Home COOKING
4

ငပိရည်ကျိုနည်း ပေါင်းချုပ်
———————–
(၁) မြန်မာတို့ရဲ့အသည်းစွဲ ငါးပိရည်ကျိုကို အရောင်ဝါဝါလေးနဲ့ အညှီအနံ့ကင်းကင်းဖြစ်အောင်ကျိုနည်းလေး နဲ့
ဆိုင်ချက် အနံ့အရသာနဲ့ထပ်တူကျစေမယ့်
ငါးငပိချက်ချက်နည်းလေးကို
မင်ကဒီနေ့ဝေမျှပေးသွားမှာပါ
ရိုးရှင်းတဲ့ ဒီငါးပိရည်ကျိုနည်းလေးဟာ
မင်တို့အဆင့်ဆင့်လက်ဆင့်ကမ်းလာတဲ့
မီးဖိုချောင်အိမ်တွင်းနည်းလမ်းလေးမို့
ငါးပိရည်ကြိုက်တဲ့သူတွေအတွက်
ဒီနည်းလေးစမ်းကြည့်ကြဖို့အကြံပြုပေးပါရစေ

(2)ရေချို ငပိကျိုနည်း
—————-
ရေချိုငပိကို ရေမစိုသော ဇွန်း အသန့်ဖြင့် မိမိလိုသလောက်ယူ၍
#ဆနွင်း အနည်းငယ် ထည့်၊ ရေပမာဏ ချင့်ချိန်၍ မီးအေးအေးဖြင့် ကျိုရပါမည်…
ကျိုချက်ရာ တွင်လည်း အချိန်ကြာသွားလျှင်အလွန်ပျစ်သွားပြီး အငန်စူး၍ အရောင်အရသာ တအားပြင်းပြီး တူးနံ့ရကာ မျှင်ငပိအရသာသို့ ပြောင်းသွားတတ်ပါသည်။
ကျိုချိန်နည်းလွန်းပြန်လျှင်လည်း အရည်ကြည်လောင်ဖြစ်ပြီး စိမ်းနံ့ရကာ ငပိအရသာအတိအကျမရဖြစ်တတ်ပါသည်…
#မပျစ်လွန်း၊ #မကျဲလွန်း အနေအထားကို #မီးမျှင်းမျှင်းလေးဖြင့်သာကျိုပါရန် ဖြစ်ပါသည်။
#ဖျော်နည်း
ငါး၊ပုဇွန် စသည့်ထဲမှ မိမိနှစ်သက်ရာကို အခပ်အဖြစ်သုံး၍ ဖျော်နိုင်ပါသည်။
#အခပ်ပြုလုပ်ပုံ
ငါးကိုပြုပ်၍ဖြစ်စေ၊ ချက်ထားသေားငါးထဲမှတစ်တုံးလောက်ယူ၍ဖြစ်စေ၊ ပုဇွန် အစို ကိုလှော်၍ဖြစ်စေ၊
ငါးရံ့သင်းအုံ ကဲ့သို့ငါးများကို မီးအုံး ၍ဖြစ်စေ အခပ်အဖြစ်ထည့်နိုင်ပါသည်…
(ငါးပုဇွန် အလွယ်တကူမရှိရင်လည်း ပုဇွန်ခြောက်လေး ထောင်းထည့်နိုင်ပါသည်ရှင်)
ကျွန်မတို့ရဲ့ ရေချို ငပိ သည် မူလသဘာဝအားဖြင့်ကို ချိုပြီးသားဖြစ်သဖြင့် အချိန်မရလို့ အခပ်သီးသန့်မထည့်နိုင်လျှင်တောင် မည်သည့် ဟင်းချိုမှုန့်ကိုမှ ထည့်ပြီး သုံးဆောင်ရန်မလိုပါ…
ထို့နောက် ငရုပ်သီးစိမ်းများကိုရေဆွတ်ပြီးမွှေးနေအောင်လှော်ကြက်သွန်ဖြူလေးကြိုက်ရင် တစ်မွှာနှစ်မွှာထည့်ပြီး ငပိရည်ကျိုလေးထဲကို ထောင်းထည့်လိုက်ပါ။ သို့မဟုတ် ကြိုက်နှစ်သက်ရာငရုပ်သီး အလှော် မှုန့် နဲ့ လည်း အလွယ်တကူ ဖျော် စားလို့ရပါတယ်။ ခရမ်းချဉ်သီးလေးကို မီးအုံးပြီး ထည့်ဖျော်ရင်လည်း အနံ့လေးမွှေးပြီး အလွန်ကို အနံ့ အရသာဖြင့် ပြည့်စုံ လှပါသည်။ အနံလေးမွှေးသွားအောင် သံပုရာလေးတစ်စိတ်လောက်ညှစ်ထည့် ပြီး
ပြင်ဆင်ထားတဲ့ ငပိရည် တစ်ခွက်ဟာဖြင့်
အလွန်အရသာထူးသော
သင့်ပျံ့မွှေးကြ်ုင်သော
ကယ်လ်စီယမ်၊ပရိုတင်းဓာတ်များကြွယ်ဝသော
ငပိရည်ဖျော် တစ်ခွက်ပါပဲရှင့်
ကျွန်မအဖို့ကတော့ နတ်သုဒ္ဓါတစ်မျှပါပဲရှင်…
#အထူးသတိထားစေလို
ရေချိုငပိ ကိုကျိုချက်ဖို့ ဗူးကို အဖွင့်အပိတ်လုပ်လျှင် သေသေချာချာလေလုံအောင် ကျပ်ကျပ်လေးပြန်ပိတ်ပေးပါရှင့်၊ လေသလပ်သွားးလျှင် အရောင်မဲသွားတတ်ပါသည်။ရေ လုံးဝ မဝင်ပါစေနဲ့။
ခြင်ယင်များ မနားအောင်ဂရုတစိုက်လေးထိန်းသိမ်းပေးပါရန်..သတိလေးပေးပါရစေနော်…
မိမိအိမ်ရဲ့ရေခဲသေတ္တာကြီးလျှင်လည်း ထည့်ထားနိုင်ပါတယ်။

