တင်းတိပ်ကြောင့် စိတ်ညစ်နေသူများအတွက် သဘာဝ တင်းတိပ် ပျောက်နည်း
” တင်းတိပ်ဆိုတာ မျက်နှာ အသား ကို နေပူလောင်တာ၊ မီးပူမိတာက စတာပါ “..” မီးအပူနဲ့ ချက်ရ ၊ ပြုတ်ရတာတွေလည်းပါတာပေါ့”
သုံးရမှာက အိမ်မှာ ငွေလည်းမကုန် ၊ လွယ်လွယ်နဲ့ ရတဲ့ မီးဖိုချောင်ထဲက မြန်မာ့ တိုင်းရင်းဆေး ပစ္စည်း မကျည်းသီးမှည့် ပါဘဲ ။ ကျွန်တော် အဲဒီနည်းကို အမကြီးတွေ
၊ ညီမတွေကို ပေးပြီး စမ်းသပ် ခိုင်းတာ ဆယ်ရက် – ဆယ်ငါးရက်အတွင်း သိသိသာသာ ပျောက်သွား တာတွေကိုမျက်မြင် တွေ့ရလို့ မျှဝေပေးတာပါ ။
ဆေးနည်း
၁ ။မကျည်းသီးမှည့် နည်းနည်းကို ခွက်တစ်ခုထဲမှာရေ နဲနဲထည့်ပြီး ပုံထဲက အတိုင်း မပျစ် မကျဲလေး ဖျော်ထားပါ ။
၂ ။ အဲဒီ မန်ကျည်းမှည့် ဖျော်ရည်ကို မနက်အိပ်ရာထ မျက်နှာသစ်ပြီး မျက်နှာ မှာ လိမ်းထားလိုက်ပါ ။
( စ လိမ်းခါစမှာ စပ်ဖျင်းဖျင်းကလေး
မျက်နှာမှာ ဖြစ်နေပြီး အေးအေးလေးနဲ့ မျက်နှာ တင်းတင်းလေးရှိနေမှာပါ ။ အပြင်သွားခါနီး၊အလုပ်သွားခါနီး မှ အဲဒီမန်ကျည်းမှည့်လိမ်းထားတာကို ရေနဲ့ မျက်နှာသစ်ပြီးဖျက်ပြီး သနပ်ခါး ၊ မိတ်ကပ် လိမ်းချင်ရာ လိမ်းပြီးသွားပေါ့ ။ )
၃ ။ ည အိပ်ရာ ဝင်ခါနီး မျက်နှာသစ်ပြီး အဲဒီ မန်ကျည်းမှည့် ဖျော်ရည်ကို မျက်နှာမှာ ပါးပါးလေး လိမ်းပြီး အိပ်လိုက်ပါ ။အနဲဆုံး တစ်နေ့ နှစ်ကြိမ်လောက် လိမ်းပေးရင်ကို ရပါတယ် ။ ဆယ်ရက် ၊ ဆယ့်ငါးရက်လောက် လိမ်းကြည့်ရင်ကို သိသာလာမှာပါ ။
အန္တရာယ် မရှိတဲ့ မြန်မာ့ တိုင်းရင်းဆေး နည်းနဲ့ သဘာဝအတိုင်း မျက်နှာလေး တင်းပြီး နုချောလာတာကို တွေ့ရမှာပါ
Crd


