Home LITERATURE ဟိန္ဒူဘာသာ

ဟိန္ဒူဘာသာ

106

ဟိန္ဒူဘာသာသည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး၊ သမိုင်းအရှည်ကြာဆုံးသော ဘာသာ တရားဖြစ် သည်။ သူ၏ကျမ်းစာများသည် ဘီစီ ၃၀ဝ၀ ဝန်းကျင်ကပင် လူတို့၏ ကိုး ကွယ်မှုကဏ္ဍတွင် နေရာယူခဲ့ပြီး ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ အကြီးဆုံးဘာသာ တရား လည်းဖြစ်သည်။ ဟိန္ဒူဘာ သာဝင်သူများသည် ကိုယ့်ဘာသာကို သနာတနာဓမ္မ (သင်္သ ကရိုက် – सनातन धर्म၊ ထာရဝဘာသာတရား) ခေါ်သည်။

• တည်ထောင်သူ – ရှီဝ
• စတင်ပေါ်ပေါက်ရာဌာန – အိန္ဒိယပြည်
• ဘာသာရေး၏အထွတ်အထိပ်ပုဂ္ဂိုလ် –
ဗြဟ္မာ၊ ဗိဿနိုး၊ သိ၀ (ရှီဝ)
• ပဓာန ကျမ်းဂန် – ဝေဒကျမ်းများ၊ ဥပနိ
သျှဒ်ကျမ်းများ၊ ရာမာယန၊ မဟာဘာရတ၊
ဘဂ၀ဒ္ဂီတ ဟိန္ဒူဘာသာ၀င်တို့ အထွဋ်
အမြတ်ကိုးကွယ်ရာ ဂျနတ်စ် ရုပ်တု။

********************************************

ဟိန္ဒူတို့၏ အခြေခံ ယုံကြည်ချက်များ
………………………………………………………..
ကမ္ဘာလောကနှင့် သတ္တဝါများကို ဗြဟ္မာက ဖန်ဆင်းသည်။ ဗိဿနိုးက ကာကွယ်စောင့် ရှောက်သည်။ သိ၀ ( ရှီ၀ )ကဖျက်ဆီးသည်။ ဗြဟ္မကြီး၏ ကြင်ယာတော်က သူရဿတီ၊ ဗိဿ နိုး၏ ကြင်ယာတော်က လက္ချမီး၊ သိီ ၀၏ ကြင်ယာတော်က ပဗ္ဗတီ အသီးသီးတို့ဖြစ်ကြသည်။

ဗြဟ္မာ ဆိုသည်မှာ ပရမအတ္တပင်။ ပရမအ တ္တသည် ကမ္ဘာလောကနှင့် သတ္တဝါများကို ဖန်ဆင်းသည်။ ထိုကြောင့် အတ္တသည် အရာတိုင်းတွင် ပျံ့နှံ့လျက် တည်ရှိသည်။ လော ကသည် အတ္တ၊ လောကသည် ဗြဟ္မာ၊ သတ္တ ဝါသည် အတ္တ၊ သတ္တဝါသည် ဗြဟ္မာ၊ သင်သည် အတ္တဖြစ်၏၊ သင်သည် ဗြဟ္မာဖြစ်၏။ ဖန်ဆင်းရှင် အတ္တကို ပရမအတ္တ၊ သတ္တဝါတို့ သန္တာန်၌ တည်သော အတ္တကို ဇီ၀အတ္တဟု ခွဲခြားရ၏။

( မြန်မာလူမျိုးတို့က အသက်၊၀ိညာဉ်ဟု ခေါ်သော အရာကို ဟိန္ဒူက ဇီ၀အတ္တဟု ခေါ်ခြင်းပင်။) အတ္တသည် အမြတ်ဆုံး ဖြစ်၏။ မပျက်မစီးအမြဲတည်၏။သတ္တဝါသေသော် လည်း အတ္တက မပျက်စီးဘဲ သေသောသတ္တ ဝါ၏ ခန္ဓာကိုယ်မှ ထွက်ခွာ၍ နောက်ခန္ဓာ ကိုယ် တခုထဲသို့ ကူး ပြောင်း တည်နေကာ နောက်တဘ၀ စခန်းသွား၏။ ဤနည်းဖြင့် တစ်ဘ၀ပြီး တစ်ဘ၀ ကူးပြောင်းကာ အတ္တသည် သံသရာ လည်နေ၏။

ယင်းသို့ သံသရာလည်နေခြင်းမှာ အတ္တကို လောဘ စသော ကိလေသာ အညစ်အကြေးတွေ ကပ်ငြိနေ၍ ကုသိုလ်ကံ အကုသိုလ်ကံတွေကို ပြုနေသောကြောင့် ဖြစ်၏။ ထိုကုသိုလ်ကံ အကု သိုလ်ကံတို့၏ အကျိုးကိုနောက်ဘ၀၌ အတ္တကပင် ခံစား၏။ အတ္တမှ ကိလေသာ အညစ်အကြေး တွေ စင်ကြယ်သွားစေရန် ဂင်္ဂါမြစ် အတွင်း၌ ရေချိုးရ၏။

