဇိုင်းတစ်ခုဖြစ်ပြီး
အဲဒီအင်ဇိုင်းဟာကျောက်ကပ်ရဲ့
cellတွေကိုအသစ်တည်ဆောက်ပေးနိုင်တဲ့
အမိုင်နိုအက်စစ်ပရိုတင်းတွေဖြစ်ပါတယ်
အကယ်၍ထိခိုက်ပျက်စီးသွားတဲ့
ကျောက်ကပ်အစိတ်အပိုင်းတွေကိုလည်း
cellအသစ်တွေနဲ့ဖာထေးပြုပြင်ပြီး
ကျောက်ကပ်ကိုပကတိအတိုင်းကဲ့သို့
အကောင်းအတိုင်းဖြစ်သွားအောင်
လုပ်ပေးနိုင်ပါတယ်
ပဲကတ္တီပါမှာဗီတာမင်Eတွေ
အများကြီးပါဝင်ပြီးသွေးကိုသန့်စင်ရာမှာ
အာနိသင် ပိုမိုထက်မြက်တဲ့အတွက်
ပဲကတ္တီပါကိုကျောက်ကပ်အတွက်
အကောင်းဆုံးအာဟာရလို့ပြောနိုင်ပါတယ်
ကောင်းလွန်းလို့လည်း
အင်္ဂလိပ်တွေကပဲကတ္တီပါကို
kidney bean (ကျောက်ကပ်ပဲ)လို့
အမည်ပေးထားခြင်းဖြစ်ပါတယ်
ကျောက်ကပ်အမြဲတန်းကောင်းစေဖို့အတွက်
ပဲကတ္တီပါကိုစားပေးရမယ်ဆိုတာသိရှိပြီး
အများကြီးတော့မစားစေချင်ပါဘူးခင်ဗျာ
ဘာဖြစ်လို့လည်းဆိုတော့
ပဲကတ္တီပါမှာပါတဲ့ အမိုင်နိုအက်စစ်ကို
ကျောက်ကပ်အတွက်
အများကြီးမလိုအပ်လို့ပါပဲ
ပဲကတ္တီပါစားတာများသွားရင်လည်း
ကျောက်ကပ်အတွက်
အဆိပ်ပြန်ဖြစ်တတ်တဲ့အတွက်
သင့်ရုံလောက်ပဲစားဖို့လိုအပ်ပါတယ်
ကျောက်ကပ်အတွက်
ဆောင်ရန်ရှောင်ရန်များ
**********************************
ကျောက်ကပ်သည်
အအေးကိုလုံးဝမကြိုက်မနှစ်သက်ပဲ
အပူကိုသာကြိုက်နှစ်သက်ပါတယ်
ထို့ကြောင့်မနက်စောစော
ကျောက်ကပ်အေးနေချိန်မှာပြင်းထန်တဲ့အားကစားများ
မပြုလုပ်မိစေရန်သတိပြုသင့်ပါတယ်
လမ်းလျောက်ခြင်းနှင့်
နေပူဆာလှုံခြင်းကတော့
နေ့စဉ်ပြုလုပ်သင့်ပါတယ်
မိတ်ဆွေများအနေဖြင့် ပြင်းထန်တဲ့
ကိုယ်လက်လှုပ်ရှားမှုပြုရင်
ကိုယ်တွင်းမှာလက်တစ်အက်စစ်တွေ
များလာတတ်ပါတယ်
အဲဒီလက်တစ်အက်စစ်ကကျောက်ကပ်ရဲ့အဆိပ်ဘဲဖြစ်ပါတယ်
ပျူရင်းဓာတ်ကြွယ်ဝတဲ့
အစားအသောက်တွေစားရင်လည်း
ထွက်လာတဲ့ ယူရစ်အက်စစ်က
ကျောက်ကပ်အတွက်
အဆိပ်ဘဲဖြစ်ပါတယ်
ဆိုဒီယံဆားနဲ့ဟင်းခတ်မှုန့်များနှင့်
အရက်သေစာသကြားဖြူတို့ကိုလည်း
ကျောက်ကပ်ကလုံးဝမနှစ်သက်တာကို
သတိပြုမိစေချင်ပါတယ်
ရုပ်ပိုင်းဆိုင်ရာကြောင့်
ကျောက်ကပ်ပျက်စီးတာထက်ကို
စိတ်ပိုင်းဆိုင်ရာကြောင့်
ပျက်စီးရတာကပိုဆိုးပါတယ်
ဥပမာကြောက်လန့်မှုတစ်ခုခုနဲ့
ကြုံလိုက်ရတာနဲ့ကျောက်ကပ်ကကျုံ့ပြီး
ရပ်သွားတတ်လို့ပါပဲခင်ဗျာ
စိတ်ဖိစီးမှုများခြင်း
စိုးရိမ်ကြောင့်ကြခြင်း
စိတ်သောကရောက်ခြင်း
ပရိဒေဝမီးတောက်ခြင်း
ဒေါမနသဖြစ်ခြင်းတွေက
ကျောက်ကပ်ကို
တိုက်ရိုက်ထိတတ်တဲ့အတွက်
ယောနိသောမနသီကာယလို့ခေါ်တဲ
သင့်တင့်လျောက်ပတ်စွာ
နှလုံးသွင်းတတ်အောင်
လေ့ကျင့်ထားဖို့လည်းလိုအပ်ပါတယ်
ဆောင်ရန်ကတော့
ရေများများသောက်ခြင်း၊
ကျောက်ဖရုံသီးသုံးစားခြင်း
ဆိုဒီယံဆားအစား
ပန်းရောင်ကျောက်ဆာပင်လယ်ဆား
ပိုတက်စီယံဆားတို့ကို မျှသုံးခြင်း
အာဟာရမျှတစုံလင်အောင်
စားသောက်ခြင်းလမ်းလျှောက်ခြင်း
အိပ်ရေးဝအောင်အိပ်ခြင်းနဲ့ဗီတာမင်Dရအောင်
နေပူဆာလှုံပေးခြင်းတို့ပဲဖြစ်ပါတယ်
ကျောက်ကပ်ကျန်းမာရေး
ကောင်မွန်စေရန်အတွက်
ပဲကတ္တီပါလက်တစ်ဆုတ်ခန့်ကိုပြုတ်ပြီး
ကျောက်စားအနဲငယ်ထည့်ကာ
အရည်ကောအနှစ်များကိုပါ
ကြိတ်ပြီးစားသုံးခြင်းပေးပါ
ထို့အပြင် အစာလည်းဆေး
လည်းအစာဖြစ်တဲ့အတွက် ပဲကတ္တီပါ
လက်တစ်ဆုတ်စာခန့်ကိုပြုတ်ပြီး
ကြက်သွန်နီ နှမ်ဆီ ကျောက်ဆား
ငရုတ်သီးစိမ်းတို့ဖြင့် တစ်လလျှင်
၄ကြိမ်ခန့်သုပ်စားခြင်းသည်လည်း
သဘာဝကပေးသော
ကျန်းမာရေးအတွက်
လက်ဆောင်ကောင်းများ
ရရှိစေမှာဖြစ်တဲ့အတွက်
မိတ်ဆွေများကျောက်ကပ်မကောင်းရင်
ပဲကတ်တီပါစားပါ
ကျောက်ကပ်ကျန်းမာရေးကို
ကြိုတင်ကာကွယ်ထားလိုပါသလား
ပဲကတ်တီပါစားသုံးပါဟု
အကြံဥာဏ်များပေးလိုပါတယ်
#credit


