Home COMPUTER HARDWARE PCIe Gen 4 SSDs တွေကဘာတွေ ပိုကောင်းလာတာလဲ?

PCIe Gen 4 SSDs တွေကဘာတွေ ပိုကောင်းလာတာလဲ?

12

PCIe Gen 4 SSDs တွေကဘာတွေ ပိုကောင်းလာတာလဲ?

PCIe Gen 4 SSDs တွေကဘာတွေပိုကောင်းလာလဲမပြောခင် PCIe Gen 4 အကြောင်းနည်းနည်း ပြောပြချင်ပါတယ်။ PCIe 4.0 လို့လည်း ခေါ်ပါတယ်။ PCIe 4.0 ကို 2017 ခုနှစ်မှာ announced လုပ်ခဲ့ပြီးတော့ PCIe (Peripheral Component Interconnect Express) ရဲ့ fourth generation technology standard တစ်ခုဖြစ်ပါတယ်။ ယနေ့ခေတ်မှာ PCIe 5.0 interface ကို support လုပ်တဲ့ motherboards တွေရှိပေမယ့်လည်း တော်တော်များများ GPUs တွေ၊ SSDs တွေ၊ motherboards တွေမှာတော့ PCIe 4.0 က standard တစ်ခုအနေနဲ့ သုံးနေကြဆဲ ဖြစ်ပါတယ်။

PCIe 4.0 က PCIe 3.0 နဲ့ယှဥ်ရင် ဘာတွေတိုးတက်သွားလဲ?
PCIe 3.0 SSD တစ်ခုက အကြမ်းဖျင်းအားဖြင့် read speed 3500 MB/s နဲ့ write speed 3300 MB/s ထိရှိပါတယ်။ PCIe 4.0 SSD မှာတော့ read speed က အမြင့်ဆုံး 7000 MB/s နဲ့ write speed က အမြင့်ဆုံး 5000 MB/s ထိရှိပါတယ်။ ဒါ့အပြင် PCIe 3.0 ရဲ့ maximum data transfer rate က 8GT/s (8 gigatransfer per second) ရှိပြီးတော့ PCIe 1 lane (x1) ကို 1GB, 16 lane (x16) ကို 16GB bandwidth ရှိပါတယ်။ PCIe 4.0 ရဲ့ data transfer rate ကတော့ 16GT/s (16 gigatransfer per second) ထိရှိတဲ့အတွက် bandwidth က 1 lane (x1) ကို 2GB/s နဲ့ 16 lanes (x16) ကို 32 GB ထိရှိပါတယ်။ အဲ့တော့ PCIe 4.0 က PCIe 3.0 ထက် data transfer rate နှစ်ဆပိုများသွားတဲ့အတွက် နှစ်ဆပိုမြန်သွားပါတယ်။
Data transfer speed နှစ်ဆပိုများသွားတဲ့အတွက် boot လုပ်တဲ့ကြာချိန်က သိသိသာသာ ပိုနည်းသွားသလို 4K videos တွေ၊ data ပမာဏများတဲ့ files တွေ အကူးအပြောင်းလုပ်တဲ့အခါမှာလည်း တော်တော်လေးကို မြန်သွားပါတယ်။ နောက်ပြီးတော့ latency လည်း ပိုနည်းသွားတဲ့အတွက် သုံးရတာလည်း ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ responsive ဖြစ်သလို multitasking မှာပါ တိုးတက်လာပါတယ်။ ဒါ့အပြင် data access များများနဲ့မြန်မြန်ရဖို့လိုတဲ့ gaming, video editing နဲ့ 3D rendering ပိုင်းတွေမှာပါ အများကြီး အကျိုးသက်ရောက်မှု ရှိပါတယ်။

PCIe Gen 4 SSD ကို upgrade လုပ်တော့မယ်ဆိုရင် ထည့်စဥ်းစားရမှာက ကိုယ့်ရဲ့ motherboard က PCIe 4.0 support လုပ်မလုပ် ဆိုတာပါ။ ဒါက motherboard ရဲ့ manufacturer site မှာသွားကြည့်လို့ရပါတယ်။ PCIe 4.0 SSDs တွေက backward compatible ဖြစ်တဲ့အတွက် PCIe 3.0 motherboard တွေမှာလည်း အလုပ်လုပ်တယ်ဆိုပေမယ့် fully utilize လုပ်နိုင်ဖို့ဆို PCIe 4.0 support လုပ်တဲ့ motherboard ကိုပါ upgrade လုပ်မှရပါမယ်။ မဟုတ်ရင် bottleneck ဖြစ်သွားပါလိမ့်မယ်။
#credit to original uploader