Home HEALTH ထုံကျင်နေသူများ_ဖတ်ဖို့

ထုံကျင်နေသူများ_ဖတ်ဖို့

31

(၁) #လည်ဆစ်အာရုံကြောပိသောကြောင့် လက်ထုံကျင်ခြင်း
=======================
#လည်ပင်းကျောရိုးအဆစ်ရောဂါ လက္ခဏာအမျိုးမျိုးရှိသည့်အနက် လည်ဆစ်မှာအာရုံကြောပိရင်လည်း လက်ချောင်းလေးတွေထုံကျင်တာလည်းပါဝင်ပါတယ်

#အိပ်တဲ့အခါ ခေါင်းအုံးအနိမ့်အမြင့်ကိုသင့်လျော်စွာထားပါ ။ 7~9cmမြင့်ရင်ရပါတယ် ။ခေါင်းအုံးအမာ အပျော့ အပြင် အိပ်တဲ့အနေအထားကလည်းအရေးကြီးပါတယ် ။သွေကြောနဲ့အာရုံကြောများကိုပိ (ဖိ)မသွားစေဖို့ရှောင်ကြဉ်ပါ ။

(၂) #ဆီးချိုရောဂါကြောင့် လက်ထုံကျင်ခြင်း
=======================
#ဆီးချိုကြောင့် အနီးတဝိုက်မှာရှိတဲ့အာရုံကြောများပြောင်းလဲတာမို့ လက်များထုံကျင်တတ်ပါတယ် ။ နာတာရှည်ဆီးချိုသမားများသည် သွေတွင်းသကြားဓါတ်မြင့်မားမှုကြောင့်
အစွန်အဖျားအာရုံကြောများထိခိုက်ကာ လက်ဖျားထုံကျင်တတ်ပါသည်။

(၃) #အစွန်အဖျားအာရုံကြော ရောင်နေခြင်းကြောင့်
လက်ထုံခြင်း
=======================
#အ-သက်အိုမင်းသူများနှင့် #အစာအိမ်အလုပ်လုပ်တာမကောင်းသော ဝေဒနာရှင်များ၊ဗီတာမင်ဘီလျော့နည်းပြီးအစွန်အဖျားအာရုံကြောရောင်ခြင်းကြောင့် လက်ထုံခြင်းဖြစ်ပါတယ် ။ အိပ်နေအိပ်ထား ပုံမမှန်ရင်လည်ပင်း၊လက်မောင်းပိ (ဖိ)နေသောကြောင့် လက်ချောင်းများထုံကျင်တာပါ ။

(၄) #ခဏတဖြုတ်ဦးနှာက်တွင် သွေးလိုအပ်ခြင်းကြောင့်လက်ထုံခြင်း
=======================
#အ-သက်ရွယ်ကြီးသူများတွင် သွေတိုးနှင့်၊သွေအဆီမြင့် ဖြစ်တာ များပါတယ် ။ သွေတိုးကြောင့် အကြောဆွဲခြင်း၊ သွေအဆီမြင့်မှုကြောင့်သွေပျစ်ခဲနှောက်ခြင်း၊ညဖက်တွင်သွေးလည်ပတ်နှေးခြင်း အစရှိသောအကြောင်းကြောင်းကြောင့်ဦးနှောက်တွင်သွေလိုအပ်တာမို့ လက်ထုံကျင်ခြင်း ဖြစ်ပါတယ် ။

(၅) #နာတာရှည်ရက်အဆိပ်မိခြင်း ကြောင့်လက်ထုံကျင်ခြင်း
=======================
#အမြဲရက်သောက်သူများ ကလက်ဝါးတွင်ထုံကျင်လျှင် နာတာရှည်ရက်ဆိပ်မိသူဖြစ်ပါတယ် ။ရက်မဖြတ်လျှင်အခြားခန္ဓာကိုယ်အစိတ်အပိုင်းလှုပ်ရှားမှုတွေကိုပာန့်တားပျက်စီးစေပါ တယ် ။

#အရက်အဆိပ်မိတာကြောင့် နှလုံးမာဆယ်ရောင်ခြင်း၊ အသည်းရောဂါနှင့်အဆီအသည်းရောဂါ၊ ဦးနှောက်သိမ်သွားခြင်းတို့ဖြစ်လာပါတယ်။

(၆) #လေဖြတ်ခြင်း
===========
#လေဖြတ်သူများတွင်လက်ထုံကျင် တာကိုအများဆုံးတွေ့ရပါတယ် ။ လေဖြတ်ခြင်းမှကာကွယ်ရန်မှာ အစားအသောက် အနေအထိုင်အလေ့အထကိုပြင်ရမှာဖြစ်ပါတယ် ။ မကြာခဏ ခေါင်းမူးခေါင်းကိုက် ၊ခေါင်းလေးပြီးခြေထောက်ပျော့နေတတ်ခြင်း ။ ခြေလက်ထုံကျင်ခြင်း ။လျှာလေးနေတတ်ခြင်း ။ သွေတိုးရှိခြင်း ။သွေအဆီတက်ခြင်း ။ဆီးချိုရောဂါ၊ဦးနှောက်သွေပြန်ကြောများ မာနေသူများ အထူးသတိပြုပါ ။ လေဖြတ်တတ်ပါတယ် ။

(၇) #သွေဆုံးချိန် ရောဂါလက္ခဏာစုများ
=======================
#သွေဆုံးချိန်ရောက်ခါနီး အမျိုးသမီးများတစ်ခါတလေလက်ထုံကျင်တတ်ပါတယ် ။ဒါပေမယ့်သိသိသာသာကြီးတော့မဟုတ်ပါ ။ သွေဆုံးချိန်ရောက်တာနဲ့ လက်ထုံကျင်တာပျောက်သွားပါတယ် ။

#credit