Home COOKING ခရမ်းသီး ငါးခြောက် ရခိုင်ချက်

ခရမ်းသီး ငါးခြောက် ရခိုင်ချက်

13
ချက်နည်း
  • ငါးကွန်းရှပ်ခြောက်လေးကို သေချာရေဆေးပြီး အနေတော်အတုံးလေးတွေ တုံးပေးထားပြီး ရေစိမ်ထားပါ။
  • ခရမ်းသီးသေးသေးလေးကို အစိပ်လေးတွေ စိပ်ပေးပြီး ချက်မယ့်အိုးထဲ ထည့်ပေးပါ။ ငါးကွန်းရှပ်ခြောက်ကို ထည့်ပေးပါ။ ပြီးရင်တော့ ငရုတ်သီးစိမ်းနည်းနည်း (မိမိကြိုက်သလောက်) ညှပ်ထည့်ပေးပါ။ စိမ်းစားငပိ အနည်းငယ်ထည့်ပေးပါ။ ဆားနဲ့ ၊ ဟင်းခပ်မှုန့် (အချိုမှုန့်) အနည်းငယ်ထည့်ပေးပါ ။ ဆီနည်းနည်းထည့်ပါ (ဆီမထည့်ဘဲလည်း ချက်တတ်ကြပါတယ်)။ ရေကို လိုသလောက်လေး ချိန်ဆထည့်ပေးပါ။

  • ပြီးရင်တော့ အဖုံးလေးဖုံးပြီး မီးဖိုပေါ်တင်ချက်ပေးရုံပါပဲ။ ဟင်းအိုးဆူပြီး အရည်လေးခမ်းလာပြီဆိုရင် အပေါ့ ၊ အငံမြည်းပေးပါ။ မိမိကြိုက်နှစ်သက်သလို အရသာလေးရပြီဆိုရင်တော့ နံနံပင်လေးအုပ်ပေးပြီး အဖုံးလေးဖုံးထားပေးပါ။ ခဏလေးကြာရင်တော့ နံနံပင်နံ့ စိမ်းစားငပိနံ့လေးနဲ့ ခရမ်းသီးရဲ့ အချိုအရသာ ၊ ငါးကွန်းရှပ်ရဲ့ အချိုအရသာတွေနဲ့ လယ်ချက် စပ်စပ်လေးဟင်းတစ်ခွက်ကို ရပါပြီရှင် ။

  • ရခိုင်ရိုးရာဟင်းတွေက ရခိုင်ဒေသထွက် ငပိတွေကို အဓိကသုံး ချက်တတ်ပါတယ်။ ရခိုင်ဒေသဟာ ငါးပေါတဲ့အတွက် ငပိကောင်းကောင်းကို သဘာဝစစ်စစ်ရနိုင်ပါတယ်။ ရခိုင်တွေက ဆီနဲ့ ဟင်းချိုမှုန့်ကို အသုံးနည်းပါတယ်။ ပင်လယ်ပြင်ကို ပိုင်ဆိုင်ထားကြတဲ့ လူတွေပီပီ အရင်တုန်းက ဟင်းချိုမှုန့် နေရာမှာ ပုစွန်နဲ့ ငါးအနှစ်တွေကို အဓိက သုံးတတ်တဲ့ လူမျိုးပါ ။

  • အစားအသောက်ကို ဖွယ်ဖွယ်ရာရာ စေတနာထား ချက်ပြုတ်ခြင်းဟာ အနုပညာတစ်မျိုးပါ

    Credit : Yadana Mo