ပိန္နဲသီး မျှဉ်ပုစွန် ရခိုင်ချက် (လယ်ချက်)
ပိန္နဲသီးကို မြန်မာအများစုက ဝက်သားလေးနဲ့ ဆီပြန်လေးချက်စားတတ်ကြပါတယ်။ ရခိုင်တွေကတော့ လယ်ချက်လေးကို ပိုကြိုက်ကြပါတယ်
ချက်နည်း
ပိန္နဲသီးကို အနေတော်တုံးလေးတွေ တုံးပြီး သေချာ ရေဆေးပါ။ ပြီးရင် အိုးကင်းတစ်ခုထဲထည့်ပြီး ငရုတ်သီးစိမ်း ၂ တောင့်လောက် ပါးပါးညှပ်ထည့်ပေးပါ။ မျှင်ပုစွန် (ပုစွန်ဆိတ်) လေးတွေ ထည့်ပါ။ ဆီအနည်းငယ်ထည့်ပါ (ဆီ ပါရုံ တစ်စက် နှစ်စက်လေး ထည့်ပေးပါ)။ စိမ်းစားငပိ (သို့) မျှင်ငပိ အနည်းငယ်ထည့်ပါ။ ဆားအနည်းငယ်ထည့်ပါ။ အိုးဖုံးလေး ဖုံးပြီး ချက်ထားပါ။ ဟင်းဆူပွက်လာပြီဆို စားချင်စဖွယ် အနံ့လေးထွက်လာပါလိမ့်မယ်။ ပြီး ဆူးပုပ်လေး ထည့်ပြီးအိုးဖုံးလေးပြန်ဖုံးပြီး အရည်လေးခမ်းအောင် ထားပေးလိုက်ပါတယ်။ ကက်ကတစ် ငါးအသားကိုပါ ထည့်ထားတဲ့အတွက် ပိုချိုပါတယ်။ တချို့ကတော့ မကျည်းနှစ်လေး ထည့်စားတတ်ပါတယ်။ တကယ် အနံ့အရသာစားချင်စဖွယ် ဟင်းကောင်းလေး တစ်မျိုးပါ။
Credit : Yadana Moe