Home မုန့်လုပ်နည်း မုန့်ဗိုင်းတောင့်လုပ်နည်း

မုန့်ဗိုင်းတောင့်လုပ်နည်း

2

အရေအတွက် – ၁၅၊ ၂၀ ပွဲ

ပါဝင်ပစ္စည်းများ

ဆန္ – နို့ဆီဘူး ၄ လုံး

ဗိုလ်ကိတ်ပဲ – ဘူးတစ်ဝက်

ဆား – အနည်းငယ်

ပြုလုပ်နည်း

၁။ ဆန် ၄ လုံးကို မုန့်နှစ်ဖြစ်အောင် လုပ်ပါ။ ဆန်ကို ၄ နာရီခန့်ကြာအောင် ရေစိမ်၍ ပွလာလျှင် ကြိတ်ပြီး မုန့်နှစ်အခဲဖြစ်အောင် ရေစစ်ပါ။ ပိတ်စိမ်းပါးထဲ ထည့်ပြီး အပေါ်က အလေးအပင်များဖိပြီးလျှင် ရေစင်အောင် စစ်ထားတဲ့ မုန့်နှစ်ဖြစ်လာတဲ့အထိ စစ်ပါ။ မုန့်နှစ်နို့ဆီဘူး ၄ လုံးကို အလုံး ၄ လုံးရတဲ့အထိ ခွဲလိုက်ပြီး မိနစ်၂၀ ခန့် ပြုတ်ပါ။ မုန့်နှစ်လေးက ၁ စင်တီမီတာလောက် ကျက်သွားပြီဆိုလျှင် ပြုတ်တဲ့ထဲကနေ ဆယ်ယူလိုက်ပါ။ ပူနေတုန်းမှာ နည်းနည်းလေး အပူခံပြီး စေးပိုင်လာတဲ့အထိ ဂျုံနယ်သလို နယ်ပေးရပါမယ်။ စေးပိုင်လာပြီဆိုလျှင် အလုံး ၄ လုံး ပြန်လုံးပေးပါ။

၂။ ဗိုလ်ကိတ်ပဲကို ပြုတ်ပြီး ခြေထားပါ။ မုန့်နှစ်အဖြူ ၂ လုံးကို ဗိုလ်ကိတ်ပဲနဲ့ ပြန်ရောနယ်ပါ။ ရောနယ်ပြီး စေးစေးပိုင်ပိုင် လေးဖြစ်သွားပြီဆိုလျှင် လက်တစ်ဆုပ်စာ အလုံးလေးတွေ လုပ်လုပ်၊ အပြားလေးတွေ လုပ်လုပ် လိုသလောက် ပုံဖော်လိုက်ပါ။ အဲဒီပဲဆုပ်လေးတွေ လုပ်ပြီးလျှင် ပေါင်းအိုးထဲထည့်ပြီး ပေါင်းပါမယ်။ ကျန်တဲ့မုန့်နှစ် ၂ လုံးကိုတော့ ဒီအတိုင်း အလုံးလိုက်ထည့်ပေါင်းပါ။ အလုံးလိုက်မဟုတ်လည်း ၄ လုံး (သို့) ၈ လုံးလောက် ထပ်ခွဲလိုက်တာကြောင့် မုန့်အကျက်လွယ်ပါတယ်။ ပေါင်းအိုးထဲမှာ ရေနွေးငွေ့နဲ့ ၁ နာရီခန့် ပေါင်းပေးပါ။

၃။ ပဲဆုပ်လေးတွေကိုတော့ ကတ်ကြေးလေးနဲ့ ပါးပါးလေးတွေ ညှပ်လို့ရပါတယ်။ လိုသလိုပုံသွင်းလို့လည်း ရပါတယ်။ အဖြူမုန့်လေးကို စပျစ်သီးအရွယ်လောက်လေး ယူ၍ လက်ထဲမှာ ပွတ်လိုက်ပြီး ရှည်ရှည်လေးတွေ ပုံဖော်လိုက်ပါ။ ဒါကိုတော့ လက်ပွတ်မုန့်လို့ ခေါ်ပါတယ်။ နောက်တစ်မျိုးအနေနဲ့ စပျစ်သီးအရွယ်လောက် မုန့်လေးတွေကို သစ်သားဘီး သုံးကာ ပါးပါးလေးတွေ ဖိဖိပြီး ပုံသွင်း၍ နှမ်းထောင်းလေးဖြူး၊ ပဲဆီလေးဖြူး၊ အုန်းသီးလေးဖြူးပြီး သုံးဆောင်နိုင်ပါပြီ။