Home HEALTH ကိုယ်တိုင်ကျန်းမာရေးစစ်ဆေးကြည့်ပါ

ကိုယ်တိုင်ကျန်းမာရေးစစ်ဆေးကြည့်ပါ

42

သင့်အတွက်အထောက်ကူပြုနည်းများ အိမ်တွင်းနည်းလမ်း (၈)မျိုး

ကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးမှုလေးတွေ လုပ်ချင်ပေမဲ့အချိန်မရလို့ဘဲဖြစ်ဖြစ်၊ မအားလို့ဘဲဖြစ်ဖြစ်၊ မစစ်ဆေးဖြစ်တဲ့သူတွေအတွက် အချိန်ခဏပေးလိုက်ရုံနဲ့ ကိုယ့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို စစ်ဆေးလို့ရမဲ့ အလွယ်ဆုံးနည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) နှလုံးနဲ့အဆုတ်ရောဂါ ရှိ/မရှိ

လက်ချောင်းလေးတွေကို ပုံထဲမှာပြထားတဲ့အတိုင်း လုပ်လိုက်တဲ့အချိန်မှာ လက်သည်းလေးတွေကြားမှာ လေးဒေါင့်အချွန်ပုံအပေါက်လေးဖြစ်နေရင် သွေးကြောတွေက သွေးလှည့်ပတ်မှုကောင်းမွန်တယ်၊ နှလုံးနဲ့ အဆုတ်ကျန်းမာတယ်လို့ ယူဆနိူင်ပါတယ်။ တကယ်လို့ အဲ့ဒီနေရာလေးက ပိတ်နေတယ်ဆိုရင်တော့ သွေးထဲမှာ အောက်စီဂျင်ကောင်းကောင်း မရောက်ရှိတာကြောင့်နှလုံးသွေးကြောနဲ့ အစာအိမ်အူလမ်းကြောင်းမှာ သိပ်မကျန်းမာလို့ပါ။

(၂) ဦးနှောက်သွေးကြောပိတ်ခြင်းနဲ့ သတိမေ့ရောဂါဖြစ်နိုင်ချေ ရှိ/မရှိ

ပုံမှာပြထားတဲ့အတိုင်း အနည်းဆုံးမိနစ် (၁၀) လောက် ကောင်းကောင်းရပ်နိုင်ရင် ဦးနှောက်သွေးကြောပိတ်ခြင်းနဲ့ သတိမေ့ရောဂါဖြစ်နိူင်ချေ အရမ်းနည်းတယ်လို့ ပြောလို့ရပါတယ်။ တကယ်လို့ ကောင်းကောင်းမရပ်နိူင်ရင်တော့ အသက်ရလာတဲ့အခါ လေဖြတ်နိုင်ချေများနေပါပြီ။

(၃) နှလုံးသွေးကြောရောဂါ ရှိ/မရှိ

ဒါကို စမ်းသပ်ဖို့အတွက် လှေကားတက်ဖို့လိုပါတယ်။
သင့်အနေနဲ့ လှေကားထစ် ၁၅ ထစ်လောက်ကို သီချင်းဆိုရင်း၊ စကားပြောရင်း တက်လိုက်တဲ့အခါမှာ ပုံမှန်ထက် အဆမတန်မောနေတယ်ဆိုရင် နှလုံးသွေးကြောနဲ့ပတ်သက်ပြီး သိပ်မကျန်းမာဘူးလို့ပြောရမှာပါ။ ဒီလိုမဟုတ်ဘဲ အနည်းငယ်ပဲမောတယ်၊ ပုံမှန်အတိုင်းစကားပြောနိုင်တယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။

(၄) သွေးအားနည်းရောဂါ ရှိ/မရှိ

မှန်ရှေ့မှာရပ်ပြီး အောက်မျက်ခမ်းအတွင်းဘက်ကို ကြည့်လိုက်ပါ၊ အနီရောင်သမ်းနေရင် သွေးအားကောင်းပြီး ကျန်းမာတဲ့အနေအထားဖြစ်ပြီး၊ ပန်းရောင်ဖျော့ဖျော့လေးသမ်းနေရင် သွေးအားနည်းနေတာပါ။

(၅) ဟော်မုန်းညီမျှမှု ရှိ/မရှိ

ဆံပင်တွေကြားထဲကို လက်ချောင်းလေးတွေ ထိုးပြီးဆွဲချလိုက်တဲ့အခါ ဆံပင်အနည်းငယ်ကျွတ်ပါလာတယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲက ဟော်မုန်းပမာဏ ညီမျှနေပြီး ဆံပင်တွေအများကြီးကျွတ်ပါလာရင်တော့ ဟော်မုန်းမညီမျှမှုတွေဖြစ်နေပါပြီ။

(၆) ဆီးချိုရောဂါ ရှိ/မရှိ

သင့်မှာ ဆီးချိုရောဂါရှိ မရှိစစ်ဆေးဖို့ ကူညီပေးမဲ့ နောက်တယောက်လိုပါတယ်။ ကူညီပေးမဲ့သူက စစ်ဆေးမဲ့သူရဲ့ခြေထောက်ကို ခဲတံရဲ့ ခဲသားအချွန်ဘက်နဲ့တခါ၊ ခဲဖျက်နဲ့တခါထိုးလိုက်ပါ။ အဲ့လိုထိုးလိုက်တဲ့အချိန်မှာ မကြည့်ဘဲ
ဘယ်တချက်က ခဲသားအချွန်အထိအတွေ့လဲ၊ ခဲဖျက်ရဲ့ အထိအတွေ့လဲဆိုတာကို ပြောနိုင်ရင် သင့်မှာ ဆီးချိုရောဂါမရှိပါဘူး။ အထိအတွေ့ကို သိပ်မသဲကွဲဘူး၊ မခွဲခြားတတ်ဘူးဖြစ်နေတယ်ဆိုရင်တော့ ဆီးချိုရောဂါရှိနေတာဖြစ်နိုင်ပါတယ်။

(၇) သွေးလှည့်ပတ်မှု ကောင်း/မကောင်း

ကြမ်းပြင်ပေါ် ပက်လက်လှန်လှဲအိပ်လိုက်ပြီး ခြေထောက်တွေကို နံရံပေါ် ၄၅ ဒီဂရီလောက်ထောင်ထားလိုက်ပါ။ မိနစ်အနည်းငယ်ကြာတဲ့အခါ ခြေထောက်က သွေးဆုတ်ဖြူရော်နေတဲ့အရောင်မျိုးပြောင်းသွားတယ်ဆိုရင်တော့ ခန္ဓာကိုယ်သွေးလှည့်ပတ်မှု သိပ်မကောင်းဘူးလို့ပြောရမှာပါ။

(၈) အကြားအာရုံ ကောင်း/မကောင်း

နားရွက်နားမှာ လက်ချောင်းလေးတွေ အချင်းချင်းပွတ်လိုက်တဲ့အခါ အသံလေးတွေ ကောင်းကောင်းကြားရပါတယ်။ ပခုံးစွန်းနေရာလောက်ကနေ လက်ချောင်းတွေ ပွတ်တိုက်တဲ့အသံကို ကောင်းကောင်းကြားရတုန်းဆိုရင်တော့ သင့်ရဲ့ အကြားအာရုံက ကောင်းပါသေးတယ်။ အသံသိပ်မကြားရတာမျိုး၊ လုံး၀မကြားရတာမျိုးဆိုရင်တော့ အကြားအာရုံစနစ်မှာ ပြဿနာရှိနေပါပြီ။
#credit