ပါဝင်သောပစ္စည်းများ

  • သာကူစေ့ – ၁ ခွက် (သို့) ၁၅၀ ဂရမ်
  • ရေ – ၅ ခွက် (သို့) ၁၂၀၀ မီလီလီတာ ml ( ကျဲကျဲလေးသောက်ချင်ရင် ရေ ၆ ခွက် (သို့) ၁၅၀၀ ml ထည့်ပါ။)
  • ထန်းလျက် – ၁၅ ကျပ်သား (သို့) ၂၀ သား (အချိုကြိုက်လျှင် ၂၀ သားထည့်ပါ။)
  • ဆား – လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ကန်စွန်းဥ – အကြီး ၃ လုံး
  • အုန်းသီးဖတ်
  • အုန်းနို့- ၂၀၀ မီလီလီတာ ml
    (၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ခွက်)
    (ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml )
    (လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)
ပြုလုပ်နည်း

  • ကန်စွန်းဥကို နူးအိနေအောင်ပြုတ်ပြီးအတုံးလေးတွေတုံးထားပါ။ အုန်းနို့ကိုပွက်အောင်တည်ပြီးအအေးခံထားပါ။ သာကူကိုရေဆေးပြီးရေစစ်ထားပါ။
  • ရေ ၅ ခွက်၊ဆားနှင့် ထန်းလျက်တို့ကိုအိုးကြီးကြီးတခုထဲထည့်ပြီး ထန်းလျက်များအရည်ပျော်လာသည်အထိတည်ပါ။ ထန်းလျက်အရည်ပျော်သွားလျှင် ရေစစ်ဖြင့် အမှိုက်များစစ်ပါ။
  • ထို့နောက်စစ်ထားသော ထန်းလျက်ရည်ကို မီးဖိုပေါ်မှာပွက်လာအောင်တည်ပါ။ ပွက်လာလျှင် သာကူစေ့များကိုထည့်ရ်ျ အဆက်မပျက်မွှေပါ။ သာကူစေ့ရဲ့အဖြူအစံများပျောက်လျှင် တုံးထားသော ကန်စွန်းဥများကိုထည့်ရ်ျ မီးဖိုပေါ်မှချပါ။
  • ကန်စွန်းဥသာကူကျိုကိုစားခါနီးလျှင် အုန်းနို့ဆမ်း၊ အုန်းသီးဖြူး၍ သုံးဆောင်နိုင်ပါပြီရှင်။