Home HEALTH အပူငြိမ်းဖို့အတွက် ရေချိုးနည်းနှင့်ခေါင်းလျှော်နည်း

အပူငြိမ်းဖို့အတွက် ရေချိုးနည်းနှင့်ခေါင်းလျှော်နည်း

122

“#အပူငြိမ်းဖို့အတွက် #ရေချိုးနည်းနှင့်ခေါင်းလျှော်နည်း”

#အပူငြိမ်းဖို့အတွက် ဘာလုပ်ရမလဲဆိုတာ ဆရာကြီးက ပြောချင်တယ်။ ရေကို စနစ်တကျ သုံးပါလို့ ပြောချင်တယ်။ ရေဟာ ဘာကို ငြိမ်းစေသလဲ။ အပူကို ငြိမ်းစေတာပါ။ ရေကို အထင်မသေးလိုက်ပါနဲ့လို့ ပြောချင်ပါတယ်။

#ရှေးအခါက ပြောခဲ့တဲ့ စကားလုံးတစ်လုံးကို ဆရာကြီးက အခုဒီမေးခွန်းတွေ ပြန်ဖြေရင်း ပြန်ဖြေရင်းနှင့် တန်ဖိုး ပိုထားတတ်လာတယ်။ ဒီစကားလေးနော်။ ဟယ် .. ရေတိမ်မှာ နစ်တာပဲလို့ ပြောတယ်နော်။ ရေတိမ်မှာ နစ်တယ်ဆိုတာ တကယ်တမ်းတော့ တင်စားပြီးပြောတာ။ ရေတိမ်မှာ နစ်တယ်ဆိုတော့ ဘယ်သေနိုင်ပါ့မလဲ။ ဥပမာ – ခြောက်လက်မလောက်ရှိတဲ့ လေးလက်မလောက်ရှိတဲ့ ရေတိမ်လေးထဲ နစ်လို့တော့ မသေနိုင်ပါဘူး။

#ပြောချင်တဲ့အနှစ်သာရက ကိုယ့်အိမ်ထဲမှာ ရှိတဲ့ရေကို စနစ်တကျ မသုံးစွဲတတ်တာ။ စနစ်တကျ မသောက်တတ်တာ။ စနစ်တကျ မချိုးတတ်တာ။ ဒါကြောင့် အလကား
ရတဲ့ရေကို တန်ဖိုးနည်းတယ်ဆိုပြီး တန်ဖိုးလျှော့မတွက်ပါနှင့်။ တန်ဖိုးကို ချမတွက်ပါနှင့်။ အသုံးတည့်အောင် သုံးပေးပါလို့ ပြောချင်ပါတယ်။

#ဘယ်လို သုံးရမယ်လဲဆိုတာလေး ပြောချင်တယ်နော်။ ဒါလေးက ် … “မသိရင် ကျယ်ပါတယ်။ သိရင် လွယ်ပါတယ်။ မသိသူက ကျော်သွားတာ၊ သိသူက ဖော်စားတာပေါ့။” ဒါလေးတော့ ညွှန်းပြောချင်တယ်နော်။ “ရေမှ တစ်ပါး ဆေးမရှိ” လို့ ။ အဲဒီရေကို ဘယ်လို သုံးရမှာလည်းလို့မေးရင် ရေချိုးနည်းလေး ပြောပြပါမယ်။

#ရေချိုးနည်း
————

ရေမချိုးခင် ရေကို ပါးစပ်ထဲမှာ ငုံမယ်။ ပြန်ထွေး ထုတ်မယ်။ ဘာတွေ ပါသွားမယ်ထင်လဲ။ အပူတွေပါသွားမယ်။ ပြီးရင် လက်ခုပ်ထဲမှာ ရေလေး ထည့်မယ်။ မျက်လုံးလေးကို အဲဒီလက်ခုပ်ထဲမှာ ကျင်းပေးမယ်။ မှိတ်လိုက် ဖွင့်လိုက်ပေါ့။ မျက်လုံးထဲက အပူတွေ ပါသွားမယ်။ အပူတွေရော၊ အညစ်အကြေး ဖုန်တွေရော ပါသွားမှာပေါ့နော်။

ဒါတွေပြီးလို့ ခန္ဓာကိုယ်ကို ရေလောင်းတော့မယ်ဆိုလည်း အရမ်းမလောင်းလိုက်ပါနဲ့။ စနစ်တကျ ဘယ်ခြေထောက်ကို ရေအရင်လောင်းကြည့်ပါ။ ပြီးရင် ညာဘက်လက်ကို လောင်းပါ။ ဘယ်ခြေညာလက် လောင်းတာကလည်းပဲ နောင်အခွင့်သာရင် အကျယ်ပြောမယ်နော်။ လောင်းတာချင်းအတူတူ အဲသလို လောင်းကြည့်ရင် အပူ သိသိသာသာ လျော့စေပါတယ်။

