နှာမွှန် နှာပိတ် ထိပ်ကပ်နာ
နတ်ဆေးတမျှ အစွမ်းထက်လှတဲ့ နှာရည်ယို၊နှာမွှန်၊နှပိတ်(ထိပ်ကပ်နာ)ရောဂါအတွက်….ခရေစေ့
နှာမွှန်ရောဂါကို
ခရေစေ့ကိုသွေးလိမ်း၊
ခရေစေ့ကို မီးဖုတ်၊
မီးဖုတ်ထားတဲ့အစေ့ကို ငရုပ်ဆုံမှာ ညက်အောင်ထောင်းပြီး အုန်းဆီစစ်စစ်လေးနဲ့ ငယ်ထိပ်ပေါ် လိမ်းတာ ၃ ရက်နဲ့ ပျောက်တယ်လို့ တင်ထားတာတွေ့တာနဲ့ ခရေသီးမှည့်ချိန် (အခုအချိန်)
ကြုံတာနဲ့ ခရေသီးအမှည့်ထဲကအစေ့ကို သွေးပြီး ညအိပ်ယာဝင်ချိန် နှာခေါင်းမှာနှာတံဆွဲသလိုလိမ်း
နှာဖူးထိပ်(မျက်ခုံးရိုး ၂ ခုကြား)မှာ လိမ်းပြီး ခြောက်တော့အိပ်ယာဝင်တာ နံက် (တစ်ကြိမ်တည်း လိမ်းရုံ)ထူးထူးခြားခြားကို(၉၀ ရာခိုင်နှုံး)ခန့် သက်သာပျောက်ကင်းနေတာ အံသြဖွယ်တွေ့ရပါတယ်
(မီးဖုတ်လို့ ထောင်းပြီး အုန်းဆီနှ့င် ငယ်ထိပ်ကိုမလိမ်းဖြစ်ပါ)
သူငယ်ချင်းမိတ်ဆွေများ
နှာမွှန်၊
နှာပိတ်(ထိပ်ကပ်နာ)
ဖြစ်ခဲ့လို့ စိတ်ညစ်နေခဲ့ရင် ငွေကုန်ကြေးကျ မရှိတဲ့ ခရေစေ့လေးသာ သွေးလိမ်းကြည့်ကြပါလို့ ကိုယ်ပျောက်ခဲ့တာလေးကို ဝမ်းသာအားရ မျှဝေပါရစေ။


