ပဲပြားသီးကို ဘေးနားက အကြောလေးတွေ ဖယ်ပေးပါတယ်။ ပြီးရင် ရေနွေးဖျောပေးလိုက်ပါတယ်။ ကျက်ပြီဆိုရင်တော့ ရေစင်အောင်ညှစ်ပြီး အနေတော်လေးတွေ ဖြတ်ပေးလိုက်ပါတယ်။ ငရုတ်သီးခြောက်ထောင်းထားတဲ့ အနှစ်ကို ဆီချက်ပါတယ်။ ငပိနည်းနည်းထည့်ပေးပါ။ သက်သတ်လွတ်ဆိုရင်တော့ ပဲငပိကို သုံးပေးလို့ရပါတယ်။ ကြက်သွန်ဖြူ / နီ ဆီချက်ထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။ နှမ်းမည်းလေး လှော်ပေးပါ။ သုပ်မယ့်ပန်းကန်ထဲ ပဲပြားသီးလေးတွေထည့် ၊ ငရုတ်သီးအနှစ် ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ဆီကျက်နည်းနည်း ၊ ပုစွန်ခြောက်မှုန့်နည်းနည်း နဲ့ လှော်ထားတဲ့ နှမ်းမည်းကို ထည့်ပြီး ရောနယ်ပေးပါ ။ အချို အငံ မိမိနှစ်သက်သလို စပ်ပေးပါ။ မကျည်းနှစ်အနည်းငယ်ထည့်ပြီး သုပ်ပေးပါ။ နောက်ဆုံး ကြက်သွန်နီကြော်လေး ဖြူးပေးပါက စားချင့်စဖွယ် အနံ့ အရသာလေးနဲ့ ပဲပြားသီးသုပ်လေးကို ရပါပြီတဲ့ရှင်။
အစားအသောက်ကို ဖွယ်ဖွယ်ရာရာ စေတနာထား ချက်ပြုတ်ခြင်းဟာ အနုပညာတစ်မျိုးပါ။
Credit : အစားအစာကမ္ဘာ