ဥပမာ- အပူချိန် ( ၁၀၃ – ၁၀၄ ) လောက်ဖြစ်လို့ တက်တော့မယ့်ကလေးလည်း ဘာမှ မလုပ်နှင့်။ သနပ်ခါးရေကျဲကျဲလေးကိုသာ ဘယ်ခြေ၊ ညာလက် နှစ်ကျော့လောက် လိမ်းကြည့်လိုက်။ အလိုလို အပူချိန်က ငြိမ်ပြီး ကျလာမယ်။ သွေးသိပ်တိုးနေတဲ့သူ ဘာဆေးမှ မသောက်နဲ့။ ဘယ်ခြေ၊ ညာလက်ကို ရေလေးလောင်းပြီးတော့ သနပ်ခါးသာ လိမ်းကြည့်လိုက်။ ပြန်ပြီး တိုင်းကြည့်လိုက်ပါ။

အခုက ဘာအကြောင်းပြောနေလဲဆို ရေအသုံးအကြောင်း ပြောနေတာနော်။ သူ့ရဲ့ အပူတွေငြိမ်းဖို့အတွက်ပါ။ ပြီးတော့မှ ဖြည်းဖြည်းလေးချင်း လက်ဖျား၊ တံတောင်ဆစ်၊ လက်မောင်း၊ ခြေအစွန်၊ တံတောင်ဆစ် အဲသလို အေးအေးဆေးဆေးနဲ့ ရေလောင်းပြီး ချိုးပေးလို့ရှိရင် ဒေါ်ထွေးကြည်ရဲ့ ကျန်းမာရေးဟာ ရေမှ တစ်ပါး ဆေးမရှိပါဘူးလို့ အဲဒီအပူကို လျော့ချင်ပါတယ်ဆိုရင် မေးခွန်းတစ်ခု လှမ်းမေးကြည့်ချင်တယ်။ ငယ်ငယ်က ငရုတ်သီးထောင်းလို့ မျက်စိထဲ ဝင်သွားရင် အမေ (သို့ ) အဒေါ်ရေ . . . သား/သမီး တော့ မျက်စိထဲ ငရုတ်သီးဝင်သွားပြီဆိုရင် အမေတို့၊ အဒေါ်တို့ ဘယ်ကို ရေလောင်းခိုင်းလဲ။ ခြေမကို ရေလောင်းခိုင်းတယ်။ သိပ်ကို အဓိပ္ပာယ်ရှိတယ်။ အပူရဲ့သဘာဝက လျှောက်သွားတယ်၊ စီးသွားတယ်၊ ဟတ်သွားတယ်။ ကိုယ့်မှာ အရိုးတွေ ရှိတယ်။ သွေးတွေ အသားတွေ ရှိတယ်။ အရိုးတွေထဲ အပူလျှောက်လာမယ်။ သွေးတွေ သားတွေထဲ အပူစီးလာမယ်။ ဒါကြောင့်မို့ ခြေထောက်ကို ရေလောင်းလိုက်ရင် အပေါ်ကပူတာ သက်သာမယ်။ ဒါအပူတွေ အောက်ကို ဆင်းတာ။ မေးခွန်းလေးက မခံမရပ်နိုင်အောင် ပူနေတာဆိုတော့ အဲဒီအပူတွေ အောက်ကို တစ်ချက်လှည့်ပေးရမှာပေါ့နော်။

#ခေါင်းလျှော်နည်း
—————-

ရေချိုးတာနှင့် ခေါင်းလျှော်တာအပေါ်မှာ တစ်ခုသတိထားရပါမယ်။ ခေါင်းလျှော်ပြီးမှ ဘယ်တော့မှ ရေမချိုးပါနှင့်။ ရေချိုးပြီးမှ ခေါင်းလျှော်ပါ။ နောက်တစ်ခုက ရေချိုးခါနီးလေးမှာ ခြေဖဝါးကို ဆားပွတ်ပြီးမှ ရေချိုးပါလို့ ပြောချင်ပါတယ်။ ဆားက ဘာလဲဆို အပူစုပ်တယ်။
အဲဒီဥပမာကို ယူသောအားဖြင့် ဆားနဲ့ ခြေဖဝါးကို ပွတ်ရင် အပူ ဘယ်ကိုလာစုလဲ။ အောက်ဘက်ခြေဖဝါးကို လာစုတာပေါ့။ အခိုးတွေ အောက်ကို လှည့်သွားတာပေါ့။
ရေကို တစ်နေ့ကို သာမန်ဖန်ခွက် ( ၅ ) ခွက်ကနေ ( ၇ )ခွက်လောက်ထိ သောက်မယ်။ ရေကို စနစ်တကျ ချိုးမယ်။ ရေကို ငုံမယ်ဆိုရင် အပူအကြောင်းခံပြီးဖြစ်နေတဲ့ရောဂါတွေ ပျောက်မှာပါလို့ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
#credit