ဂင်္ဂါမြစ်သည် ဟိမ၀န္တာကေလာသ တောင် ထိပ်တွင် တရားထိုင်နေသာ သိ၀နတ်မင်းကြီး၏ ဆံထုံးမှစ၍စီးဆင်းလာသော ကြောင့် မြတ်သောမြစ် ဖြစ်၏။ ထိုကြောင့် ဂင်္ဂါမြစ် ၌ ရေချိုးလျှင် ကိလေသာ စင် ကြယ်၏။ ယောဂ ကျင့်သည့် သမထအလုပ်ကို အားထုတ်ခြင်းဖြင့်လည်း ကိလေသာစင် ကြယ်စေ၏။ ယောဂ အကျင့်၏ စွမ်းအားဖြင့် အတ္တမှကိလေသာတွေ စင်ကြယ်သွားသော အခါ အတ္တသည် ဖြူစင်တောက်ပြောင်လာပြီးလျှင် ကုသိုလ်ကံ အကုသိုလ်ကံတွေကို မပြုတော့သဖြင့် သံသရာမှ လွတ် မြောက်၍ ပရမအတ္တနှင့် ပြန်လည်ပေါင်းဆုံမိကာ မောက္ခ (နိဗ္ဗာန်) ကို ရသွား၏။

ကွဲပြားလာသော တေ့လွဲ လေးများ
~~~~~~~~~~~~~~~~~~~~~
ဝေဒကျမ်းများ၌ အခြေခံခဲ့သော ဟိန္ဒူ = ဗြဟ္မဏ ဘာသာသည် နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့ရသဖြင့်ယ ခုခေတ် ဟိန္ဒူတို့ ယုံကြည်ကိုးကွယ်သော ဟိ န္ဒူဘာသာသည် ဝေဒခေတ် ဘာသာတရားနှင့် အတော်ကြီး ခြားနားနေပြီ ဖြစ်၏။

ဝေဒခေတ်၌ ဣန္ဒြ၊ အဂ္ဂနိ၊ ၀ရုဏ စသော နတ်တို့အား ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်းကို အလေးပေးထားသော်လည်း ဥပနိသျှဒ် စသော နောက်ပေါ် ဘာသာရေးကျမ်းများက ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်းသည် အရေးမကြီး။ ဗြဟ္မာ = အတ္တကို မြင်အောင် ကြည့်နိုင်ဖို့သာ အရေးကြီးကြောင်း၊ ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်း၊ ယဇ်သီ ချင်း ဆိုခြင်းဖြင့် မွန်မြတ်လှသော အတ္တကို မတွေ့နိုင် မမြင်နိုင်ကြောင်း ဖော်ပြကြ၏။

ဘဂ၀ဒ္ဂီတ
~~~~~~~~
မဟာဘာရတ၏ အစိတ်အပိုင်း ဖြစ်သော ဘဂ၀ဒ်ဂီတကျမ်း၌လည်း အတ္တ၏ သဘော သဘာ၀ကို ပို၍ပေါ်လွင်အောင် နည်းအမျိုးမျိုးဖြင့် ရှင်းလင်းဖွင့်ဆိုထား၏။အမွှန်းတင် ထား၏။ထိုကြောင့် ဘဂ၀ဒ်ဂီတကဗျာကျမ်းသည် ယခုခေတ် ဟိန္ဒူဘာသာ၀င်တို့ အရို သေဆုံး အမြတ်နိုးဆုံး ဦးထိပ်ထက် ပန်ဆင်ထားသော ကျမ်းဖြစ်၏။ဒီလို နေရာမျိုးတွေလဲ Ganesh ရောက်တာပါပဲ။