(၃)ဒမလိုက် ကရင်ငပိရေကျိုနည်း
—————
ပါ၀င်ပစ္စည်းများ
ငပိရည်
ငါးခူ
ငရုတ်သီးစိမ်း
ကြက်သွန်နီ
ကြက်သွန်ဖြူ
အချိုမှုန့်
နနွင်းမုန့်
စပါးလင်
ခရမ်းချဉ်သီး
ပြင်ဆင်ပြုလုပ်နည်း
ငပိရည်ကို ကျို၊
ကျက်ရင် အရိုးစစ်ပြီး နောက်တစ်ကြိမ် ကြိုက်နှစ်သက်ရာ ငါးကိုပါ ရောချက်တာပါ ။
ငါးခူနဲ့ ချက်တာ များပါတယ် ။
ငပိရည် ကျိုပြီး ငါးကျက်ရင် ငါးရဲ့ အသားလေးကို နွှာပြီး အရေ သက်သက် ၊ အသား သက်သက် ၊ ဖယ်ထား လိုက်ပါ ။
ငရုတ်သီးစိမ်း၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူကို လှော်ပြီးရင် ထောင်း ၊ညက်အောင်ထောင်ပြီးရင် နွှာထားတဲ့ ငါးအသားလေးပါ ရောထောင်းပါ ။
ဖယ်ထားတဲ့ ငပိရည်ကို ဆူအောင် နောက်တစ်ခါ
ပြန်ကျို ဆူရင် ထာင်းထားတာလေးတွေထည့် ၊ ခဏလေး မွှေလိုက်ရုံနဲ့ မွေးကြိုင်တဲ့ ငပိရည်ကျို (ဒမလိုက်) လို့ခေါ်တဲ့့ကရင်ငပိရည်ကျိုလေးကို ရပါပြီ ။
ငပိရည် ကျိုတဲ့ အခါ နနွင်းမုန့်နဲ့ စပါးလင်လေးပါ ထုပြီး ထည့်ပါ ။
ခရမ်းချဉ်သီးနဲ့ ငရုတ်သီးစိမ်းကြို ပုတ်ပြီး ထောင်းထည့်လို့လည်း ရပါတယ် ။ လှော်ပြီး ထောင်းထည့်ရင်တော့ ပိုမွေးပါတယ် ။
ကြိုက်နှစ်သက်တဲ့ တို့စရာများ နဲ့ စားသုံးရင် ထမင်း အရမ်းမြိန်မှာပါ ။

(၄) ငပိအလိမ္မာချက်နည်း
——————–
ကျနော်ဖျော်တဲ့ ငပိရည်ဖျော်နည်း
ငါးပိကိုနနွင်းမှုန့်နဲ့က်ျိုပြီးအရိုးတွေမပါအောင်စစ်ပါ
ကြက်သွန်ဖြူငရုတ်သီးစိမ်းတို့ကိုလှော်ပြီး
ထောင်းထည့်ပါ
ငါးရံ့အကောင်သေးလေးတွေကိုမီးကင်ပြီး
အသားတွေနွှင်ထည့်ပါ
ကြက်သွန်နီနဲ့ခရမ်းချဉ်သီးကိုမီးကင်ပြီး
ထောင်းထည့်ပါ
ငရုတ်သီးအလှော်မှုန့်ထည့်ပါ
သံပုရာသီးစိတ်လေးတွေလှီးထည့်ပါတယ်
ဖျော်ရတာလက်၀င်ပေမယ့်အရသာရှိပါတယ်

