တစ်ပုလင်းစာအတွက်လိုအပ်ပစ္စည်း
အခြောက်
–>သစ်ဂျပိုး ၆လက်မအရွယ် ၁ပိုင်း
–>ကရဝေးရွက် ၄ရွက်
–>နာနတ်ပွင့် ၃ပွင့်
–>ဇာတိတ်ဖိုလျဆံ ၁ခု
–>လေးညင်း ၄ပွင့်
–>ရှားကောလုံး ၂လုံး (အထုံအစပ်မကြိုက်လျော့ထည့်ပါ)
–>စီချွမ် ငြုပ်ကောင်း 1tbsp
–>ဇီယာ 1tbsp
–>စမုန္စပါး 1tbsp
–>ငြုပ်သီးခြောက်အတောင့် အတောင့်၂၀ခန့်
–>ဖာလာ ၆ခု
–>ငြုပ်အစိမ်းမှုန့် 1tbsp
အစိုအတွက်
1)–>ကြက်သွန်ဖြူ ဗမာဥ ၆ဥ
2)–>ဂျင်း ၂လက်မပတ်လည် ၁တက်
3)–>ပန်းငြုပ်ပွ အနီ ၂လုံး
(အနီမရရင် ငြုပ်ပွခြောက်ကိုရေစိမ်ပီးကြိတ်ပါ)
4)–>မိုးမျှော်ငြုပ်သီးအနီ ၅ကျပ်သား
–>ပဲငပိ အငန် 1tbsp
–>ပဲငပိ အချဉ် 1tbsp
–>ဆား (အရသာအတွက်)
–>ပဲငံပြာရည် အကြည် (အရသာအတွက်)
–>သကြား(အရသာအတွက်)
#အချိုမှုန့်အသားမှုန့် လုံးဝမသုံးပါ
ပထမဆုံး ဒယ်ထဲဆီထည့်ပါ ပူလာရင် အခြောက် ingredients တွေကိုကြော်ပါ ၂မိနစ်ပျော့ပျော့လောက်ကြော်ပီးရင်ဆယ်ထုတ်ပါ ဆုံထဲထည့်ထောင်းပါ
(အမှုန့်ခြောက်တွေဘဲရှိတယ်ဆိုရင် ဒီအဆင့်ကိုကျော်လိုက်ပါ အစိုတွေဆီသတ်ပီးမှ အခြောက်မှုန့်ထည့်ပါ)
အစို 1-4 ထိကို ကြိတ်ပါ မကြိတ်ချင် ထောင်းပါ
စချက်မယ်နော်
°°°°°°°°°°°°°
စောစောက ဆီဒယ်အိုးကို ပြန်အပူပေးမယ် ဆီထပ်ထည့်မယ် (၂၅သားခန့်)
ဆီပူရင်1-4 ကြိတ်ထားတာကို ထည့်ဆီသတ်မယ် ကြက်သွန်နွမ်းရင် အခြောက်ကြော်ပီးထောင်းထားတာကိုထည့်မယ် မွှေမယ် ပဲငပိ ၂မျိုးထည့်မယ် မွှေနေပေးမယ်
ပဲငံပြာရည် သကြား ဆားကိုချိန်ညှိထည့်မယ် ဆီနီတွေထွက်လာရင် ဖိုပေါ်ကချ အအေးခံပီး ပုလင်းထဲထည့် ရေခဲသေတ္တာ အအေးခန်းထဲ ထည့်သိမ်းပါ ၄လခံပါတယ်
#crd