တစ်ဆူတည်းမှ ကိုယ်ပွါးသုံးဆူ
~~~~~~~~~~~~~~~~~~~
ဝေဒကျမ်းများ၌ ဗိဿနိုး၊ သိ၀၊ ဗြဟ္မာ တို့ သည် အလွန်ကြီး အရေးမပါကြ။ တလုံးတ စည်းထဲလည်း မဟုတ်ကြပေ။ ခရစ်ပေါ်ပြီးနောက် နှစ်ပေါင်း ( ၄၀၀ )ခန့်၌ ပေါ်ထွန်းလာသော ဂုတ္တမင်းဆက်မှစ၍ ဗိဿနိုး၊ သိ၀၊ ဗြ ဟ္မာ တို့ကို တလုံးတစည်းတည်း ပေါင်းစည်း ကိုးကွယ်လာရုံမျှမက တဆူတည်းသောတန် ခိုးရှင် ဘုရားကြီး၏ ကိုယ်ပွါးသုံးဆူ ဟုပင် ယုံကြည်လာကြ၏။

လက်ဦးတွင် ဖန်ဆင်းရှင် ဗြဟ္မာကို ပို၍ အ လေးအမြတ်ထားရာမှ ခေတ်အဆက်ဆက် ဖြတ်သန်းလာရာက တဖြည်းဖြည်းဗြဟ္မာ၏ အခန်းကဏ္ဍ မှေးမှိန်လာကာ ဗိဿနိုးကို အ မြတ်ဆုံး ကိုးကွယ်လာကြ၏။ ရာမာယနကျမ်း ပေါ်လာပြီး နောက်၌မူ ဗိဿနိုးသည် လူ့လောက အတွင်းသို့ ဘုရား၀င်စား အဖြစ် အသွင်အမျိုးမျိုးဖြင့် ၀င်ကာ လောက အ ကျိုးကို ဆောင်လာသည်အထိ ယုံကြည်ကြ ၏။

ဘုရားလူ၀င်စား အ၀တာရများ
~~~~~~~~~~~~~~~~~~
ဗိဿနိုး နတ်ဘုရား ၀င်စားသော ဘုရားလူ၀င်စား = အ၀တာရ ၉ ဦးရှိ၏။ တစ်ဦးမှာ ရာမ ဖြစ်၏။ ဂေါတမဗုဒ္ဓ ကိုလည်း န၀မ အ ၀တာရ ဟု ဟိန္ဒူတို့က ယူဆကြ၏။ ရံဖန်ရံ ခါ ဗိဿနိုး ဘုရားသည် ငါးအဖြစ်၊ ၀က်အ ဖြစ်၊ လိပ်အဖြစ်၊ မနုသီဟ = လူခြင်္သေ့အ ဖြစ်ဖြင့် ၀င်စားကာ လောကကိုကယ်တင်၏ ။အထက်က ပုံလို ဖြစ်သလိုလဲ ကြွတော်မူတယ်

မဟာဘာရတကျမ်းတွင် ကရစ်ရှနား အဖြစ် ၀င်စားပြီးလျှင် အဇ္ဇုနနှင့်ယုဓိဌိလ တို့၏ စစ်ပွဲ၌ သွေးရင်းသားရင်းချင်း သတ်ဖြတ်ရမည် ဖြစ်၍ စစ်မတိုက်ချင်သော အဇ္ဇုနကို ဗိဿနိုး၀င်စားသော ကရစ်ရှနား ဘုရားက စစ်ရထားမောင်းပေးရင်း အတ္တအခြေခံကာ စစ်တရားဟောခဲ့၏။ ထိုတရား ဒေသနာတော်သည်ပင် ဘဂ၀ဒ်ဂီတ ပိဋကတ်တော် အဖြစ်ဖြင့် ဟိန္ဒူဘာသာ၀င်တို့၏ ဦးထိပ်ထက်သို့ ရောက်လာခြင်းဖြစ်၏။

မပြောင်းလဲသေးသော ဇာတ်နိမ့် ဇာတ်မြင့် အယူများ
~~~~~~~~~~~~~~~~~~~~~~~~~~~~
အစောဆုံး ဝေဒခေတ်မှ အခြေခံခဲ့သော ဘာသာရေး အယူအဆ အများအပြားပြောင်းလဲခဲ့သော်လည်း ထိုခေတ်မှစ၍ ယ နေ့ထိ မပြောင်းလဲသေးသော အယူအဆ တစ်ခုကား ရှိပါသေးသည်။ ယင်းမှာ ဇာတ်ဝါဒပင်ဖြစ်၏။ ဤ အမျိုးဇာတ် အနိမ့်အ မြင့် ခွဲခြားသည့် ဝါဒသည် ဗြဟ္မဏ = ဟိန္ဒူဘာသာမှတပါး တခြားမည်သည့် ဘာသာ တရားမှာမျှ မရှိပေ။ ဤဇာတ် ခွဲခြားရေးဝါဒမှာ ဟိန္ဒူဘာသာ၏ ထူးခြားသော လက္ခဏာတစ်ရပ် ဖြစ်ပေသည်။

ဝေဒကျမ်းများ၌ လူကို ဗြဟ္မဏ၊ ခတ္တိ ယ၊ ဝေဿ၊ သုဒ္ဒ ဟု အမျိုးဇာတ် လေးပါး ခွဲခြားထား၏။ ဗြဟ္မဏ = ပုဏ္ဏားမျိုးသည် ဗြဟ္မာ၏ ခံတွင်းမှ ဖွား၍ အမြတ်ဆုံး ဖြစ် သည်ဟုဆို၏။ ခတ္တိယ = မင်းမျိုးသည် လက်မောင်းမှ ဖွား၏။ ဝေဿ = ကုန်သည် လယ်လုပ်မျိုးသည် ပေါင်မှ ဖွား၏။ သုဒ္ဒ = အမှိုက်သိမ်းသမား ဖိနပ်ချုပ်သမား စသော လူဆင်းရဲမျိုးသည် ဗြဟ္မာ၏ ခြေဖဝါးမှ ဖွားသောကြောင့် အနိမ့်ဆုံး အယုတ်ဆုံး ဇာတ် ဖြစ်သည်ဟု ဆို၏။
#credit