၂ ရက်အတွင်း စားလို့ရတဲ့ ပန်းရောင်ဂျင်းချဉ် လုပ်နည်း…..။
သဘာဝကပေးတဲ့ ပန်းနုရောင်လေနဲ့ စားချင်စရာလေး
ကိုယ့်လို ထိုင်းလမ်းဘေးဆိုင်မှာ (ဆိုင်းကော့) ဝယ်စားတိုင်း ဂျင်းချဥ် ပိုတောင်းတက်လူတွေအတွက် ဒီလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်နော်……..
ပါဝင်ပစ္စည်းများ……….
– ဂျင်း ၁ ကီလိုဂရမ် ဂျင်းနု/ဂျင်းရင့် စိတ်ကြိုက်
– ဆား လက်ဖက်ရည် ဇွန်း ၁ ဇွန်း
– ရှာလဂါဖျော်ရည် 300 ml
– သကြား ၁၀၀ ဂရမ်
– ရေ ၁ လီတာ
အိုးမစိမ်မှီ ထည့်ရမဲ့ပစ္စည်းများ……….
– ဆား 2 ဇွန်း
– သံပုရာသီး ၂-၃ လုံး (ဂျင်းပန်းရောင်သန်းဖို့အတွက်ပါ)
– ဂျင်းကို စိမ်ဖို့ ရေသန့်
လုပ်နည်း……..
ရှာလဂါရည်၊ ဆား၊ သကြားတို့ကို အိုးထဲထည့်ပြီး တည်ထားပါ။
ဂျင်းကိုပါးပါးလှီးပြီး ဆား ၁ ဇွန်းထည့်ကာ ၁ နာရီလောက်စိမ်ထားပါ။ တည်ထားတဲ့ရေ ဆူလာလျှင် မီးပိတ်ပြီး ရေအအေးခံထားပါ။ ပြီးရင် သံပုရာသီး ၂-၃ လုံးကို ပန်းရောင်လေး ဖြစ်အောင် ညှစ်ထည့်ပါ။ (စားလို့လဲကောင်းပါတယ်)။
ပြီးရင် စိမ်ဖို့ ဗူးထဲထည့် အဖုံးလံအောင်ပိတ်ပြီး ၂ ရက်လောက်စိမ်ထားပါ။ နှစ်ရက်လာက်စိမ်ပြီးရင် စားလို့ရပါပြီး။
ရေခဲသေတ္တာထဲ ထည့်သိမ်းထားရင် ၆ လ အထိ သိမ်းထားနိုင်ပါ တယ်။
#credit