(၅)အိုးကြီးငပိရည်ဖျော်နည်း
——————-
နော့ အတွက်ကတော့ အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့ နော့ရဲ့ ငပိရည်ဖျော်နည်းလေးကို ပြန်လည်မျှဝေပေးပါမယ်
>>( ဆရာလုပ်တာမဟုတ်ပါဘူးနော့) << ငါးပိရည်ဖျော်တဲ့နေရာမှာ လူတိုင်းကတော့ ကိုယ်ကြိုက်သလိုလေး ဖျော်စားကြတယ် တစ်ချို့ဆို ငါးမီးဖုတ်လေးနဲ့ဖျော်တယ် တစ်ချို့ဆို ပုဇွန်းလှော်ပြီးတော့ ဖျော်ကြတယ် အမျိုးအမျိုးဖျော်စားကြတယ် >> နော်ကတော့ ငပိရည်တို့စရာလုပ်ရောင်းတဲ့သူဆိုတော့ ငါးပိရည်ကို ပလိန်းလေးပဲဖျော်တယ် ပလိန်းဆို့လို့ မကောင်းဘူးတော့ မထင်လ်ုက်နဲ့နော့
ငါးပိရည် စကျိ ုတော့မယ်ဆိုရင် > 1 ဒယ်အိုးထဲကို ဆီနဲနဲလေးထည့်ပြီးရင် နနွင်ူထည့် နနွင်းလေးကျက်ပြီဆိုရင်
ငါးပိကိုထည့်ဆီသပ်ပြီးချေပေး ငါးအရိုးတွေအသားလေးတွေကျေလာအောင် လာပြီလာပြီဆိုရင်ငါးပိရည်အနံ့လေးမွှေးလာလိမ့်မယ် နော်ကတော့ ရေနွေးနဲ့ကြိုတယ်
အဆင်သင့်တည်ထားတဲ့ရေနွေးဖြူကိုလောင်းထည့် ကိုယ်လိုသလောက်ပေါ့ ပြီးသွားရင် ငရုပ်သီးစိမ်း ကြက်သွန်ဖြ ူတို့ကို ကြိတ်စက်နဲ့ရောကြိတ် >> မှတ်ချက် >> ငရုပ်သီးကိုအရမ်းညက်အောင်မကြိတ်ပစ်ပါနဲ့ အရန်းညက်သွားရင် ငရုပ်သီး ညီးဆော်နံသွားတတ်လို့ပါ << ကြိတ်ပြီးသွားပြီဆိုရင် ကိုယ်ဖျော်ဖို့လုပ်တဲ့ ပုဂံလုံးထဲမှာ ငရုပ်သီးကြိတ်ပြီးသားတွေရယ် အချို့မှုန့်အနေတော် ကြက်သားမှုန့်အနေတော် ဆားလိုသလောက်ထည့် ပြီးရင်မွှေ ဒါပါပဲရှင့် ဘာမှတော့မခက်ပါဘူး တစ်ချို့တော့ထင်လိမ့်မယ် ငရုပ်သီးက လှော်မထည့်ပဲနဲ့အစိမ်းထည့်တော့ ဗိုက်နာမှာပေါ့လို့ထင်လိမ့်မယ် ကြက်သွန်ဖြ ူထည့်ထားတဲ့့အတွက် ဗိုက်မနာပါဘူးလို့ ပြောလိုက်ပါရစေ ကဲဒီလေညက်ဆိုရင် နော့ရဲ့ လွယ်ကူရိုးရှင်းတဲ့ငါးပိရည်ဖျော်နည်းလေး သိသွားလောက်ပါပြီနော့ Credit Kay Kay (၆)ငရုတ်လှော်ငပိရည်ဖျော်နည်း --------------------- ငါးပိရည် ၁၅ကျပ်သား ရေသန့် ဇလုံသေးတစ်လုံးစာ ဆနွင်းအနည်းငယ်ထည့်ပြီးကျိုပါ။ ဆူပွက်ခါနီးမှာ မီးအရှိန်လျော့ပြီး မီးအေးအေးဖြင့် တည်ထားပေးပါ။ ငါးပိရည်က ဆူပြီးပြီးချင်းချရင် ငါးအကောင်မကျေသေးလို့ စားတဲ့အခါ အစိမ်းနံ့ထွက်တက်ပါတယ်။ မီးပြင်းပြင်းနဲ့ အကြာကြီးကျိုထားမိရင်လည်း အရည်ခမ်းကာ ပျစ်ပျစ်ကြီးဖြစ်တက်လို့ စားတဲ့အခါ အငန်ဓာတ်ကဲတက်ပါတယ်။ ဒီ့အတွက် မီးအေးအေးနဲ့ ငါးပိရည်ကို ငါးအရိုးကျေသည် အရိုးကျသည်အထိတည်ထားပေးရပါမယ်။ ပြီးရင် ဇကာနဲ့ ငါးပိရည်ကို အရိုးမပါစေဖို့ အရည်စစ်ယူ ကြက်သွန်ဖြူလေးထောင်း ငရုတ်သီးမှုန့်စပ်စပ်လေးတစ်ဇွန်းလောက်ထည့် ပြီး မွှေ။ ငါးပိရည်ကျိုမွှေးမွှေးလေးစားလို့ရပါပြီ။ #credit