လိုအပ်သော ပစ္စည်းများ
***************************
ပြောင်းဖူး တစ်ဖူး(အဝါ)၊ ဘိုစားပဲသီး၊ ရွှေပဲသီး၊ ပန်းဂေါ်ဖီ၊ မုံလာဥနီ တစ်လုံး၊ ဂျပန်ပြောင်းဖူး တစ်ထုပ်၊ ကြက်သား ၁၅ကျပ်သား(ပြုတ်ပြီးအသေးတုံးထားရန်)၊ တရုတ်မဆလာ၊ ငရုတ်သီး အစိမ်းမှုန့် စတီဇွန်း တစ်ဇွန်း၊ အသားမှုန့်အနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်၊ ခရုဆီ စတီးဇွန်း တစ်ဇွန်း၊ သကြားစတီးဇွန်း တစ်ဇွန်း၊ ပဲငံပြာရည် စတီးဇွန်းတစ်ဇွန်း၊ ကြက်ဥ နှစ်လုံး၊ ထမင်း တည်ထားပြီးသား နှစ်လုံး၊ ဆီ ၇ ကျပ်ခွဲသားခန့်
ကြော်နည်းလေးကတော့-
ပထမဆုံး ထမင်းတည်ထားပြီးသားထဲသို့ အသားမှုန့်အနည်းငယ် ပဲငံပြာရည် အနည်းငယ်ထည့်၍ နယ်ထားပါ။
အိုးပူလျှင် ဆီထည့်ပါ၊ ကြက်ဥကို မွှေထည့်ပါ၊ ပြုတ်ထားသော ကြက်သားအတုံးလေးများထည့်ပါ၊ ငရုတ်သီးအစိမ်းမှုန့် ထည့်ပါ၊ ငရုတ်သီးအစိမ်းအနံ့ပျောက်စေရန် ၅မိနစ်လောက်မွှေပေးပါ၊ အသီးအရွက် အစုံလှီးထားပြီးရေစစ်ထားပါ။ ငရုတ်သီးအစိမ်းနံ့ပျောက်လျှင် အသီးအရွက်များကိုထည့်ပါ
အသားမှုန့်ထည့်ပါ တရုတ်မဆလာထည့်ပါ၊ သကြားနည်းနည်းထည့်ပါ။ ခရုဆီထည့်ပါ။ ၁၀မိနစ်လောက်ကြော်ပေးပါ။ အသီးအရွက်များနွမ်းသည်အထိကြော်ပေးပါ(မိမိစိတ်ကြိုက်အနေအထား ရသည်အထိကြော်ပါ)။ ငရုတ်ကောင်းအမှုန့်ထည့်ပါ။ နယ်ထားသောထမင်းများကိုထည့်ကြော်ပေးပါ ၅မိနစ်လောက်မွှေပေးပါ။