Home COOKING ဆန်ပြုတ်

ဆန်ပြုတ်

24

ဆန်ပြုတ် ပြုတ်ရန်လိုအပ်တဲ့ ပစ္စည်းများကတော့-

  • ဆန်၊ ကောက်ညှင်းဆန်
  • ကြက်သွန်ဖြူဆီချက်
  • ကြက်သွန်မြိတ်
  • ငရုတ်ကောင်း
  • ဝက်ရိုးပြုတ်ရေ

ကြက်သားသို့မဟုတ်/ဝက်သား
-ဝက်သားနုတ်နတ်စင်ထား ဝက်သားကို ပဲငပြာရည်၊ ချိုမှုန့်၊ သကြားအနဲငယ် ထည့်ပါ။ နယ်ထားပီး 1 နာရီလောက် ရေခဲသတ္တာထည်ထားပါ။

***ဝက်ရိုးပြုတ်ရန်***

1) ဝက်ရိုးသန့်စင်ရေဆေထားပါ။ ပြုတ်ရန် အိုးထဲရေထည့် ရေဆူလာလျှင် ဝက်ရိုးထည့်။ နံနံမြစ်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ထန်လျက်၊ ပဲငံပြာရည်၊ အချိုမှုန့်ထည်ပါ။ အနံ့မညီုအောင် အမြုပ်တွေထွက်လာပါက ခပ်ပစ်ပေးပါ။ မီးအေးအေးနဲပြုတ်ပေးပါ။ မုန်လဥလဲထည့်ရပါတယ်။ ရိုးပြုတ်ရေချိုလဲ ထည့်လို့ရပါတယ်

2) ဆန်ပြုတ်ကို စီးစီးလေး ပြုတ်ဖို့ဆိုရင် ကောက်ညှင်းဆန်နဲ့ ရောပြုတ်ရပါတယ်။ ပထမဆုံး ဆန် ၂ ခွက်, ကောက်ညှင်းအနဲငယ်ထည့်။ ရေဆေး ပြီးရင် ပြုတ်ထားသော ဝက်ရိုးပြုတ်ရေ ကို ယူပီး ဆေးထားတဲဆန်ကိုထည့်ပါ။ ရောပြီးပြုတ်လို့လဲရပါတယ်။ လိုအပ်တဲ့ဆား၊ ပဲငံပြာရည် ထည့်ပြီး မီးအေးအေးနဲ့ ပြုတ်ပါ။

3) ဆန်များနူးပြီး အစိကြေရင် ကိုယ်လိုတဲ့ အနေအထားရောက်အောင် ပြုတ်ရပါတယ်။ နုတ်နုတ်စင်ပီးရသာနယ်ထားတဲ့ ဝက်သားကို ဝက်သားအလုံးလုံးလေဖြစ်အောင် လုံးထည့်ပါတယ်။ ကျွန်မတို့ကတော့ များသောအားဖြင့် မီးအေးအေးနဲ့ တနာရီခွဲ လောက်ကြာအောင် ပြုတ်လေ့ရှိပါတယ်။

ချက်ရတာလွယ်ကူပြီး ဝက်သာရသာအချိုနဲ့ ဆိမ့်ပြီး စားလို့အရသာရှိတဲ့ ဆန်ပြုတ်အစီးတခွက်ပါရှင်။ ကြက်သွန်ဖြူဆီချက်၊ ငရုတ်ကောင်း၊ ကြက်သွန်မြိတ်၊ ငရုတ်သီးကျက်မှုန့်၊ ရှာလကာရည် ခပ်ပြီး စားတော့ အရသာကောင်းကြောင်း အထူးပြောဖို့ မလိုတော့ဘူးပေါ့နော်။ ဆန်ပြုတ်တခွက်စာအကောင်းရပို့အတွက် အရိုးပြုတ်ရည်ကောင်း ပိုလိုပါတယ်။ ကြက်သွေး/ဝက်သွေးကြိုက်ရင်ထည့်နိုင်ပါတယ်။