Crispy Crepe
ရိုးရိုးcrepeနဲ့မုန့်နှစ်စပ်တာမတူဘဲကွဲပါတယ်။ဒီမုန့်အချိုးလေးနဲ့ဘဲကြက်ဥခေါက်မုန့်ပြုလုပ်နိုင်ပါတယ်။ပြုလုပ်တဲ့အိုးပေါ်မူတည်ပြီးအထူအပါးနှင့်ကြွပ်တဲ့အနေအထားကိုရ ရှိမှာဖြစ်ပါတယ်။စင်္ကာပူမလေးရှားမှာတော့ဒီမုန်လေးကိုဘဲမိမိနှစ်သက်ရာသစ်သီးချောကလတ်တို့ကိုရွေးချယ်လို့မှာယူသုံးဆောင်နိုင်ပါတယ်။သားသားမီးမီးတို့နဲ့အတူပျော်ပျော်ပါးပါးလုပ်စားနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ကိတ်ဂျုံ – ၅၀၀ ဂရမ်
အုန်းနို့ – တစ်လီတာ
ကြက်ဥ – ၁၅လုံး
သကြား- ၅၀၀ဂရမ်
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ကိတ်ဂျုံကိုဇကာချပြီးသကြားကြက်ဥအုန်းနို့တို့ကိုထည့်ပြီးသမအောင်မွေထားပါ။ဖျော်ရည်စက်တွင်ထည့်ပြီးကြိတ်ပေးပြီးမိနစ်၂၀ခန့်နှပ်ထားပြီးကြက်ဥခေါက်မုန့်နှင့်crispy crepe ပြုလုပ်ရန်အသင့်ဖြစ်ပါပြီ။
(၂)crispy crepeပြုလုပ်ရန်အိုးမကပ်သည့်ဒ ယ်သို့မဟုတ်crepeပြုလုပ်သောလျှပ်စစ်အိုးကိုအပူပေးပါ။
(၃)မုန့်နှစ်ရည်တဇွန်းခပ်ပြီးအိုးအနှံ့ကိုညီညာအောင်ဖြန့်ပေးပါ။
(၄)ဘေးသားလေးများအရောင်ရလာပါက ထပ်ဝက်လခြမ်းပုံခေါက်ပြီးမိမိနှစ်သက်ရာချောကလတ်၊ငှက်ပျောသီး၊စတော်ဘယ်ရီ တိုကိုထည့်ပြီးကတော့ပုံရအောင်ခေါက်ပြီးသုံးဆောင်နိုင်ပါပြီ။
ပေးထားသောအချိုးမှာမိသားစုအတွက်များပါတယ်။တဝက်ချိုးပြုလုပ်ပြီး၃ရက်ခန့်ရေခဲသေတ္တာတွင်သိမ်းဆည်းသုံးဆောင်နိုင်ပါတယ်။
………..
Crd




